ပုံစံမကျဖြစ်နေတဲ့ တင်ပါးလေးကို ပြည့်တင်းလှပသွားအောင် လုပ်ပေးမယ့် လေ့ကျင့်ခန်း (၅)မျို

ပျိုမေတို့ အဝတ်အစားဝတ်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်လို့ ယုံကြည်မှုမရှိတာကြောင့် ကြိုက်ရဲ့သားနဲ့ ဝတ်ချင်ရဲ့သားနဲ့ မဝတ်လိုက်ရတာမျိုးဖြစ်ဖူးမှာပါ။ အထူးသဖြင့် ဘောင်းဘီလှလှလေးတွေ၊ စကတ်လှလှလေးတွေဝတ်ချင်ပေမယ့် တင်ပါးလေးတွေမလှလို့ ခါးရှည်အင်္ကျီတွေပဲ အမြဲဝတ်နေမိတာမျိုး၊ စကတ်ပွပွ၊ ဘောင်းဘီပွပွတွေပဲဝတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ဘာပဲဝတ်ဝတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေဖို့ တင်ပါးလေးတွေပြည့်တင်းလှပစေမယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ရိုးရိုးထိုင်ထလေ့ကျင့်ခန်း

လက်နှစ်ဖက်မှာ အလေးတုံး ဒါမှမဟုတ် ရေသန့်ဗူးအသေးတစ်ဗူးစီ ကိုင်ပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ခွဲကာ မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို အရှေ့ကို ဆန့်ထုတ်လိုက်ပြီး ဒူးကို ၉၀ ဒီဂရီကွေးကာ တစ်ဝက်ထိုင်ချလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး နဂိုအနေအထားအတိုင်းပြန်နေလိုက်ပါ။ အဲ့ဒါကို ၁၅ ခါ လုပ်ပေးပါ။

(၂) ခုန်ရတဲ့ထိုင်ထလေ့ကျင့်ခန်း

ဒူးနှစ်ဖက်ကို အနည်းငယ်ညွှတ်ပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ်အနောက်ကိုအနည်းလွှဲကာ အားယူပါ။ ပြီးရင် လက်ကို အပေါ်ကို ဆန့်ထုတ်ကာ ခုန်လိုက်ပြီး ပြန်ကျလာရင် ခန္ဓာကိုယ်ကို တစ်ဝက်ထိုင်တဲ့အနေအထားမှာ စက္ကန့်အနည်းငယ်နေပေးပါ။ အဲ့ဒါကို အခါ ၂၀ လုပ်ပေးပါ။

(၃) ခြေဆန့်မြှောက်လေ့ကျင့်ခန်း

ဒူးနှစ်ဖက်နဲ့ တံတောင်နှစ်ဖက်ကို ကွေးပြီး ကြမ်းပြင်ပေါ်ထောက်ကာ လေးဘက်ထောက်ပုံစံမျိုးနေပါ။ ခေါင်းကို ကြမ်းပြင်ဘက်ငုံ့ထားပြီး ခြေထောက်တစ်ဖက်ကို အနောက်ကို ဆန့်ထုတ်ကာ အပေါ်ကိုမြှောက်လိုက်ပါ။ အဲ့ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ်နေပြီး နဂိုပုံစံပြန်နေပါ။ ဘယ်ညာ တလှည့်စီ အကြိမ် ၂၀ လုပ်ပေးပါ။

(၄) လိပ်ပြာပုံလေ့ကျင့်ခန်း

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုအနောက်မှာထောက်ထားပြီး ဒူးနှစ်ဖက်ကိုကွေးကာ ခြေဖနောင့်တွေကို ထိကပ်ထားပါ။ တင်ပါးဆုံကိုမြှင့်တင်လိုက်ပြီး ဒူးနှစ်ဖက်ကို ကပ်လိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး နဂိုပုံစံပြန်နေလိုက်ပါ။ အဲ့ဒါကို ၁၂ ကြိမ် လုပ်ပေးပါ။

(၅) ခြေထောက်ဘေးမြှောက်လေ့ကျင့်ခန်း

ပုံမှာပြထားတဲ့အတိုင်းနေပြီး ညာဘက်ခြေထောက်ကို အပေါ်ဘက်မြှောက်နိုင်သလောက်မြှောက်လိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းလောက်နေပြီး ခြေထောက်ကိုပြန်ချပါ။ ညာဘက် ၁၅ ကြိမ်လုပ်ပြီး ဘယ်ဘက် ၁၅ ကြိမ် ပြန်လုပ်ပေးပါ။