ပြောင်လက်တောက်ပနေတဲ့ဆံကေသာရဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဆံသားပြောင်လက်တောက်ပနေဖို့ဆိုတာ အဓိကအချက်က ဆံသားကောင်းနေမှရပါမယ်။ ဆံသားကောင်းဖို့အတွက်ဆိုရင် ဆံသားဟာ အာဟာရအပြည့်ရှိနေဖို့လိုပါတယ်။

အာဟာရရှိစေတဲ့ သဘာဝပစ္စည်းတွေနဲ့ ဆံပင်ကို ပုံမှန်ပေါင်းပေးမယ်ဆိုရင်တော့ ပြောင်လက်တောက်ပနေတဲ့ ဆံကေသားကိုပိုင်ဆိုင်နိုင်မှာပါ။ သိသာတဲ့ရလဒ်ကိုရချင်ရင် တစ်ပတ်ကို (၁) ကြိမ် ဒီပါဝင်ပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်ကြည့်ပါလား။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ် မှာ ရေဓာတ် (၉၅%) လောက်ပါဝင်တာကြောင့် ဆံသားကိုစိုပြေစေပါတယ်။ ဗောက်ထတာတွေသက်သာစေပြီ ၊ ဆံပင်ရှည်မြန်စေပါတယ်။

ရှားစောင်းလက်ပပ်ပင်ကနေ အနှစ် (၁ ခွက်) ကိုယူပြီး ကြက်ဆူဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ကို ရောပေးပါ။ ရလာတဲ့အရောနဲ့ ဆံသားကိုလိမ်းပေးပြီး (၄၅) မိနစ်လောက်ပေါင်းတင်ပေးပါ။

(၂) ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဥနဲ့ ဆံပင်ပေါင်းမယ်ဆိုရင်တော့ အာဟာရပြည့်စေပြီး ဆံသားပြောင်လက်တောက်ပလာစေနိုင်မှာပါ။

ကြက်ဥ (၁လုံး) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ almond အဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ကိုရောပေးပြီး ဆံသားပေါ် လိမ်းပေးပါ။

(၃) ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင် A ၊ B ၊ E နဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ collagen ကိုမြှင့်တင်ပေးပါတယ်။ collagen ကတော့ ဆံပင်ရှည်မြန်စေဖို့ မရှိမဖြစ်လိုအပ်ပြီး ပျက်ဆီးနေတဲ့ဆံသား တွေနဲ့ နှစ်ခွဖြစ်နေတာတွေကို ပြုပြင်ပေးပါတယ်။ ထောပတ်သီးတစ်လုံးကို ကြိတ်ချေပေးပြီး ဆံသားပေါ် လိမ်းပေးပါ။

(၄) သေဘာၤသီး

သဘောၤသီးက ပျက်ဆီးနေတဲ့ ဆံသားတွေကို ပြောင်လက်တောက်ပသွားအောင် ၊ ပျော့ပျောင်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေပါဝင်တဲ့ hair product တွေထက်စာရင် သဘာအသီးဖြစ်တဲ့သဘောၤသီးက ပိုကောင်းပါတယ်။ သဘောၤသီး(၁ ခွက်) စာကို အခွံနွှာ ၊ အစေ့ထုတ်ပြီး ကြိတ်ပေးပါ။ ဒိန်ချဉ် (ခွက်တစ်ဝက်) ကိုထည့်မွေပေးပြီး ဆံသားပေါ်လိမ်းပေးပါ။ (၃၀) မိနစ်ပြီးရင် ခေါင်းလျှော်ပေးပါ။