ခရမ်းချဉ်သီးစားရင် အန္တရာယ်ရှိနိုင်တဲ့ ကျန်းမာရေး အခြေအနေမျာ

ခရမ်းချဉ်သီးစားတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယေဘုယျအားဖြင့် ယူဆထားပေမယ့် ခရမ်းချဉ်သီးတွေက တချို့အခြေအနေတွေမှာ ကံမကောင်းရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်မှာ အောက်ပါလက္ခဏာတစ်ချို့ရှိရင်ခရမ်းချဉ်သီးကို လေးပတ်လောက် မစားပဲနေကြည့်ပြီး သင့်ခန္ဓာကိုယ်ရဲ့ ဓါတ်ပြုမှုတွေကို စောင့်ကြည့်ပါ။ ဘယ်လိုလက္ခဏာတွေဖြစ်နေရင် ခရမ်းချဉ်သီးကို ရှောင်မလဲ?

၁။ acid reflux (အက်စစ်ပြန်စီးခြင်း) ကိုဖြစ်ပေါ်စေပါတယ်

ခရမ်းချဉ်သီးတွေက acidic ဖြစ်ပြီး အစာအိမ်အချဉ်ပြန်ရောဂါနှင့် အစာအိမ်ရောင်နာကဲ့သို့သော အစာအိမ်ပြဿနာရှိသူတွေမှာ ရင်ပူတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်ကျန်းမာနေရင်တောင် ခရမ်းချဉ်ဆော့ သို့မဟုတ် ခရမ်းချဉ်သီးတွေကို အလွန်အကျွံစားတဲ့အခါ ပူလောင်တဲ့ ခံစားမှုကို ခံစားရနိုင်ပါတယ်။

၂။ တချို့လူတွေမှာ အဆစ်နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်

ခရမ်းချဉ်သီးကို အများကြီးစားခြင်းက အဆစ်နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးတွေမှာ solanine လို့ခေါ်သော အယ်ကာလိုက် ရှိတာကြောင့် ဖြစ်ပါတယ်။ solanineက တစ်သျှူးတွေမှာ ကယ်လစီယမ် တည်ဆောက်ပေးပါတယ်။ အလွန်အကျွံ တည်ဆောက်မှုက အဆစ်တွေမှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ တချို့တွေမှာ ကျောက်ကပ်ပြဿနာတွေ တွေ့ကြုံရပါတယ်

အထက်မှာဖော်ပြထားသလိုပါပဲ။ ခရမ်းချဉ်သီးတွေက ခန္ဓာကိုယ်မှာ ကယ်လစီယမ် တည်ဆောက်စေပါတယ်။ ခရမ်းချဉ်သီးတွေကို အလွန်အကျွံ စားသုံးတဲ့အခါ ကျောက်ကပ်မှာ ကျောက်ဖြစ်ပေါ်စေပြီး အလွယ်တကူ metabolized လုပ်မပေးတဲ့ substance တစ်ခုဖြစ်သော oxalate လို့ခေါ်တဲ့ အရာတွေလည်း ကြွယ်ဝပါတယ်။ ခရမ်းချဉ်သီးက ကျောက်ကပ်လုပ်ငန်းကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ပိုတတ်စီယမ်တွေလည်း ကြွယ်ဝပါတယ်။ သင့်မှာ ကျောက်ကပ် ပြဿနာခံစားနေရလျှင် ခရမ်းချဉ်သီး အများကြီး မစားမိဖို့ သတိထားပါ။

၎။ ဓါတ်မတည့်မှုတွေ အတော်များများ ဖြစ်တတ်ကြပါတယ်

ခရမ်းချဉ်သီးတွေမှာ ပြင်ပကျူးကျော်မှုတွေကို တိုက်ဖျက်ပေးဖို့ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးတဲ့ histamine လို့ခေါ်သော ဒြပ်ပေါင်းတစ်ခု ပါဝင်ပါတယ်။ ဒါက အများအားဖြင့် လျှာမှာရောင်ရမ်းတာ၊ အဖုတွေပေါက်တာ၊ အသားအရေယားယံတာ ကဲ့သို့သော ဓါတ်မတည့်တဲ့ တုံ့ပြန်မှုပုံစံတွေနဲ့ လာပါတယ်။ ခရမ်းချဉ်သီးနဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိသူတွေအတွက် ဒီလက္ခဏာတွေက ပိုပြင်းထန်စေနိုင်ပါတယ်။

၅။ နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးနိုင်ပါတယ်

သင့်မှာ IBS (irritable bowel syndrome) နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိရင် ခရမ်းချဉ်သီးက ရောဂါ လက္ခဏာတွေကို တကယ်ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီထဲမှာ ဝမ်းလျှောတာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ ဝမ်းဗိုက်ဖောင်းတာ၊ လေတတ်တာ၊ ဝမ်းချုပ်တာတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ခရမ်းချဉ်သီး ဆော့တွေ ခရမ်းချဉ်သီးကဲ့သို့သော အက်ဆစ်ဓါတ် အစားအစာတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။

၆။ အများကြီးစားသုံးရင် lycopenodermia ကိုဖြစ်ပေါ်စေပါတယ်

လိုင်ကိုပန်က ခရမ်းချဉ်သီးနှင့် တခြားအစားတွေမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ အသင့်အတင့်စားသုံးတဲ့အခါ နှလုံးရောဂါတွေအတွက် ကောင်းပါတယ်။ သို့သော် အလွန်အကျွံစားတဲ့အခါ lycopenodermia လို့သိကြတဲ့ အသားအရေ ညိုမဲခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

၇။ ဆီးပြဿနာတွေကို ခံစားရပါလိမ့်မယ်

ခရမ်းချဉ်သီးကဲ့သို့သော အက်စစ်ဓါတ်မြင့်မားတဲ့ အစားအစာများက ဆီးအိမ်ကို ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်ဟာ ဆီးဝမ်းမထိန်းနိုင်ခြင်းကို ခံစားနေရလျှင်၊ ဆီးနှင့်ပတ်သတ်တဲ့ ပြဿနာတွေဖြစ်ပေါ်နေလျှင် ဒီအစားအစာတွေကို ဖြတ်တာ၊ ရှောင်တာက အကောင်းဆုံးပါ။ ခရမ်းချဉ်သီး ချက်စားတာက ဒီပြသနာတွေကို မကူညီနိုင်ပါဘူး။ခရမ်းချဉ်သီးဆော့တွေက ပိုပြီးတော့တောင် ဒုက္ခရောက်စေပါတယ်။

၈။ ခရမ်းချဉ်သီးအရွက်က အဆိပ်ဖြစ်စေနိုင်ပါတယ်

ခရမ်းချဉ်သီးအရွက်က စားသုံးလျှင် အန္တရာယ်မကင်းဘူးလို့ ယူဆကြတာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ အများကြီးစားမိလျှင် ပြင်းထန်တဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးအရွက်ကို လုံးဝရှောင်ရှားတာက အကောင်းဆုံးပါပဲ။

၉။ အော်ဂဲနစ်မဟုတ်တဲ့ ခရမ်းချဉ်သီးတွေမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ ရှိနေတတ်ပါတယ်

အော်ဂဲနစ်အတိုင်း စိုက်ပျိုးတာမဟုတ်တဲ့ ခရမ်းချဉ်သီးတွေဟာ ပိုးသတ်ဆေးအကြွင်းအကျန်တွေ အမြင့်ဆုံးအဆင့်ရှိတဲ့ အစားအစာတစ်ခုပါတယ်။ ဒီဓါတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အော်ဂဲနစ်ခရမ်းချဉ်သီးကိုသာ ရွေးချယ်စားသုံးပါ။

၁၀။ autoimmune (အလိုအလျောက်ခုခံအားဆိုင်ရာ )ရောဂါလက္ခဏာများကို ပိုဆိုးစေပါတယ်

ခရမ်းချဉ်သီးက nightshades လို့ခေါ်တဲ့ အပင်အုပ်စုတစ်စုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ nightshades တွေမှာပါတဲ့ အယ်ကာလိုက်တွေက အထူးသဖြင့် autoimmune ရောဂါရှိသူတွေအတွက် ခန္ဓာကိုယ်မှ ရောင်ရမ်းမှုတွေကို ပိုမိုဆိုးဝါးလာစေနိုင်ပါတယ်။ autoimmune ရောဂါခံစားရသူ အများစုဟာ အစားအစာထဲကနေ nightshades တွေကို ဖယ်ရှားပစ်ပြီး သူတို့ရဲ့ အလုံးစုံကျန်းမာရေး တိုးတတ်လာတာကို အတည်ပြုခဲ့ကြပါတယ်။