တခုခုနာကျင်သလို ခံစားနေရလျှင် သံပုရာခွံကို သတိရပါ

တခုခုနာကျင်သလို ခံစားနေရလျှင် သံပုရာခွံကို သတိရပါနာကျင်ခြင်းတွေ အတွက် သံပုရာခွံလေးဖက်နာ၊ အရိုးအဆစ် ရောင်ရမ်းနာ၊ ဒူလာ ခေါ် ဂေါက်ရောဂါ၊

အရွတ်အကြောနာ စတဲ့ ဝေဒနာတွေကို ခံစားရလို့ နေရထိုင်ရ ကသိကအောက် ဖြစ်ရသူတွေအတွက် သက်သာစေမယ့် သတင်းကောင်းတစ်ခုကတော့ သံပုရာခွံ ရှိဖို့ပဲ လိုပါတယ်။သံပုရာ ဆိုတာ ဗစ်တာမင် စီ ကြွယ်ဝတဲ့ပစ္စည်းဖြစ်ပြီး နေ့စဉ် ခန္ဓာကိယ်အတွက် ဗစ်တာမင်စီ လိုအပ်ချက်က ၃၁ ရာခိုင်နှုန်း ရှိပါတယ်။

ဗီတာမင်စီရဲ့ ဂုဏ်သတ္တိတွေက ပြောမဆုံးအောင် များလှသလို သံပုရာသီး၊ သံပုရာခွံရဲ့ ဆေးဖက်ဝင်အစွမ်းတွေကလဲ သုံးမကုန်အောင် ကျယ်ပြန့်လှပါတယ်။ အဲ့ဒီထဲကမှ အရိုးအဆစ် နာကျင်မှုတွေကို သံပုရာခွံက သက်သာအောင် ထိရောက် စွမ်းဆောင်ပေးနိုင်ပုံကို ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ မျှဝေတင်ပြလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့

သံပုရာသီး ၄ လုံးနဲ့ သံလွင်ဆီတို့ပါပဲ။ တခြားပစ္စည်းတွေကတော့ ပလတ်စတစ်အိတ်၊ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်းတလုံး၊ ဂေါ့ဇ်စ ခေါ် ပတ်တီးအကျဲစ၊ သိုးမွေးတဘက် တို့ပါပဲ။

ဆေးကိုပြင်ဆင်ရမယ့်နည်းလမ်းကတော့

သံပုရာခွံတွေကို ဖန်ဘူးထဲထည့်ပြီး သံလွင်ဆီကို ဖန်ဘူးထိပ်အထိ ထည့်ပေးရပါမယ်။ ပြီးရင်တော့ ဖန်ဘူးကို ပိတ်ပြီး ၂ ပတ်လောက် ထားရမှာပါ။ အဲလိုထားပြီးရင် ဆေးအဆီ ရလာပါပြီ။

အဲဒီဆေးအဆီကို ပတ်တီးစမှာ စိမ် ဆွတ်လိုက်ပြီး နာတဲ့ အရိုး၊ အဆစ်ပေါ်မှာ လိမ်းပါ။ အဲဒီ ဆေးစိုနေတဲ့ ပတ်တီးစကိုပါ နာတဲ့နေရာပေါ်မှာ တင်ထားလိုက်ပြီး ပတ်တီးစပေါ်ကနေ ပလတ်စတစ်အိတ် ထပ်ပတ်လိုက်ပါ။ပြီးရင် အဲ့ဒီအပေါ်ကမှ သိုးမွေးတဘက် ထပ်ပတ်ပေးရမှာပါ။ နည်းကတော့ အဲဒါပါပဲ။ လွယ်ပါတယ်နော်။ အဲလိုလုပ်ပေးရင် ညဖက်လုပ် မနက်ဆို ပျောက်ရော ဆိုပဲ။ နှစ်ရှည်ခံစားရသူတွေကတော့ ချက်ချင်း မပျောက်တောင် သက်သာသွားမှာတော့ အသေအချာပါပဲ။

တချို့ကတော့ ဆေးဖက်ဝင် အစွမ်းစုံတဲ့ သံပုရာခွံကို ဆေးဖြစ်ဝါးဖြစ်ရော ကြိုက်နှစ်သက်လို့ရော စားတတ်ကြပါတယ်။သံပုရာခွံက ဗစ်တာမင်စီ ပြည့်ဝလွန်းတာကြောင့် တုပ်ကွေး၊ လည်ချောင်းနာ၊ သာမန် အအေးမိတာမျိုးလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဝမ်းပုံမှန် သွားစေတဲ့ ဖိုက်ဘာဓာတ်ကိုလဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

သံပုရာခွံမှာပါတဲ့ ပိုလီဖှီနော ဖှလေဗာနွိုက် ဆိုတဲ့ဓာတ်က ကိုလက် စထရောကို လျှော့ချပေးပြီး သွေးဖိအားပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့ ပိုတက်စီယမ်လဲ ပါဝင်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ကနေ ကာဘိုဟိုက်ဒရိတ် ပိုလျှံပမာဏကို စုပ်ယူခြင်းကနေ တားဆီးပေးနိုင်တဲ့ ပက်တင် ဆိုတဲ့ ဓာတ်လဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပြုနေပြန်ပါရော။ ဒါကြောင့် ပျားသံပုရာ ဆိုပြီး အခွံပါ ထည့်ရတာ ဖြစ်ပါလိမ့်မယ်။

သံပုရာခွံမှာပါတဲ့ ခရစ်တစ်အက်ဆစ်နဲ့ ဗစ်တာမင်စီကြောင့် အရေပြားပေါ်က အမည်းစက်တွေနဲ့ အိုမင်းရှုံ့တွမှုကိုဖြစ်စေတဲ့ ဖရီးရက်ဒီကယ်တွေကို တားဆီးရာမှာ အလွန်အမင်းကို အစွမ်းထက် ထိရောက်လှတာကြောင့် အရေပြားရဲ့ အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ကဲကျန်းမာရေးနဲ့အလှအပအတွက် သံပုရာသီးရော သံပုရာခွံပါ လိမ်းရာ၊ စားသုံးရာမှာ ပုံစံအမျိုးမျိုးနဲ့ အစွမ်းထက်တယ် ဆိုတာ အခုသိသွားပြီဆိုမှတော့ နောက်ကျတယ်ဆိုတာ မရှိတော့ပါဘူးလေ။

စောနွဲ့နေဆိုင်(ပူတာအို)