အဆီတွေကို အမြန်ဆုံးနည်းနဲ့ကျစေမယ့် အရည်(၄)မျိုး

လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့ပျိုမေလေးတွေနဲ့၊ အချိန်မပေးနိုင်ဘူးဆိုတဲ့ ပျိုမေလေးတွေအတွက် သတင်းကောင်းရှိပါတယ်။ အဲဒါကတော့ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်တာထက် ပိုပြီးဝိတ်ကျစေနိုင်တဲ့ အရည်တွေကို တွေ့ထားလို့ပါ။ ဒီထဲက ကြိုက်နှစ်သက်ရာ အရည်ကို တစ်နေ့တစ်ခွက် သောက်ပေးရုံနဲ့ အဆီတွေကျပြီး သွယ်လျသွားမှာဖြစ်ပါတယ်။

(၁) လက်ဖက်စိမ်း

လက်ဖက်စိမ်းရည်ဟာ မသိသူမရှိလောက်အောင် ကောင်းမွန်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ကျန်းမာရေးအတွက်အထူးကောင်းမွန်သလို၊ တခြားကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါတင်မကသေးပါဘူး လက်ဖက်စိမ်းရည်ဟာ အဆီတွေကိုလည်း လျင်မြန်စွာကျစေနိုင်တဲ့ အစွမ်းထက်ဆေးတစ်မျိုးဖြစ်ပါတယ်။ အကြောင်းရင်းက လက်ဖက်စိမ်းထဲမှာ Carechins ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီ့ဓာတ်က ခန္ဓာကိုယ်ရဲ့အညစ်အကြေးစွန့်တဲ့စနစ်ကို ကောင်းမွန်စေပြီး အဆီတွေကိုလောင်ကျွမ်းစေနိုင်လို့ပဲဖြစ်ပါတယ်။ ရေနွေးထဲ ခပ်သောက်ရုံပါပဲနော်။

(၂) သစ်ကြံပိုးခေါက်

သစ်ကြမ်းပိုးဟာ အနံ့ချိုချိုနဲ့ အနည်းငယ်ပူတဲ့ အရသာမျိုးရှိပြီး ဟင်းချက်တဲ့အခါတွေမှာ ထည့်ပြီး အသုံးပြုလေ့ရှိပါတယ်။ သစ်ကြံပိုးခေါက်ဟာ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့အပြင် သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိတာကြောင့် ဝိတ်မတက်အောင် ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေတဲ့အတွက် အထူးသဖြင့် ဗိုက်နားတစ်ဝိုက်က အဆီတွေကို အမြန်ဆုံးကျစေနိုင်ပါတယ်။သစ်ကြမ်းပိုးခေါက်မှုန့်ကို ပျားရည်အနည်းငယ်၊ ရေနွေးတို့နဲ့ ရောပြီး တစ်နေ့တစ်ခွက်ပုံမှန်သောက်သုံးပေးခြင်းဖြင့် အမြန်ဆုံးအဆီကျပြီးသွယ်လျသွားမှာဖြစ်ပါတယ်။

(၃) စနွင်း

စနွင်းဟာ အိမ်တိုင်းလိုလိုမှာ ရှိတဲ့မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်ပါတယ်။ စနွင်းမှာ antioxidant ကြွယ်ဝစွာပါဝင်ပြီး အစွမ်းထက်အာနိသင်တွေရှိတာကြောင့် ဆေးပညာတော်တော်များများမှာလည်း အသုံးပြုကြပါတယ်။ စနွင်းဟာ အဆီကျစေတဲ့အပြင် ဝမ်းကိုလည်းမှန်စေပါတယ်။ သွေးတွင်းရှိသကြားပမာဏကိုလည်း လျှော့ချပေးနိုင်ပြီး ဝမ်းတွင်းကိုကျမ်းမာစေနိုင်တဲ့အပြင် အဆီတွေကိုလည်း လျင်မြန်စွာကျစေနိုင်ပါတယ်။ ရေနွေး၊ ပျားရည်တို့နဲ့ ဖျော်သောက်ပေးရုံပါပဲ။

(၄) ဂျင်းသံပုယို

ဂျင်းနဲ့သံပုယိုကို ရောပြီး ရေနွေးထဲ ခပ်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီတွေကို ကျစေတဲ့အပြင် အားအင်လည်းပြည့်စေပါတယ်။ ဒီအရည်ထဲ antioxidant ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဗီတာမင်စီပါဝင်လို့ အသားအရေကိုလည်း လှပစေပါတယ်။ ဒါ့အပြင် ဆာလောင်မှုကိုလည်း လျော့နည်းစေပြီး သွေးတွင်းရှိ သကြားပမာဏကို လျှော့ချပေးပါတယ်။ အဆီကိုလည်း လျင်မြန်စွာကျစေပြီး သွယ်လျသွားစေပါတယ်။