အဆုတ်ထဲက အဆိပ်အတောက်တွေကို ဂျင်းကိုအသုံးပြုပြီး ဖယ်ရှားနည်း

အသက်ရှင်ဖို့အတွက်အဓိက အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းမှာ အဆုတ်က ပါဝင်တယ်။အထူးသဖြင့် ဆေးလိပ်သောက်တတ်သူတွေဆိုရင်အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။

ဂျင်းကို အသုံးပြုပြီး အဆုတ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။၂၀၁၂ ခုနှစ်က တွေ့ခဲ့ရတဲ့ သုတေသနအရဂျင်းက အဆုတ်ကင်ဆာကိုလည်းကာကွယ် နိုင်စွမ်းရှိပါတယ်။

ဂျင်းကိုအသုံးပြုပြီး ဂျင်းရေနွေးကြမ်း ပြုလုပ်ပုံ

ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပါ ၊ရေနွေးဆူဆူ ( ရေနွေး တစ်ခွက်ခွဲစာ ) ယူပါ၊ ဂျင်း ( လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ) ကြိတ်ချေထားသည့်ဂျင်း ကို ထည့်ပါ၊၅ မိနစ်မှ ၁၀ မိနစ်ကြာသည်အထိ့ ထားပါ။အအေးခံပြီး သံပုရာရည် အနည်းငယ်ထည့်သောက်ပါ။ဟင်းချက်သည့်အခါလည်း ဂျင်းကိုထည့်ချက်ပါကိုယ်ခံအားကို တက်စေပြီး အဆုတ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ် ။

မှတ်ချက် – သွေးတိုးရောဂါရှိသူ နှလုံးရောဂါရှိသူတွေက ဂျင်းကို အလွန်အကျွံမစားသင့်ပါ။သွေးကြောထုံးသူများ ဂျင်း မစားရပါ ..




