လှပတဲ့ တင်ပါးတစ်စုံကိုရရှိနိုင်ဖို့ လိုက်နာရမယ့်အချက်များ

ကိုယ်စားနေတဲ့ အစားစာတွေကို သတိထားဖို့လိုသလို၊ လှပပြီး လုံးဝန်းတဲ့ တင်ပါးကို ရရှိနိုင်ဖို့အတွက်ဆို မှန်ကန်တဲ့အစားစားနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အမြဲတမ်းလိုချင်နေခဲ့တဲ့ တင်ပါးတစ်စုံကိုရရှိနိုင်ဖို့အတွက် တကယ်ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အခြေခံနည်းလမ်းများ

လေ့ကျင့်ခန်းမပါဘဲ သင့်ရဲ့တင်ပါးပိုကြီးလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိုချင်တဲ့တင်ပါးရနိုင်ဖို့အတွက် အောက်ပါ အချက်နှစ်ချက်ကိုလိုက်နာဖို့လိုပါတယ်။

– ကြွက်သားသန်မာစေမယ့် လေ့ကျင့်ခန်း
– ပြည်လည်အားဖြည့်ပေးနိုင်မယ့် အစားစာ

လေ့ကျင့်ခန်းပြီးနောက်မှာ သင့်ရဲ့တင်ပါးကို ထက်ပြီးအားဖြည့်ဖို့အတွက် မှန်ကန်တဲ့အစားစာနဲ့ သင့်တင့်တဲ့ပမာဏကို ရွေးချယ်နိုင်ဖို့လိုပါတယ်။

သင့်စိတ်ထဲမှာ ဒါဟာရိုးရှင်းတဲ့ နည်းလမ်းလို့သတ်မှတ်ထားရမယ် : သင်ဟာဝိတ်တက်ချင်တယ်ဆို များများစားပေးပါ။ တင်ပါးပဲကြီးချင်တာဆို ပုံမှန်လောက်ပဲစားဖို့လိုပါတယ်။

တစ်ရက်ကို ကြိုက်နှစ်သက်ရာ အသီးအနှံ့တစ်လုံးစားပေးသင့်ပါတယ်။ဖော်ပြပါအစားစာတွေက သင့်ရဲ့တင်ပါးကိုကြီးထွားစေပြီး လေ့ကျင့်ခန်းကိုလည်း ပိုထိရောက်စေပါတယ်။

ပရိုတိန်း
သင်ဟာ ပုံမှန်လေ့ကျင့်ခန်းကို ကောင်းကောင်းလုပ်ဆောင်နေသူဆိုရင် ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားစာတွေကို သုံးဆောင်ဖို့အကြံပေးလိုက်ပါတယ်။

ပရိုတိန်းဓာတ်အပြည့်အဝပါဝင်တဲ့ အစားစာတွေက- တူနာ၊ ကြက်ဆင်၊ ကြက်သား၊tilapia ၊ ပဲတောင့်ရှည်၊ ချိစ်၊ အမဲသား၊ ငါး( အကြော်မဟုတ် ) တို့ဖြစ်ပါတယ်။

အဆီဓာတ်

မကောင်းတဲ့အဆီတွေကိုရှောင်ပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေကိုစားသုံးပေးရပါမယ်။ ထိုအဆီဓာတ်တွေက သင့်ကိုဝိတ်ကျစေတဲ့အပြင် အိပ်မက်ထဲကတင်ပါးလေးကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီတွေက ငါးကြီးဆီ၊ သံလွင်ဆီ၊ မက်မွန်သီး၊ သစ်ကြားသီး နဲ့ မြေပဲထောပတ်ဖြစ်ပါတယ်။

အသီးအရွက်

antioxidant များတဲ့ အသီးအရွက်တွေကို သေချာစားပေးပါ။ ပန်းမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လန် နဲ့ အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေစားပေးပါ။

လေ့ကျင့်ခန်း