အကြောပြတ် တာကို အိမ်မှာ ပျောက်အောင် လုပ်ကြမယ်။

အကြောပြတ်ရာ က လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါသဘာဝ ပါ။ ဗိုက်၊ ရင်သား၊ ပေါင်ခြံ ၊ တင်ပါး၊ ဂျိုင်း၊ ဒူးခေါင်း စတာတွေမှာ ရှိတတ်တယ်။ ကိုယ်ဝန်ဆောင်တွေမှာ အများဆုံးတွေ့ရတတ်တယ်။ ကုသမှုတွေက အကြောပြတ်တာကို ထင်ရှားမှု မရှိအောင်လုပ်နိုင်ပေမယ့် လုံးဝပျောက်သွားအောင်လုပ်နိုင်ခြင်းမရှိကြသေးပါဘူး။

အိမ်မှာ ကိုယ့်ဟာကိုယ်လုပ်နိုင်တာလေးတွေရှိပါတယ်။

1️⃣ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်မှာ သဘာဝအသားရေ ချောမွေ့စေတဲ့ ဓာတ်နဲ့ အမာရွက် တို့ အကြောပြတ်ရာတို့ပျောက်စေတဲ့ ဓာတ်ပါတယ်။ လိမ်းပြီး နာရီဝက်လောက်ကြာရင် ရေဆေး ပါ။ နေ့စဉ် လိမ်းပေးရပါမယ်။

2️⃣အုန်းဆီ

အုန်းဆီက မှန်မှန် လိမ်းပေးခြင်းကလဲ အကြော ပြတ်ရာ ကိုသက်သာစေပါတယ်။

3️⃣သခွါးသီး ၊ သံပရာသီး

သခွားသီးနဲ့ သံပရာသီးကို အရည်ညှစ်ပါ။ ပြီး အရည် ၂ခု ကိုဆ တူရောပါ။ အကြောပြတ်ရာ ကိုလိမ်းပြီး ၁၀ မိနစ်ထားပါ။ ရေနွေးလေးနဲ့ဆေးကြောပေးပါ။

4️⃣ကြက်ဆူဆီ

ကြက်ဆူဆီ ကိုလဲ လိမ်းပေးလို့ရပါတယ်။ ကြက်ဆူဆီ ကို အကြောပြတ်ရာမှာ သေချာနှိပ်နယ်ပြီး လိမ်းပေးပါါ

5️⃣သံလွင်ဆီ

အားလုံးသိထားတဲ့ အတိုင်းသံလွင်ဆီကလဲ အကြောပြတ်တာကိုသက်သာစေပါတယ်၊ အကြောပြတ်တဲ့နေရာမှာ မှန်မှန်လိမ်းပေးပါ။

6️⃣အာလူး အာလူးကိုအရည်ညှစ်ပြီး လိမ်းပေးခြင်းကလဲ အကျိုးဖြစ်စေပါတယ်။

7️⃣သကြား၊အုန်းဆီ ၊ သံပရာရည် သကြား ၄ ဇွန်း၊ အုန်းဆီ ၁ ဇွန်း၊ သံပရာရည် ၁ ဇွန်း ရောပြီး မွှေ ၊ ပြီး အကြောပြတ်ရာပေါ်မှာ လိမ်း၊ ၁၀ မိနစ်လောက်ထားပေးခြင်း ကလဲ သက်သာစေပါတယ်။ Dr. Dynamite