ဆားဝက်ခြံနဲ့အဆီဖုကင်းပြီး ကြည်လင်တဲ့ အသားအရေကို တစ်ပတ်အတွင်း ရအောင်လုပ်နည်

ပျိုမေတို့မျက်နှာလေးမှာ ဆားဝက်ခြံနဲ့ အဆီဖုလေးတွေဖြစ်နေတယ်၊ အသားအရောင်ကလည်း မညီဘဲ ညစ်နွမ်းနေတယ်ဆိုရင် ဒါတွေကို တတ်နိုင်သလောက် အမြန်ဆုံးသက်သာချင်မှာပါပဲ။ အပြစ်အနာအဆာရှိတဲ့ အသားအရေကို ချက်ချင်းကောင်းသွားအောင် လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အချိန်တစ်ခုတော့ပေးရမှာပါ။ ဒါပေမယ့် ပျိုမေတို့ လိုချင်တဲ့ အပြစ်အနာအဆာကင်းတဲ့ အသားအရေကို အချိန်တစ်ပတ်အတွင်း ရနိုင်ဖို့ ဒီနည်းလမ်းလေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) မျက်နှာမသစ်ခင်လက်ကိုသေချာဆေးပါ

အသားအရေကောင်းချင်တဲ့သူတွေက လက်ကို အမြဲသန့်နေအောင် အထူးသတိထားဖို့လိုပြီး မျက်နှာကို လက်နဲ့ထိတာ၊ ဝက်ခြံကို လက်နဲ့ညှစ်တာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။ အထူးသဖြင့် မျက်နှာသစ်ခါနီးအချိန်မှာ လက်ကို သန့်နေအောင်သေချာဆေးပြီးမှ မျက်နှာသစ်ပေးပါ။

(၂) ရေနွေးစိမ်ထားတဲ့တဘက်ကိုသုံးပါ

မျက်နှာသစ်ဆေးသုံးပြီး မျက်နှာတစ်ကြိမ်သစ်ပြီးပြီဆိုရင် မျက်နှာပေါ်က ဆားဝက်ခြံ၊ အဆီဖုလေးတွေကို ရှင်းပါမယ်။ တဘက်သန့်သန့်တစ်ထည်ကိုရေနွေးဆူဆူထဲမှာ တစ်မိနစ်ခန့် စိမ်လိုက်ပြီး ရေပြောင်အောင် ညှစ်လိုက်ကာ မျက်နှာပေါ်မှာ မိနစ်အနည်းငယ် အုပ်ထားပေးပါ။ ပြီးရင် တစ်သျှူးလေးနဲ့ဆားဝက်ခြံ၊ အဆီဖုလေးတွေကို ညှစ်ထုတ်ပေးလိုက်ပါ။

(၃) သဘာဝကြေးချွတ်နည်းလမ်းနဲ့မျက်နှာကြေးချွတ်ပါ

ဆားဝက်ခြံနဲ့အဆီဖုလေးတွေ ထုတ်ပြီးရင် ချွေးပေါက်ထဲက အညစ်အကြေးတွေ လုံးဝသန့်စင်သွားအောင် သဘာဝနည်းလမ်းနဲ့ကြေးချွတ်ပါမယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေနည်းနည်းနဲ့ရောပြီး အနှစ်ပျစ်ပျစ်လေးရအောင် လုပ်ပါ။ အဲ့ဒီအနှစ်နဲ့ မျက်နှာအနှံ့ လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပြီး ရေအေးနဲ့ဆေးချပေးလိုက်ပါ။

(၄) သံပရိုရည် ဒါမှမဟုတ် ပန်းသီးရှာလကာရည်ကို တိုနာအဖြစ်သုံးပါ

မျက်နှာကြေးချွတ်ပြီးတဲ့အချိန်မှာ ချွေးပေါက်တွေပြန်ပိတ်ဖို့တိုနာသုံးဖို့လိုပါတယ်။ သံပရိုရည် ဒါမှမဟုတ် ပန်းသီးရှာလကာရည်ကိုရေသန့်နဲ့ဆတူရောပြီး စပရေးဗူးထဲထည့်ပြီး မျက်နှာအနှံ့ဖျန်းပေးလိုက်ပါ။ ဂွမ်းလေးနဲ့ဆွတ်ပြီး လိမ်းပေးလို့လည်းရပါတယ်။ ဒါပေမယ့် သံပရိုရည်၊ ပန်းသီးရှာလကာရည်ကို မျက်နှာပေါ်မှာ (၃) မိနစ်ထက် ပိုကြာကြာထားမယ်ဆိုရင် ချွေးပေါက်ကို ပိုကျယ်စေတာကြောင့် မျက်နှာမှာ လိမ်းပြီး (၃) မိနစ်ကြာရင် ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါ။

(၅) ရေအေးနဲ့ပဲမျက်နှာသစ်ပါ၊ အစိုဓာတ်ဖြည့်ခရင်မ်လိမ်းပါ

အသားအရေကြည်လင်ချင်တဲ့သူတွေက ရေနွေးစိမ်ထားတဲ့ တဘက်ကို သုံးလို့ရပေမယ့် ရေနွေးနဲ့မျက်နှာကို တိုက်ရိုက်ထိပြီးမျက်နှာမသစ်ပါနဲ့။ ရေအေးနဲ့ပဲ မျက်နှာသစ်ပါ။ ပြီးရင် အစိုဓာတ်ဖြည့်ခရင်မ်ကို လိမ်းဖြစ်အော င်လိမ်းပေးပါ။