အမျိုးသမီးများအတွက် အြဆီကျ လှပဖို့ ကြိုးခုန်နည်းများ

အမျိုးသမီးများအတွက် ပြုလုပ်သင့်တဲ့ အဆီကျ လှပဖို့ ကြိုးခုန်စို့

မိန်းမသားများအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးထူးရှိစေဖို့ မိမိအိမ်မှာပင် ကြိုးခုန်ခြင်းသည်လည်း အကျိုးများစွာ ထူးလှတာမို့ ဒီလို ပြောပြချင်ပါတယ်။ ကြိုးခုန်ခြင်းဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပိုတွေကို ကျဆင်းစေတဲ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှူကိုပါ ကာကွယ်ပေးပါတယ်။

ကြွက်သားတွေကို ကျစ်လစ် သန်မာစေတဲ့အတွက် ကြိုးခုန်ခြင်းကို နေ့စဉ် အချိန်တစ်ချိန် ပေးပြီးပြုလုပ်သင့်ပါတယ်။ ကြိုးခုန်ခြင်းဟာ အချိန်အနည်းငယ် အတွင်းမှာပင် ခန္ဓာကိုယ် ပြေပြစ်ခြင်း၊ အရိုးသန်မာခြင်း၊ နှလုံးကျန်းမာခြင်း၊ လန်းဆန်း တက်ကြွခြင်းစတဲ့ အကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။

နှလုံး အားကောင်းခြင်း

ကြိုးကို နေ့စဉ်ပုံမှန် ခုန်ခြင်းကြောင့် နှလုံးကြွက်သားများ သန်မာလာစေပြီး ပင်ပန်းတဲ့ အလုပ်များကိုပင် လုပ်ကိုင်နိုင်လာကာ စိတ်ဖိစီးမှူ ခံနိုင်ရည်စွမ်းအား မြင့်တက်လာမှာဖြစ်ပါတယ်။ တစ်နေ့လျှင် ဆယ်မိနစ်မှ မိနစ်နှစ်ဆယ်ထိ တစ်ပတ်လျှင် အနည်းဆုံး ငါးရက် ကြိုးခုန်ပေးပါက
နှလုံးခုန်နှူန်းများ ကျဆင်းကာ နှလုံးကို သန်မာလာစေမှာဖြစ်ပါတယ်။

တစ်နေ့လျှင် ဆယ်မိနစ် ကြိုးခုန်ခြင်းဟာ မိနစ်သုံးဆယ် ပြေးခြင်းမှ ရရှိတဲ့ အကျိုးသက်ရောက်မှူကို ထပ်တူရနိုင်မှာ ဖြစ်ပါတယ်။

အရိုးများ အတွက်

ကြိုးခုန်တဲ့ အားကစားနည်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းနိုင်တဲ့အပြင် အရိုးများကိုလည်း သန်မာလာစေပါတယ်။ လက်ကောက်ဝတ်နဲ့ ဒူးများသန်မာလာတဲ့အပြင် အချက်မှန်မှန် ခုန်ရတဲံ့အတွက် ခန္ဓာကိုယ်အထက်ပိုင်းကို ကျန်းမာစေပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းကို ပေါ့ပါးစေကာ ခြေထောက်များ ခိုင်ခန့်မြဲမြံ လာတာကို တွေ့ရပါတယ်။ အလွန် အလုပ်များလို့ အချိန်မပေးနိုင်ရင် အနည်းဆုံး ငါးမိနစ်ခန့် ခုန်ခြင်းအားဖြင့် အရိုးရောဂါများကို ကာကွယ်နိုင်ပါတယ်။

အဆီ ကျစေခြင်း

ကြိုးခုန်ခြင်းလေ့ကျင့်ခန်းဟာ ခြေထောက် ပေါင် ဝမ်းဗိုက်စတဲ့ နေရာတွေက မလိုလားအပ်တဲ့ အဆီတွေကို ကျဆင်းစေပါတယ်။ ဝသူများ ဝိတ်ကျချင်သူများ အနေနဲ့ တစ်နေ့ကို နာရီဝက်ခန့် ကြိုးခုန်ပေးပါ။ မိနစ် ၃၀ လောက် ကြိုးခုန်ခြင်းဟာ ကယ်လိုရီ ၃၄၀ အထိ လောင်ကျွမ်းစေနိုင်တာမို့ အလွန် ထိရောက်တဲ့ အားကစားပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည် တိုးတက်

လုပ်ငန်းခွင်မှာ ပင်ပန်း နွမ်းနယ်နေသူများ နေ့ခင်းဘက်တွင် လေးလံ ထိုင်းမှူိင်းနေသူများ ကြိုးခုန်ပေးသင့်ပါတယ်။ တစ်နေ့ကို ၅ မိနစ် ကြိုးခုန်ပေးခြင်းအားဖြင့် တစ်လတာကို အလုပ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည် ၂၅ ရာခိုင်နှူန်းလောက်ထိ တိုးတက် လာနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ကြိုးခုန်ခြင်းဟာ ဦးနှောက်အာရုံကြောများကို ဖွံ့ဖြိုးတိုးတက်စေပြီး ဦးနှောက် အာရုံစူးစိုက်မှူအား ပိုမိုကောင်းမွန် လာစေပါတယ်။

ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ အထူး ငွေကုန်စရာမလိုပဲ အိမ်တွင်းမှာပင် ပြု လုပ်နိုင်တဲ့ ခန္ဓာကိုယ်သွယ်လျ ကာ သွက်လက် ဖျပ်လတ်စေရန် အကောင်းဆုံးမို့ လူတိုင်း ကစားသင့်ပါကြောင်း…..