ကြက်ဥကို အသုံးပြုပြီး ၃ ရက်တည်းနဲ့ ဝိတ်ချမယ်

ဒီနည်းလမ်းက ၃ရက်နဲ့ ဝိတ်ကျစေမယ့် အစားအသောက် ပြင်ဆင်နည်းဆိုလည်း မမှားပါဘူး။ သာမာန်လူတိုင်းမှာ ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ထက် များနေတဲ့အခါ

ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အပြင် အလှအပရေးရာအတွက်မှာလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါ့ကြောင့် ဒီလို မဖြစ်ရစေဘဲ ပိုပြီး သွယ်လျ ပိန်စေမယ့်အပြင် ကျန်းမာရေးကိုလည်း များစွာ အထောက်အကူဖြစ်မေယ့် ဝိတ်ချနည်း ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမ တစ်ရက်
နံနက်စာကို သကြားမပါသော ကော်ဖီတစ်ခွက်၊ ခရမ်းချဉ်သီး၂လုံးနှင့် ကြက်ဥ ၂လုံးကို ဆီနည်းနည်းနှင့် ရောကြော်ပြီး စားသုံးပါ။

နေ့လည်စာကို ကြက်ဥ ၂လုံးကို ကြော်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စော ငါးပြုတ်နှင့် တွဲဖက် စားသုံးနိုင်ပါတယ်။ ရေနွေးကြမ်းတစ်ခွက် သို့မဟုတ် ပန်းသီးတစ်လုံးနှင့် အတူ တွဲဖက်စားသုံးနိုင်ပါတယ်

ညစာကို ကြိုက်နှစ်သက်ရာ အသီးအရွက် ကြော် တစ်မျိုးတည်းကိုသာ စားသုံပါ။ ကျက်အောင် ကြော်ချက်ထားသော အသီးအရွက်များ ဖြစ်ဖို့တော့ လိုအပ်ပါပတယ်။ ရေနွေးကြမ်းနှင့် တွဲဖက် စားသုံးပါ။

ဒုတိယ ရက်
ကြက်ဥပြုတ် ၂လုံး၊ ငှက်ပျောသီး ၁လုံး နှင့် သံပရာစိပ် ထည့်ထားသော ရေနွေးတစ်ခွက်ကို နံနက်စာအဖြစ် သုံးဆောင်ပါ။

နေ့လည်စာကို ကြက်ဥပြုတ် ၂လုံး အနှစ် မစားသုံးဘဲ ကြက်ဥ အကာနှင့် ကြက်သားပြုတ် ၁၀ ကျပ်သားခန့်ကို တွဲဖက်စားသုံးပါ။ ရေနွေးကြမ်း သုံးဆောင်ပါ။

ညစာကို ပေါင်မုန့်ကြမ်း တစ်ချပ်နှင့် အဆီမပါသော နွားနို့ကို တွဲဖက်သုံးဆောင်ပါ။

တတိယရက်
ခရမ်းချဉ်သီး ဖျော်ရည်နှင့် ကြက်ဥပြုတ် ၂လုံးကို စားသုံးပါ။

နေ့လည်စာကို ကြက်ဥပြုတ် ၂လုံးရဲ့ အနှစ်ကို ဖယ်ပြီး ကြက်ဥပြုတ် အကာနှင့် ကြက်သားပြုတ် ၁၀ ကျပ်သားခန့်ကို ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးပါ။

ညစာကိုတော့ အာလူးပြုတ် ၂လုံး၊ ရေနွေးကြမ်းနှင့် အစိမ်းရောင်ရှိ အရွက်သုပ်ကို တွဲဖက်၍ စားသုံးပါ။ ဖော်ပြပါ အစားအသောက်များ အားလုံးကို ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးနိုင်ပါတယ်။ ထို့အပြင် ထိုရေနွေးကြမ်းထဲသို့ သံပရာသီးတစ်စိပ်ညှစ်ထည့်ပြီး သောက်သုံးလျှင် ပိုထိရောက်နိုင်ပါတယ်။

ဖော်ပြပါ နည်းလမ်းများကို အသုံးပြုပြီးနောက် အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။