ခံစားရတဲ့ဝေဒနာတွေကိုသက်သာစေမဲ့ နိပ်နည်းများ

သင့် ခန္ဓာကိုယ်မှာ နာတာရှည် ရောဂါမျိုး မဟုတ်ပဲ ရုတ်တရက် ဝင်ရောက် လာတတ်တဲ့ ဧည့် ဝေဒနာတွေကို မောင်းထုတ် နိုင်ဖို့ သင် ကိုယ်တိုင် နှိပ်နယ် ပေးခြင်းဖြင့် သက်သာစေရာ၏ ။

အိပ် မပျော်လျှင်

ညဘက် တွေမှာ သင် အအိပ် ခက်ပြီး အိပ် မပျော်ခြင်း ဝေဒနာ ရုတ်တရက် ဖြစ်နေခဲ့တယ် ဆိုရင် လက်သန်းရဲ့အောက်ဆုံး အချေ ကို လက်ဖဝါး ဘက်မှ နှိပ်နယ်ပါ ။

ချောင်းဆိုးလျှင်

အကြောင်း အမျိုးမျိုးကြောင့် ချောင်းဆိုး ခဲ့တယ် ဆိုရင် လည်ချောင်း နေရာကို ဖြည်းညှင်းစွာနှိပ် ပေးပါ။

အစာများများ စားဖြစ်ခဲ့ရင်

အစားအစာ များကို စားသင့် တာထက် ပိုစား မိခဲ့လို့ မအီမသာ ဖြစ်နေခဲ့ရင် လက်ကောက်ဝတ်အတွင်းဘက် နေရာကို ညင်ညင်သာသာ နှိပ်နယ်ပါ ။

ရာသီ ဝေဒနာ

အမျိုးသမီးများ ရာသီမလာမှီ ကိုက်ခဲ နာကျင်ခြင်း ဖြစ်ပေါ် နေရင် ခြေဖဝါး အလယ်ကို အချိန်နှစ် မိနစ် သုံးမိနစ်ခန့် နှိပ်နယ် ပေးပါ ။

အအေးမိလျှင်

ရုတ်တစ်ရက် အအေးမိခြင်း ဖြစ်ခဲ့ရင် နှာခေါင်း ဘေးတစ်ဘက် တစ်ချက်ကို တပြိုင်တည်းနှိပ်နယ် ပေးပါ ။

ရောင်ရမ်းမှု ဝေဒနာ

သင့်ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု ဝေဒနာ ခံစားနေရပြီ ဆိုရင် လက်ကောက်ဝတ် အပေါ်ဘက် ဘေးကျသော နေရာ လက်မ အောက်ခြေ ဘက်ကို နှိပ်နယ်ပါ ။

အစာအိမ် အူလမ်းကြောင်း

အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ဝေဒနာ ဖြစ်ပေါ်နေတဲ့ အခါ လက်မနဲ့ လက်ညှိုးကြား ကအသားဆိုင်ကို နှိပ်နယ်ပါ ။

ကိုယ်တွင်းအင်္ဂါ လုပ်ငန်း ဆောင်တာ

ကိုယ်တွင်းအင်္ဂါ ရပ်တွေရဲ့ လုပ်ငန်းဆောင်တာ များ မကောင်းတာကြောင့် ဗိုက် ပြဿနာရင်ခေါင်း ပြဿနာများ ဖြစ်ခဲ့ရင် ဝမ်းဗိုက်ရဲ့ ဘေးတစ်ဘက် တစ်ချက် နံကြား များကို ဖြည်းဖြည်း သာသာ နှိပ်နယ်ပါ ။

ခေါင်းကိုက်လျှင်

အကြောင်း အမျိုးမျိုးကြောင့် ခေါင်းထိုး ခေါင်းကိုက် ဖြစ်ခဲ့ရင် မျက်ခုံး နှစ်ခုကြား အလယ် ဗဟို နေရာကို စက်ဝိုင်း ပုံသဏ္ဍာန် လှည့်ပတ်၍ နှိပ်နယ် ပေးပါ ။

အမှတ်တမဲ့ ဧည့်ဆိုး တွေကို မောင်းထုတ်တဲ့ နည်းလေး သိပြီဆိုတော့ ဆေးဝါး မကူပဲ သက်သာနိုင်ပြီပေါ့.. . ။

စန္ဒီမြင့်မိုရ်