Listerine(လစ်စထရင်း)ကို နောက်ထပ်အသုံးပြုလို့ရမယ့် နည်းလမ်း(၁၀)မျိုး

Listerine(လစ်စထရင်း) က ခံတွင်းသန့်စင်ဆေးတစ်ခုအဖြစ်သာ အသုံးပြုလို့ရတာမဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။ Listerine ကို အမျိုးမျိုးအသုံးပြုလို့ရအောင် ဖန်တီးခဲ့တယ်လို့ ထင်ပါတယ်။ ၎င်းကို အမျိုးမျိုးသောရည်ရွယ်ချက်များအတွက် ခွဲစိတ်ခန်းသုံး ပိုးသတ်ဆေးအဖြစ် 1879 ခုနှစ်မှာ စတင်တီထွင်ခဲ့ပြီး 1970ခုနှစ်များမှာ မကောင်းတဲ့အနံဆိုးတွေ ပျောက်ကင်းဖို့ ခံတွင်းသန့်စင်ဆေးအဖြစ် ဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။

Listerineကိုဘယ်လိုအသုံးပြုလို့ရသေးလဲ?

(၁) သင့်ရဲ့ ဖန်သားပြင်ကိုသန့်စင်

ကွန်ပျူတာ၊ တီဗွီစတဲ့ ဖန်သားပြင်တွေပေါ်က လက်ချောင်းရာတွေ ဖုန်တွေကို ရှင်းလင်းဖို့ ၎င်းကို နူးညံ့တဲ့ အဝတ်စတစ်ခုပေါ်မှာဖြန်းပြီး အသုံးပြုနိုင်ပါတယ်။

(၂) ခွေးတွေကိုယ်ပေါ်က သန်းတွေဖယ်ရှားဖို့

ဓါတုပစ္စည်းတွေပြည့်နေတဲ့ ဈေးကြီးထုတ်ကုန်တွေအစား သင့်ခွေးအရေပြားပေါ်ကို Listerine အနည်းငယ်ပွတ်ပေးပါက သန်းများပျောက်ကင်းစေမှာပါ။

(၃) အမှိုက်သရိုက် အနံ့တွေ ဖယ်ရှားပေး

Listerine ထဲမှာ စက္ကူပုဝါတစ်ခုကိုစိမ်ပြီး အနံ့ဆိုးများကိုဖယ်ရှားဖို့ အမှိုက်ထဲမှာ ထည့်ထားပါက ကောင်းမွန်ပြီး လတ်ဆတ်တဲ့ရနံ့တစ်ခုကျန်ခဲ့မှာပါ။

(၄) ချိုင်းကြားထဲက ဘက်တီးရီးယားနှင့် အနံ့တွေကို ဖယ်ရှားပေး

ချိုင်းကြားထဲက ဘက်တီးရီးယားများကို သေစေရန်နှင့် မွှေးရနံကျန်ခဲ့စေရန် သေးငယ်တဲ့ အဝတ်စတစ်ခုပေါ်မှာ Listerine အနည်းငယ်လောင်းထည့်ပြီး ပါးပါးလေးသုတ်လိမ်းပေးပါ။
(၅) ကြမ်းပိုးကိုက်ခြင်းနှင့် ယားယံခြင်းကို သက်သာစေ

ယားယံခြင်းမှသက်သာစေဖို့ ကြမ်းပိုးအကိုက်ခံရတဲ့နေရာပေါ်ကို Listerine ကိုပါးပါးလေးသုတ်လိမ်းပေးပါယ ဒါက အဆူးပင်တွေ စူးမိရင်လည်း အဆိပ်ပြေစေလို့ အသုံးပြုလို့ရပါတယ်။
(၆) အိမ်သာသန့်ရှင်းရေး

အိမ်သာကြွေခွက် တွေညစ်ပတ်နေလျှင် Liserineအနည်းငယ်ကို ပန်ကန်လုံးတစ်လုံးထဲလောင်းထည့်ပြီး သွားတိုက်တံအဟောင်းတစ်ခုခုနဲ့ ပွတ်တိုက်ပေးပါ။ ၎င်းက ကြွေခွက်တွေကို ဖြူစေပြီး လတ်ဆက်တဲ့ရနံ့ကျန်ခဲ့မှာပါ။

(၇)ခြေသည်းမှိုများကို ကုသလို့ရ

Listerine အရည်ကို ကော်ဇလုံတစ်ခုထဲထည့်ပြီး ခြေထောက်စိမ်ဖို့ပြင်ဆင်ပါ။ ခြေသည်းမှိုတတ်တာကို ကုသဖို့ နာရီဝက်ခန့် ခြေထောက်ကို စိမ်ထားပေးပါ။

(၈) ဘောက်များကိုသေစေ

သင့်ဦးရေပြားပေါ်မှာ Listerine အချို့ကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ဆံပင်တွေကို ပုဝါတစ်ခုနဲ့ မိနစ်အနည်းငယ် အုပ်ထားပေးပါ။ ပြီးနောက် ရေနဲ့ဆေးကြောပေးပါ။

(၉) သွားတိုက်တံအတွက် ပိုးသတ်ဆေး

သွားတိုက်တံများက ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားပိုးများ သေစေရန် Listerine အရည် အနည်းငယ်ကို ခွက်ထဲထည့်ပြီး သွားတိုက်တံကို နာရီအနည်းငယ် စိမ်ထားပေးပါ။

(၁၀) ဝက်ခြံတွေကို ဖယ်ရှားပေး

သင့်မျက်နှာကိုသန့်စင်ဖို့နဲ့တဖန်ပြန်လည်တောက်ပစေဖို့ Listerineကို ဝက်ခြံပေါ်သို့ နေ့စဉ်နှစ်ကြိမ် သုတ်လိမ်းပေးပါ။