ဝက်ခြံအမာရွတ်၊ချိုင့်ခွက်တွေကို ခွဲစိတ်လိုက်သလိုမျိုး ပြန်ကောင်းသွားစေမယ့်နည်းလမ်း(၄)ခု
(၁) သင်္ဘောသီး
(၂) ငှက်ပျောသီး
(၃) သခွားသီး
မျက်နှာမှာဝက်ခြံ၊အဆီဖုတွေရှိတာက အလှပျက်စေသလိုပဲ ဝက်ခြံဖြစ်ပြီးလို့အမာရွတ်ချိုင့်ခွက်လေးတွေကျန်ခဲ့ရင်လည်း အဆင်မပြေပါဘူး။ ဒီတော့ မျက်နှာအသားအရေပေါ်ကအမာရွတ်နဲ့ချိုင့်ခွက်တွေကို အချိန်တိုအတွင်းမှာလုံးဝအရှင်းဖယ်ရှားပေမယ့် သဘာဝနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁) သငေ်္ဘာသီး
အရင်ဆုံးမျက်နှာကိုသန့်နေအောင်သစ်ပြီး သငေ်္ဘာသီးမှည့်ကိုခြေကာ မျက်နှာပေါ်မှာထူထူလေးလိမ်းထားပေးလိုက်ပါ။ မိနစ် ၂၀ ကြာရင် ရေအေးလေးနဲ့မျက်နှာသစ်ပြီး တိုနာနဲ့အစိုဓာတ်ဖြည့်ခရင်မ်လေးလိမ်းပေးပါ။ ညတိုင်းလုပ်ပေးမယ်ဆိုရင် အမာရွတ်၊ချိုင့်ခွက်တွေကိုပြန်ကောင်းလာစေပါလိမ့်မယ်။
(၂) ငှက်ပျောသီး
ငှက်ပျောသီးတစ်လုံးကိုပျားရည်တစ်ဇွန်းနဲ့ရောမွှေကာ မျက်နှာအနှံ့လိမ်းပေးပြီး ၁၅ မိနစ်ကြာရင် ရေနွေးလေးနဲ့မျက်နှာပြန်သစ်ပေးလိုက်ပါ။ ပြီးရင် လိမ်းနေကျတိုနာနဲ့အစိုဓာတ်ဖြည့်ခရင်မ်ကိုလိမ်းပေးပါ။ တစ်ရက်ခြားတစ်ခါလုပ်ပေးရုံနဲ့ ဝက်ခြံအမာရွတ်တွေကိုမှေးမှိန်လာစေပြီး ချိုင့်ခွက်တွေကိိုပြန်ပြည့်လာစေနိုင်ပါတယ််။
(၃) သခြားသီး
အရင်ဆုံးမျက်နှာသစ်ပြီး အမာရွတ်နဲ့ချိုင့်ခွက်တွေရှိတဲ့နေရာမှာ သခွားသီးအလွှာလေးတွေကို မိနစ် ၂၀ လောက်ကပ်ပြီး ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ ပြီးရင် အစိုဓာတ်ဖြည့်ခရင်မ်လိမ်းပေးပါ။ ညတိုင်းလုပ်ပေးရင် အမာရွတ်ချိုင့်ခွက်တွေလုံးဝအရှင်းပျောက်ပြီးမျက်နှာလေးချောမွတ်လာပါလိမ့်မယ်။
(၄) ရေနွေးငွေ့ပေါင်းတင်နည်း
မျက်နှာသစ်ပြီးရေနွေးငွေ့နဲ့၁၅မိနစ်လောက်ချွေးပေါက်ပွင့်အောင်လုပ်ပါ။ တစ်သျှူးလေးနဲ့ဆားဝက်ခြံတွေထွက်လာအောင် ပွတ်သုတ်လိုက်ပြီး မျက်နှာသစ်ဆေးနဲ့မျက်နှာသစ်ပါ။ ပြီးရင် စန္ဒကူးမှုန့်နဲ့ Rose water ကိုအနှစ်ဖြစ်အောင်ရောပြီး ဝက်ခြံအမာရွတ်တွေရှိတဲ့နေရာမှာထူထူလေးလိမ်းပေးပါ။ မိနစ် ၂၀ ကြာရင်ရေအေးနဲ့မျက်နှာပြန်သစ်ပေးလိုက်ပါ။ ဒီနည်းလေးကို တစ်ပတ်တစ်ခါလောက်လုပ်ပေးရင် မျက်နှာပေါ်ကဝက်ခြံတွေပါးလာပြီး နူးညံ့ချောမွတ်လာပါလိမ့်မယ်။