ခံတွင်းပုတ်အနံ့ ရှိနေလို့ စိတ်မညစ်ပါနဲ့တော့… ခံတွင်းပုပ်နံ့အရှင်းပျောက်စေသော ဆေးနည်း

ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုမိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး ၌ တောရကျောင်း တခုတွင် သီတင်းသုံး နေထိုင်သောရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။

ထိုရဟန်းသည် စကားပြောသောအခါတွင်ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်။ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည် ။

အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှရယ်စရာ အဖြစ် မိန့်ပါသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်။ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။

ဖော်စပ်နည်းမှာ

၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်
၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည်ဖန်ခွက်တွင်ထည့်ထားပါ
၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်
၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်

၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်
၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ။မီးသွေးခဲကဲ့သို့ဖြစ်ပါသည်
၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်

၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အားသံပုရာရေတွင် ရောမွှေ ၍ သမထားပါ
မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ်လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည်။

တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟုလျောက်ခဲ့ပါသည်။နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်
မိုးနတ်သား