မည္းညစ္ေနတဲ့ တံေတာင္ဆစ္ကို ျပန္လည္ျဖဴဝင္းလာေစမယ့္ နည္းလမ္းေကာင္းမ်ား

အသားအေရကိုလွပဖို႔ႀကိဳးပမ္းေနၾကတဲ့အခ်ိန္မွာ သိထားဖို႔လိုအပ္တာတစ္ခုက မ်က္ႏွာအသားအေရလွပေန႐ံုနဲ႔ အဆင္မေျပေသးဘူးဆိုတာပါပဲ။ တစ္ခါတစ္ေလမွာ တံေတာင္ဆစ္မွာ ညိဳမဲေနတာမ်ိဳးေတြလည္းရွိတတ္တာေၾကာင့္ ဒီလိုအရာေတြကို အျမန္ဆံုးေပ်ာက္ကင္းေအာင္ ေျဖရွင္းႏိုင္မယ့္နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Vaseline ေလးပံုမွန္လိမ္းေပးပါ
ညဘက္အိပ္ခါနီးအခ်ိန္မွာ Vaseline ေလးနဲ႔ တံေတာင္ဆစ္ကညိဳမဲေနတာေတြကို သက္သာေပ်ာက္ကင္းေအာင္ လုပ္လို႔ရပါတယ္။ တံေတာင္ဆစ္ကို ေရေႏြးေႏြးေလးနဲ႔ သန္႔စင္ေပးၿပီးအဝတ္သန္႔ေလးနဲ႔ ျပန္ၿပီးေတာ့သုတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ Vaseline ကိုတံေတာင္ဆစ္အႏွံ႔လိမ္းေပးၿပီး အဝတ္သန္႔သန္႔ေလးနဲ႔ ပတ္ၿပီးေတာ့အိပ္လိုက္ပါ။

မနက္မိုးလင္းတဲ့အခ်ိန္မွာေတာ့ တံေတာင္ဆစ္က အရင္ရက္ေတြကလိုမဟုတ္ေတာ့ပဲ စိုစိုေျပေျပေလးျဖစ္ေနတာကို ျမင္ေတြ႔ရမွာပါ။ ေန႔တိုင္းပံုမွန္လုပ္ေပးမယ္ဆိုရင္ အခ်ိန္တိုအတြင္းမွာသက္သာလာမွာပဲျဖစ္ပါတယ္။

အုန္းဆီကလည္း အသံုးဝင္ေနပါတယ္
အုန္းဆီမွာပါဝင္ေနတဲ့အစိုဓာတ္ကလည္း အသားအေရကိုစိုေျပလာေစဖို႔ အမ်ားႀကီးေထာက္ပံ့ေပးႏိုင္ပါတယ္။ အရင္ဆံုး အုန္းဆီကိုအပူေပးလိုက္ပါ။ သန္႕စင္ၿပီးေျခာက္ေသြ႔တဲ့ တံေတာင္ဆစ္ေပၚကို အပူေပးၿပီးတဲ့ အုန္းဆီေႏြးေႏြးေလးကို ညင္သာစြာလိမ္းေပးၿပီး အိပ္ယာဝင္လို႔ရပါတယ္။ မနက္အိပ္ယာႏိုးလာမွ သန္႔စင္ေပးလိုက္မယ္ဆိုရင္ ညိဳမဲေနတဲ့တံေတာင္ဆစ္ကို တျဖည္းျဖည္းသက္သာလာေစမွာပဲျဖစ္ပါတယ္။

ပ်ားရည္ကိုအသံုးျပဳေပးပါ
ပ်ားရည္စစ္စစ္ကို တံေတာင္ဆစ္ေပၚမွာလိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားထားေပးလိုက္ပါ။ အခ်ိန္ျပည့္သြားတဲ့အခါမွာ တံေတာင္ဆစ္ကိုေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာသန္႔စင္ေပးရမွာပဲျဖစ္ပါတယ္။ ပ်ားရည္ကအသားအေရကိုစုိေျပလာေစႏိုင္တာေၾကာင့္ ေန႔တိုင္းပံုမွန္ကို တစ္ေန႔ႏွစ္ႀကိမ္ေလာက္လုပ္ေပးမယ္ဆိုရင္ အခ်ိန္တိုအတြင္း သိသိသာသာေျပာင္းလဲလာမွာပဲျဖစ္ပါတယ္။

အသားအရေကိုလှပဖို့ကြိုးပမ်းနေကြတဲ့အချိန်မှာ သိထားဖို့လိုအပ်တာတစ်ခုက မျက်နှာအသားအရေလှပနေရုံနဲ့ အဆင်မပြေသေးဘူးဆိုတာပါပဲ။ တစ်ခါတစ်လေမှာ တံတောင်ဆစ်မှာ ညိုမဲနေတာမျိုးတွေလည်းရှိတတ်တာကြောင့် ဒီလိုအရာတွေကို အမြန်ဆုံးပျောက်ကင်းအောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Vaseline လေးပုံမှန်လိမ်းပေးပါ
ညဘက်အိပ်ခါနီးအချိန်မှာ Vaseline လေးနဲ့ တံတောင်ဆစ်ကညိုမဲနေတာတွေကို သက်သာပျောက်ကင်းအောင် လုပ်လို့ရပါတယ်။ တံတောင်ဆစ်ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးပြီးအဝတ်သန့်လေးနဲ့ ပြန်ပြီးတော့သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ Vaseline ကိုတံတောင်ဆစ်အနှံ့လိမ်းပေးပြီး အဝတ်သန့်သန့်လေးနဲ့ ပတ်ပြီးတော့အိပ်လိုက်ပါ။

မနက်မိုးလင်းတဲ့အချိန်မှာတော့ တံတောင်ဆစ်က အရင်ရက်တွေကလိုမဟုတ်တော့ပဲ စိုစိုပြေပြေလေးဖြစ်နေတာကို မြင်တွေ့ရမှာပါ။ နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာသက်သာလာမှာပဲဖြစ်ပါတယ်။

အုန်းဆီကလည်း အသုံးဝင်နေပါတယ်
အုန်းဆီမှာပါဝင်နေတဲ့အစိုဓာတ်ကလည်း အသားအရေကိုစိုပြေလာစေဖို့ အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ အရင်ဆုံး အုန်းဆီကိုအပူပေးလိုက်ပါ။ သန့်စင်ပြီးခြောက်သွေ့တဲ့ တံတောင်ဆစ်ပေါ်ကို အပူပေးပြီးတဲ့ အုန်းဆီနွေးနွေးလေးကို ညင်သာစွာလိမ်းပေးပြီး အိပ်ယာဝင်လို့ရပါတယ်။ မနက်အိပ်ယာနိုးလာမှ သန့်စင်ပေးလိုက်မယ်ဆိုရင် ညိုမဲနေတဲ့တံတောင်ဆစ်ကို တဖြည်းဖြည်းသက်သာလာစေမှာပဲဖြစ်ပါတယ်။

ပျားရည်ကိုအသုံးပြုပေးပါ
ပျားရည်စစ်စစ်ကို တံတောင်ဆစ်ပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာ တံတောင်ဆစ်ကိုရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးရမှာပဲဖြစ်ပါတယ်။ ပျားရည်ကအသားအရေကိုစိုပြေလာစေနိုင်တာကြောင့် နေ့တိုင်းပုံမှန်ကို တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသိသာသာပြောင်းလဲလာမှာပဲဖြစ်ပါတယ်။