အမြဲတမ်း ၁၈နှစ်ဖြစ်စေမယ့် အသားအရေထိန်းသိမ်းနည်း

နုနယ်ပျိုမျစ်စေမယ့် အရာတွေကို ရှာဖွေနေကြတဲ့ အမျိုးသမီးများအတွက် လွယ်ကူရိုးရှင်းစွာနဲ့ ငယ်ရွယ်နုပျိုတဲ့ အသားအရေအလှ ရရှိနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

မနက်ခင်းတိုင်း နေ့စဉ် ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ၁၈နှစ်အလား ထင်မှတ်မှားရစေမယ့် အသားအရေ ထိန်းသိမ်းနည်း အတွက် လိုအပ်တာကတော့ ..

၁။ ကော်ဖီမှုန့် – နှပ်ပြီးသား ကော်ဖီအိုးထဲက ကြွင်းကျန်ရစ်နေတဲ့ ကော်ဖီမှုန့်ကို အသုံးပြုခြင်းအားဖြင့် သင့်အသားအရေ ကို ပွတ်ရှ တိုက်မိခြင်းတွေဖြစ်ခြင်းက ကာကွယ်ပေးကာ အကောင်းဆုံးသော အကျိုးအာနိသင်ကို ပေးစွမ်းစေပါတယ်။

၂။ နွားနို့ – အဆီထုတ်ပြီးသား သို့မဟုတ် အဆီနည်းတဲ့ နွားနို့ကို အသုံးပြုသင့်ပါတယ်။ ကော်ဖီမှုန့်မှာ ပါဝင်နေတဲ့ အဆီ ပမာဏဟာ လုံလောက်ပြီးသား ဖြစ်တဲ့အတွက် နောက်ထပ်အဆီတွေ ထပ်မပိုလာအောင် တားဆီးရန် ဖြစ်ပါတယ်။

၃။ ထည့်မွှေစရာ ပန်းကန်လုံးတစ်လုံး

၄။ မျက်နှာပေါ် လိမ်းကျံရန်အတွက် ဇွန်း သို့မဟုတ် ယောက်မအသေးတစ်ချောင်း လိုအပ်ပါတယ်။ ဘရပ်ရှ်ကတော့ ကော်ဖီစေ့တွေ ကပ်ကုန်နိုင်လို့ သုံးလို့အဆင်မပြေပါဘူး။

ပြုလုပ်နည်း

ပန်းကန်လုံးထဲကို ကော်ဖီမှုန့်တွေနဲ့ နွားနို့ရောထည့်ပါ။ ခပ်ပျစ်ပျစ်လေး ဖြစ်ဖို့ လိုအပ်တာကြောင့် နွားနို့ကို ချိန်ဆထည့်ပါ။

မျက်လုံးနေရာကိုချန်ပြီး မျက်နှာတစ်ခုလုံးကို အနှံ့သတ်လိမ်းပေးပါ။

ထိရောက်မှု ရှိရန်အတွက် ၁၅မိနစ်မှ မိနစ်၂၀အထိ ထားထားပါ။

အချိန်ပြည့်သွားပါက ရေနွေးနွေးလေးနဲ့ ဆေးချပါ။

အရေပြားဆဲလ်တွေကို ပြန်လည်လန်းဆတ်သစ်လွင်စေတဲ့ ကော်ဖီမှုန့်ရဲ့အစွမ်းကြောင့် ငယ်ရွယ်ပျိုမျစ်စေတဲ့အသွင်ကို ရရှိနိုင်ပြီး အစိုဓာတ် ဖြည့်တင်းပေးပြီး ဝင်းပစေတဲ့ နွားနို့ရဲ့အစွမ်းကြောင့် ဝင်းပစိုပြည်တဲ့ အသားအရေအလှကို ရရှိနိုင်ပါ လိမ့်မယ်။