အရမ်းဝနေလို့ အားငယ်ပြီး စိတ်မညစ်နဲ့ ၃ရက်အတွင်း ပေါင်၆ ပေါင် အမြန်ကျနည်း

၃ရက်အတွင်းမှာ ၀ိတ်ချဖို့ ဆိုတာ တကယ်တော့ သိပ်တော့ မဖြစ်နိုင်ဘူးလို့ တော်တော်များများက ထင်ကြမှာပါ။ ဒါပေမယ့် ကြက်ဥကို အခြေခံတဲ့ Diet Plan လေးကတော့ ၃ရက်အတွင်းမှာ သင့်ကို အကူအညီတွေ ကောင်းကောင်း ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီ ၃ရက်အတွင်းမှာ အဓိက ရှောင်ရမှာကတော့ ပါစတာ ၊ ငံလွန်းတဲ့ အစားအစာ ၊ သကြားနဲ့ချိုလွန်းတဲ့ အစားအစာ ၊ Fast Food ၊ အဆီများလွန်းတဲ့ အစားအစာ ၊ ကြော်ထားတဲ့ အစားအစာတွေ ဥပမာ – အာလူးကြော် ၊ အကြော်စုံလို အစားအစာတွေပါပဲ။ Diet Plan မတိုင်ခင် ကိုယ့်ရဲ့အလေးချိန်ကို သေချာ ချိန်ထားပါ။ ပြီးရင် ၃ရက်ပြီးတာနဲ့ ထပ်ချိန်ပါ။

ပထမနေ့

မနက်စာ
ကြက်ဥပြုတ် ၂လုံး ၊ ခရမ်းချဉ်သီး ၂လုံးနဲ့ Green Tea တစ်ခွက်လောက် သောက်ပါ။
နေ့လည်စာ
ကြက်ဥပြုတ် ၂လုံး ၊ ငါး (ပြုတ်ထား၊ ကင်ထား) ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက်လောက် သောက်ပေးပါ။

သရေစာ
ပန်းသီးတစ်လုံးကို မကြိုက်လဲ ပုံမှန်စားပေးပါ။
ညစာ
မုန်လာဥ၊ ပန်းပွင့်စိမ်း ၊ ပန်းဂေါ်ဖီ ၊ ပဲ စသည်တို့ ကြိုက်နှစ်သက်ရာ တစ်ခုကို စားပါ။ ပြီးရင် Green Tea တစ်ခွက်လောက် သောက်ပေးပါ။

ဒုတိယနေ့

မနက်စာ
ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ ငှက်ပျောသီး ၁လုံး နဲ့ Green Tea တစ်ခွက်လောက် သောက်ပေးပါ။
နေ့လည်စာ
ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ အရေခွံဆုတ်ထားတဲ့ ကြက်သား ၁၂၀ ဂရမ် စားပါ ။ ပြီးရင် Green Tea တစ်ခွက်လောက် သောက်ပေးပါ။

ညစာ
မုန့်ကြွပ်ပြား တစ်ချပ် (ခရစ်ကာတစ်ချပ်) ၊ ချိစ်၁၂၀ ဂရမ် (Cottage Cheese) နဲ့ Low Fat နွားနို့တစ်ခွက်လောက် သောက်ပေးပါ။

တတိယနေ့

မနက်စာ
ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး နဲ့ ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်လောက် သောက်ပေးပါ။
နေ့လည်စာ
ကြက်ဥပြုတ် ၂လုံး ၊ ဆီနည်းနည်းနဲ့ ချက်ထားတဲ့ အနီရောင်အသား ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက်လောက် သောက်ပေးပါ။
ညစာ
အာလူးကင် ၂လုံး၊ မုန်လာဆလပ်ရွက် အနည်းငယ်နဲ့ Green Tea တစ်ခွက်လောက် သောက်ပေးပါ။

ဒီနည်းလမ်းတွေကိုသာ ဝနေတဲ့လူတစ်ယောက်အနေနဲ့ ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် ၃ရက်အတွင်း ပေါင် ၆ပေါင်ကျမယ်ဆိုတာ စာရေးသူ ရဲရဲကြီး အာမခံပါတယ်။ အားလုံးပဲ လှပပြည့်စုံတဲ့ခန္ဓာကိုယ်လေးကို အမြဲတမ်း ပိုင်ဆိုင်နိုင်ကြပါစေ။