မျက်နှာပေါ်ကရန်သူတွေကိုအမြန်ဆုံးနှိမ်နင်းဖို့နည်းလမ်းကောင်းများ

အကုန်အကျသက်သာပြီး အသုံးဝင်မယ့်နည်းလမ်းလေးတွေပါ

လူတိုင်းမှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မျက်နှာကို အားလုံးလိုလိုက လှပချင်တာ သဘာဝပါပဲ။ ဒီလိုကိုယ့်ရဲ့ အလှပ ချင် ဆုံးနေရာတစ်ခုမှာ ကိုယ့်ရဲ့အလှတွေကို ဖုံးလွှမ်းပစ်လိုက် မယ့် မလိုအပ်တဲ့ အပိုတွေရှိနေမယ်ဆိုရင် ဖယ်ရှားပစ်ချင်မှာ အသေအချာ ပါပဲ။ အ

ခုပြောပြမယ့် နည်းလမ်းလေးတွေက ငွေကုန်ကြေးကျလည်း မများတဲ့အပြင် တကယ်ကိုထိရောက်စေ တဲ့ နည်းလမ်းလေးတွေပါ။

မျက်နှာပေါ်က အမဲစက်နဲ့ဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့အိမ်တွင်း ကုထုံးလေးတစ်ခုကို ပြောပြပေးမယ် နော်။ နံနွင်းတက် (နံနွင်းအစစ်) ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ သံပုရာသီးကို ညှစ်ထားတဲ့အရည် ကို ထမင်းစားဇွန်းတစ်ဇွန်းစာ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းစာ၊ စတဲ့သုံးခုကိုရပြီဆိုရင် ရောမွှေပြီး မျက်နှာပေါ်မှာ မိနစ်နှစ်ဆယ်ခန့်ထားပါ။ (မှတ်ချက်။ နံနွင်းအစစ် က အနည်းငယ်ပူပါတယ်) ဒီလိုထား ပြီးရင် မျက်နှာသစ်လိုက်ပါ။ ကြည်ကြည်ဝင်းဝင်းလေးဖြစ်နေပါလိမ့်မယ်။ ဒါမျိုးကုထုံးလေးကို တစ်ပတ် တစ်ခါလောက်လုပ်ပေးပါ။ သုံးပတ်လောက်ဆိုရင် မျက်နှာပေါ်က ရန်သူတွေ တော်တော်လေးသိသိ သာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

နောက်တစ်နည်းကတော့ ပျားရည်နဲ့ ပေါင်းတင်ခြင်းဖြစ်ပါတယ်။ ဒီနည်းက ဘာမှမလိုအပ်ပါဘူး။ ပျားရည်အစစ်တစ်ပုလင်းသာ လိုအပ်ပါတယ်။ ညမအိပ်ခင်လေးမှာ ပျားရည်ကို မျက်နှာအနှံ့ သုတ်လိမ်း ပြီး နာရီဝက်ခန့်ထားပြီး မျက်နှာသစ်လိုက်ပါ ချောမွတ် သော အသားအရည်ကောင်းလေးကို ချက်ချင်း ပိုင်ဆိုင်နိုင်မှာပါ။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ရှားစောင်းလတ်ပတ်ပါ။ ရှားစောင်းလက်ပတ် အပင်တစ်ပင်ရှိရုံနဲ့ သင့်ရဲ့အသားအရည် တွေ ကောင်းမွန်နေမှာ အသေအချာပါပဲ။ သင့်မျက်နှာပေါ်က သင်မကြိုက်တဲ့ (အစက်အပျောက်တွေ စိုးမိုးထားတဲ့) အစိတ် အပိုင်းကို ရှားစောင်းလက်ပတ်နဲ့ သေချာပွတ်ပေးပါက သိပ်မကြာခင်မှာ သင်မုန်းတဲ့အရာတွေ ယူပစ်သလိုပျောက်ကင်း သွားပါလိမ့်မယ်။

အခုပြောပြတဲ့နည်းလမ်းလေးတွေကို ပျိုပျိုမေတို့ စမ်းကြည့်လို့ အဆင်ပြေတယ်ဆိုရင် ကိုယ့်ရဲ့ အသိမိတ်ဆွေဖြစ်ဖြစ် ဆွေမျိုး သားချင်းတွေဖြစ်ဖြစ်ကို လက်ဆင့်ကမ်းပြီး အလှတွေဝေမျှပေး လိုက်ပါဦးနော်။