မည်းနေတဲ့ ဒူးနဲ့တံတောင်ဆစ်တွေကို ၁၀ ရက်အတွင်း အမြန်ဖြူလာစေမယ့်သဘာဝနည်

ဒူးနဲ့ တံတောင်ဆစ်တွေမည်းရခြင်း အကြောင်းအရင်းက အရေပြားရဲ့ဆဲလ်တွေ သေဆုံးသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တံတောင်ဆစ်နဲ့ ဒူးတွေကို သတိမထားပဲ အချိန်အကြာကြီး ထောက်ထားမိတာမျိုး၊ လိုအပ်တဲ့ အစိုဓာတ်မရရှိတာတွေကြောင့် တံတောင်ဆစ်နဲ့ ဒူးမည်းခြင်းကို ဖြစ်ပေါ်လာစေပါတယ်။

ပျိုမေတို့အတွက် ဒူးနဲ့ တံတောင်ဆစ်တွေမည်းနေရင် ကိုယ့်ကိုယ်ကို ဘယ်လိုမှ ယုံကြည်မှုမရှိနိုင်သလို အတိုအပြတ်လေးတွေ ဝတ်တဲ့အခါမှာလည်း ဘယ်လိုမှ ကြည့်မလှနိုင်ပါဘူးနော်။ ဒီတော့ မည်းနေတဲ့ တံတောင်ဆစ်တွေ၊ ဒူးတွေကို ဆယ်ရက်အတွင်းမှာ ဖြူလာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်နော်။

သဘာဝပါဝင်ပစ္စည်း

တံတောင်ဆစ်တွေနဲ့ ဒူးတွေကို ပြန်ဖြူလာစေဖို့အတွက် သဘာဝပစ္စည်းတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပရိုသီးတစ်ခြမ်းရဲ့ လတ်လတ်ဆတ်ဆတ် ညစ်ထားတဲ့ သံပုရိုရည်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း စတာတွေပဲ ဖြစ်ပါတယ်။

ပြုလုပ်ရမယ့်နည်း

ပြုလုပ်ရမယ့်နည်းလမ်းက ပါဝင်ပစ္စည်းတွေကို ခွက်အသန့်တစ်လုံးမှာ ထည့်ပြီး သေချာရောနှောပေးရမှာ ဖြစ်ပါတယ်။ ရောနှောပြီး အနှစ်ရအောင်အထိ သေချာလေးမွှေပေးရမှာ ဖြစ်ပါတယ်။

အသုံးပြုပုံ

ရလာတဲ့ အရောအနှောကို ညအိပ်ရာမဝင်ခင်အချိန်မှာ တံတောင်ဆစ်နဲ့ ဒူးတွေမှာ လိမ်းပေးရမှာဖြစ်ပြီး တစ်ညလုံး ထားပေးရမှာ ဖြစ်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာ တံတောင်ဆစ်နဲ့ ဒူးတွေကို ရေနွေးလေးနဲ့ ဆေးချပြီး အဝတ်စနဲ့ ခြောက်အောင် သုတ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ အုန်းဆီ ဒါမှမဟုတ် lotion ကိုလိမ်းပြီး မိနစ်အနည်းငယ်လောက် အရေပြားထဲ စိမ့်ဝင်သွားအောင် နှိပ်နှယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပုံမှန်လုပ်ပေးရမှာဖြစ်ပြီးတော့ ဆယ်ရက်အတွင်းမှာ ဒူးနဲ့ တံတောင်ဆစ်တွေ သိသိသာသာ ဖြူလာစေမှာ ဖြစ်ပါတယ်နော်။

ပျားရည်ဟာ အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး သံလွင်ဆီကတော့ အသားအရေအတွက် လိုအပ်တဲ့ အဟာရကို ရရှိစေပါတယ်။ နောက်ပြီး သံပုရိုသီးနဲ့ မုန့်ဖုတ်ဆိုဒါက ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အတွက် ဒီနည်းလမ်းလေးက တံတောင်ဆစ်နဲ့ ဒူးမည်းခြင်းတွေကို တကယ့်ထိရောက်စွာ ကောင်းမွန်စေပါတယ်နော်။