မ်က္ကြင္းရာေတြကို အလြယ္တကူေျဖရွင္းေပးနိုင္မယ့္ အိမ္သံုးနည္းလမ္းေတြ

မ်က္လံုး ေအာက္က မ်က္ကြင္းရာေတြဟာ အမ်ားလိုလို ၾကံဳေနရတယ့္ ျပသနာတစ္ခုျဖစ္ပါတယ္။ဒီလိုေပၚလာရျခင္းအေၾကာင္းရင္း မ်ားစြာရွိသလို ဖယ္ရွားနိုင္မယ့္နည္းလမ္းေတြလည္း အမ်ားအျပားပါပဲ။ဒါေၾကာင့္ အခ်ိန္မွန္အိပ္၊အခ်ိန္မွန္စားသင့္တဲ့အျပင္ သင့္ရဲ့မ်က္လံုးေတြတလက္လက္ေတာက္ပေနေစမယ့္ ရုိးရွင္းတဲ့အိမ္သံုးနည္းလမ္းအခ်ိဳ့ကို အခုပဲေဖာ္ျပေပးလိုက္ပါတယ္ ။

1.Potato Juice

အာလူး မွာ အသားအေရ ျဖဴေစတဲ့ သဘာပါဝင္ပစၥည္းမ်ားနွင့္ဗီတာမင္စီ ပါဝင္တာေၾကာင့္အာလူးကိုၾကိတ္ျပီး အာလူးရည္အျဖစ္အသြင္ေျပာင္းပါ။အာလူးရည္ထဲကိုနွစ္ထားတဲ့ cotton padကို မ်က္လံုးေပၚတြင္ 10မိနစ္ခန့္ကပ္ထားျပီး မ်က္နွာကိုေဆးလိုက္ပါ။ေနာက္ သံလြင္ဆီအစက္ခ် မ်က္လံုးေတြကိုနွိပ္နယ္ျပီး လက္စသတ္နိုင္ပါတယ္။ဒီနည္းေလးကို နွစ္ပတ္ခန့္ေန့စဥ္ျပဳလုပ္ေပးနိုင္ပါတယ္။

2.Cucumber Compress

သခြားသီးမွာလည္း အသားျဖဴေစတဲ့ antioxidantပမာဏမ်ားစြာပါဝင္ပါတယ္။သခြားသီးကို ခပ္ထူထူေလးလွီးျပီး မိနစ္30ခန့္ ေရခဲေသတၱာထဲထည့္ထားပါ။ေရခဲေသတၱာထဲက သခြားသီးေတြကိုယူျပီး သင့္မ်က္လံုးတဝိုက္ လိုအပ္မယ္ထင္တဲ့ေနရာတဝိုက္မွာ ကပ္ထားပါ။15မိနစ္ခန့္ ကပ္ထားျပီးေနာက္ ေရနဲ့ေဆးေၾကာလိုက္ပါ။ဒီနည္းလမ္းေလးကို တစ္ပတ္ခန့္ေန့စဥ္အသံုးျပဳနိုင္ပါတယ္။

3.Tea compress

ေရေႏြးၾကမ္းဟာ မ်က္ကြင္းညိဳတာ၊ေရာင္တာေတြအတြက္ အသံုးျပဳနိုင္ပါတယ္။လက္ဖက္ေျခာက္ခတ္ျပီး ေရေႏြးၾကမ္းဆစ္ခြက္ျပင္ဆင္ျပီး အေအးခံထားပါ။ေနာက္ ဂြမ္းခံကိုေရေႏြးၾကမ္းထဲကိုနွစ္ျပီး မ်က္လံုးမွကပ္ထားပါ။ေနာက္ 15မိနစ္ခန့္ထားထားေပးပါ။ဒီနည္းလမ္းေလးကို တစ္ပတ္ခန့္ေန့စဥ္အသံုးျပဳေပးျခင္းးျဖင့္ သိသာေစပါတယ္။

4.milk & bread mask

အစိုဓာတ္ေပးျပီး အသားျဖဴေစနိုင္စြမ္းရွိတဲ့ႏြားနို့နဲ့အသားအေရအတြက္ သင့္ေတာ္ျပီးအာဟာရျဖည့္ေပးနိုင္တဲ့ ေပါင္မုန့္ခ်ပ္ကို တဲြလ်က္အသံုးျပဳနိုင္ပါတယ္။မထူမပါးအေနအထားနဲ့ ေပါင္မုန့္ျဖဴခ်ပ္ကိုယူ ႏြားနို့ထဲကိုနွစ္ျပီး 15မိနစ္ခန့္ လိုအပ္တဲ့ေနရာတဝိုက္မွာ ကပ္ထားနိုင္ပါတယ္။ဒီmaskကိုပံုမွန္အသံုးျပဳျခင္းအားျဖင့္ သင့္ရဲ့မ်က္လံုးေအာက္က မ်က္ကြင္းရာေတြ၊မ်က္ကြင္းေယာင္တာေတြကို ေျဖးေျဖးေပ်ာက္ကင္းေစနိုင္ပါတယ္။

5.Tomato Juice

ၾကိတ္ထားတဲ့ခရမ္းခ်ဥ္သီးရည္ကို လိုအပ္တဲ့ေနရာတဝိုက္ သုတ္လိမ္းျပီး 10မိနစ္ခန့္ထားထားေပးပါ။ေနာက္ ေရေအးနဲ့ေဆးေၾကာလိုက္ပါ။ဒီနည္းလမ္းကို 2ပတ္ခန့္ေန့စဥ္အသံုးျပဳေပးျခင္းအားျဖင့္ ရလဒ္ထူးျခားလာမွာျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ရန်

မျက်ကွင်းရာတွေကို အလွယ်တကူဖြေရှင်းပေးနိုင်မယ့် အိမ်သုံးနည်းလမ်းတွေ

မျက်လုံး အောက်က မျက်ကွင်းရာတွေဟာ အများလိုလို ကြုံနေရတယ့် ပြသနာတစ်ခုဖြစ်ပါတယ်။ဒီလိုပေါ်လာရခြင်းအကြောင်းရင်း များစွာရှိသလို ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေလည်း အများအပြားပါပဲ။ဒါကြောင့် အချိန်မှန်အိပ်၊အချိန်မှန်စားသင့်တဲ့အပြင် သင့်ရဲ့မျက်လုံးတွေတလက်လက်တောက်ပနေစေမယ့် ရိုးရှင်းတဲ့အိမ်သုံးနည်းလမ်းအချို့ကို အခုပဲဖော်ပြပေးလိုက်ပါတယ် ။

1.Potato Juice

အာလူး မှာ အသားအရေ ဖြူစေတဲ့ သဘာပါဝင်ပစ္စည်းများနှင့်ဗီတာမင်စီ ပါဝင်တာကြောင့်အာလူးကိုကြိတ်ပြီး အာလူးရည်အဖြစ်အသွင်ပြောင်းပါ။အာလူးရည်ထဲကိုနှစ်ထားတဲ့ cotton padကို မျက်လုံးပေါ်တွင် 10မိနစ်ခန့်ကပ်ထားပြီး မျက်နှာကိုဆေးလိုက်ပါ။နောက် သံလွင်ဆီအစက်ချ မျက်လုံးတွေကိုနှိပ်နယ်ပြီး လက်စသတ်နိုင်ပါတယ်။ဒီနည်းလေးကို နှစ်ပတ်ခန့်နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။

2.Cucumber Compress

သခွားသီးမှာလည်း အသားဖြူစေတဲ့ antioxidantပမာဏများစွာပါဝင်ပါတယ်။သခွားသီးကို ခပ်ထူထူလေးလှီးပြီး မိနစ်30ခန့် ရေခဲသေတ္တာထဲထည့်ထားပါ။ရေခဲသေတ္တာထဲက သခွားသီးတွေကိုယူပြီး သင့်မျက်လုံးတဝိုက် လိုအပ်မယ်ထင်တဲ့နေရာတဝိုက်မှာ ကပ်ထားပါ။15မိနစ်ခန့် ကပ်ထားပြီးနောက် ရေနဲ့ဆေးကြောလိုက်ပါ။ဒီနည်းလမ်းလေးကို တစ်ပတ်ခန့်နေ့စဉ်အသုံးပြုနိုင်ပါတယ်။

3.Tea compress

ရေနွေးကြမ်းဟာ မျက်ကွင်းညိုတာ၊ရောင်တာတွေအတွက် အသုံးပြုနိုင်ပါတယ်။လက်ဖက်ခြောက်ခတ်ပြီး ရေနွေးကြမ်းဆစ်ခွက်ပြင်ဆင်ပြီး အအေးခံထားပါ။နောက် ဂွမ်းခံကိုရေနွေးကြမ်းထဲကိုနှစ်ပြီး မျက်လုံးမှကပ်ထားပါ။နောက် 15မိနစ်ခန့်ထားထားပေးပါ။ဒီနည်းလမ်းလေးကို တစ်ပတ်ခန့်နေ့စဉ်အသုံးပြုပေးခြင်းးဖြင့် သိသာစေပါတယ်။

4.milk & bread mask

အစိုဓာတ်ပေးပြီး အသားဖြူစေနိုင်စွမ်းရှိတဲ့နွားနို့နဲ့အသားအရေအတွက် သင့်တော်ပြီးအာဟာရဖြည့်ပေးနိုင်တဲ့ ပေါင်မုန့်ချပ်ကို တွဲလျက်အသုံးပြုနိုင်ပါတယ်။မထူမပါးအနေအထားနဲ့ ပေါင်မုန့်ဖြူချပ်ကိုယူ နွားနို့ထဲကိုနှစ်ပြီး 15မိနစ်ခန့် လိုအပ်တဲ့နေရာတဝိုက်မှာ ကပ်ထားနိုင်ပါတယ်။ဒီmaskကိုပုံမှန်အသုံးပြုခြင်းအားဖြင့် သင့်ရဲ့မျက်လုံးအောက်က မျက်ကွင်းရာတွေ၊မျက်ကွင်းယောင်တာတွေကို ဖြေးဖြေးပျောက်ကင်းစေနိုင်ပါတယ်။

5.Tomato Juice

ကြိတ်ထားတဲ့ခရမ်းချဉ်သီးရည်ကို လိုအပ်တဲ့နေရာတဝိုက် သုတ်လိမ်းပြီး 10မိနစ်ခန့်ထားထားပေးပါ။နောက် ရေအေးနဲ့ဆေးကြောလိုက်ပါ။ဒီနည်းလမ်းကို 2ပတ်ခန့်နေ့စဉ်အသုံးပြုပေးခြင်းအားဖြင့် ရလဒ်ထူးခြားလာမှာဖြစ်ပါတယ်။