မတူညီတဲ့ နေရာအလိုက် ဝခြင်း (၄)မျိုး

တစ်ယောက်နဲ့တစ်ယောက် အဆီပိုတွေ ရှိတဲ့နေရာမတူကြပါဘူး။ အချို့က ဗိုက်တစ်နေရာတည်းကွက်ပြီး အဆီပိုတွေ စုခြင်းကြောင့် ဝတယ်ဟု ထင်ရတတ်သလို၊ အချို့က တင်၊ ပေါင်၊ လက်မောင်း၊ စတဲ့နေရာတွေမှာ အဆီစုတတ်ပါတယ်။ အောက်ပါတို့ကိုကြည့်လိုက်မယ်ဆိုလျှင် ဘာကြောင့် ဒီလို ဝ ရတယ်ဆိုတာကို သိလာကြမှာပါ။

၁။ စိတ်ဖိစီးမှုများခြင်း

ဒီလို ဗိုက်မှာ အဆီပိုတွေစုရတဲ့ အဓိကအကြောင်းအရင်းကတော့ စိတ်ဖိစီးမှုများကြောင့်ပါ။ စိတ်ဖိစီးမှုတွေဟာ အစာအိမ်တဝိုက်မှာ ကိုလက်စထရောများကို စုစေပါတယ်။ ဒီလိုဝတဲ့အမျိုးအစားအတွက် တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း တွေက အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။

၂။ သကြားဓါတ်များခြင်း

မင်းဟာ အချိုကြိုက်တတ်သူလား။ အချိုများများစားလေ ခန္ဓာကိုယ်မှ အင်ဆူလင်ဓါတ်ကို များများထုတ်လေပါပဲ။ ဒီအခါ ဗိုက်နှင့် ခိုက်တဝိုက် ပတ်ချာလည်မှာ အဆီတွေ စုလာပါတယ်။ ဒီလိုလူမျိုးတွေအတွက်ကတော့ အချိုလျှော့စားခြင်း အပြင် ကြက်သွန်ဖြူ၊ သစ်ဂျပိုးခေါက် စတာတွေကို စားသုံးပေးပါ။

၃။အမျိုးသမီးဟော်မုန်း Estrogen များနေခြင်း

အကယ်၍ သင့်တင်ပါးတဝိုက်မှာပဲ အဆီတွေစုနေတယ်ဆိုရင်တော့ ဒါဟာ သင့်ခန္ဓာကိုယ်မှာ estrogen level မြင့်မားနေတဲ့ သဘောပါပဲ။ ဒါကို အသီးအရွက် များများစားသုံးခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ broccoli (ပန်းဂေါ်ဖီစိမ်း) များများစားပေးပါ။ Squat ထိုင်ပေးခြင်းဖြင့်လည်း တင်ပါးတဝိုက် အဆီများကိုကျစေပြီး ကြွက်သားများကျစ်လစ် လှပစေနိုင်ပါတယ်။

၎။ အမျိုးသားဟော်မုန်း testosterone လျော့နည်းခြင်း

လက်မောင်းအောက်အဆီများပြီး တွဲကျနေတာဟာ testosterone level ကျခြင်းကြောင့်လို့ ပြောပါတယ်။ ဒါကို သက်သာစေဖို့က နေ့စဉ်စားသုံးမှုမှာ ဗီတာမင်ဒီကို ထည့်သွင့်သုံးဆောင်ပါ။ မှိုကတော့ အကောင်းဆုံးပါပဲ။ ဗီတာမင်ဒီ အားဖြည့်ဆေး သုံးဆောင်လည်း အဆင်ပြေပါတယ်။