ဝက်ခြံ ဖြစ်စေသော အကြောင်းရင်းများနှင့် ကာကွယ်ရမယ့်နည်းလမ်းများ

ပုခုံးနဲ့နောက်ကျောပေါ်တွင်ပေါက်သော ၀က်ခြံများ

-ကျောဘက်တွင်ထွက်သောဝက်ခြံများသည် ကျောပိုးအိတ်လွယ်ခြင်း သို့မဟုတ် အလွန်ကျပ်သောအဝတ်များဝတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ အနီရောင်ဝက်ခြံဖုငယ်များဖြစ်ပေါ်ပါက ဆပ်ပြာမှုန့် သို့မဟုတ် မီးဖိုချောင်ဓာတုပစည်းတစ်ခုခုနဲ့ မတည့်တာဖြစ်နိုင်ပါတယ်။ အဆီကြော်များစားခြင်းကြောင့်လဲ ၀က်ခြံဖြစ်ပေါ်စေပါတယ်.
-ကျောဝက်ခြံအတွက် ဆားပါသောရေဖြင့်ရေချိုးခြင်းကို တစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။ထို့ပြင် ပန်းသီးဗီနီကာ နဲ့ ရေဆတူရောပြီး သန့်စင်ပေးနိုင်ပါတယ်။

ရင်ဘတ်တွင်ပေါက်သော ၀က်ခြံ

-ရေချိုးဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်နဲ့ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ထို့ပြင် ပင်လယ်စာများနဲ့ အပူအစပ်များစားခြင်းကိုလဲ လျှော့သင့်ပါတယ်။

-မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေဖြင့်ရောပြီး ၀က်ခြံပေါ်သို့ နှိပ်နယ်ပေးပါ။ရေနွေးနွေးဖြင့် ပြန်လည်ဆေးကြောပါ။လည်ပင်းပေါ်တွင်ပေါက်သောဝက်ခြံများ

-ကော်လံအကြပ်များကို အဝတ်များသောကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းလျှော်ရည် သို့ခေါင်းလိမ်းဆီများနဲ့ ဓာတ်မတည့်သောအခါလည်း ဖြစ်ပေါ်တတ်ပါတယ်။ အချိုကြိုက်သူများတွင်လဲ ဖြစ်ပေါ်တတ်ပါတယ်။

-သံပုရာသီးကိုအရည်ညှစ်ပါ။ ဂွမ်းကိုသုံးပြီး ထိုအရည်ဖြင့်သင့် လည်ပင်းကို သုတ်ပေးပါ။ ၁၀မိနစ်ထားပြီးမှ ရေနွေးဖြင့်ပြန်ဆေးပါ။

လက်မောင်းပေါ်တွင်ပေါက်သော ၀က်ခြံများ

-အစာအိမ်ရောဂါကြောင့် ဖြစ်တတ်သလို ဆပ်ပြာမှုန့်ဓာတ်မတည့်ခြင်း နဲ့ ပိုးသတ်ဆေးများကြောင့်လဲ ဖြစ်တတ်ပါတယ်။ ရေကူးကန်၊ရေပူစမ်းနဲ့ gym သွားလေ့ရှိသူများလဲ တွေ့ရပါတယ်။

-သင့်ဝက်ခြံဟာ မှိုကြောင့်ဖြစ်ပွားခြင်းမဟုတ်ပါက အာလူးရည်ဖြင့် ကုသနိုင်ပါတယ်။ အာလူးကို တစ်ဝက်လှီးပါ။ထို့နောက် ၀က်ခြံပေါ်သို့ ပွတ်ပါ။တစ်နာရီကြာသောအခါရေပြန်ဆေးပါ။

ခြေထောက်ပေါ်မှ ၀က်ခြံများ

-တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းနဲ့ ကျပ်သောဘောင်းဘီများကြောင့်ဖြစ်ပါတယ်။
-သင့်ရေချိုးဆပ်ပြာထဲကို လက်ဖက်စိမ်းဆီ ၅စက်ထည့်ပြီး ရေချိုးပါ။