အရမ်းလှချင်ရင် အရမ်းလိုက်နာသင့်တဲ့အခြေခံနည်းလမ်းမျာ

သင်ဟာ အလှအပပညာရှင်တွေနဲ့တွေ့တဲ့အခါမှာ သူတို့ အသားအရေ အတွက် သူတို့ဘာလုပ်တယ်၊အရေပြားအတွက် ဘယ်maskက အကောင်းဆုံးလဲ၊နောက် သူတို့အသားအရေကို အမြဲစိုပြေကျန်းမာနေအောင် ဘလိုထိန်းသိမ်းသလဲ?

အစရှိသဖြင့် သူတို့ရဲ့ တစ်ကိုယ်ရေအလှအပရေးရာလျို့ဝှက်ချက်တွေကို သိလိုကြပါတယ်။ဒီတစ်ခါမှာတော့ သင့်ရဲ့အသားအရေကို ရှယ်ထိန်းသိမ်းဖို့ အရေပြားအထူးကုတွေ၊အလှအပပညာရှင်တွေကိုယ်တိုင် အကြံပြုထားတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

1.Careful cleaning

အရေပြား အတွင်းဆဲလ်တွေထိစိုစွတ်စေပြီး ကိုယ့်ရဲ့အသားအရေအတွက် ဘေးဥပဒ်မဖြစ်စေတဲ့ အလှထုတ်ကုန်တွေနဲ့ အသားအရေကိုဂရုတစိုက်သန့်စင်စေခြင်းဟာလည်း သူတို့ရဲ့လျိုဝှက်နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။အကောင်းဆုံးကတော့ အရက်ပြန်၊အက်စစ်တွေမပါတဲ့ အလှထုတ်ကုန်တွေကိုပဲ အသုံးပြုပေးတာပါ။

2.Cream Proportion

နေလောင်ဒဏ်မှကာကွယ်ဖို့ sunscreenလိမ်းတဲ့အခါမျိုးမှာလည်း မှန်ကန်သောပမာဏချင့်ချိန်ပြီး လိမ်းပေးသင့်ပါတယ်။လက်ဖက်ရည်ဇွန်းတစ်ဝက်စာကတော့ သင့်အသားအရေမှာ နှစ်ထပ်တင်ဖို့ လုံလောက်ပါတယ်။

3.Thermal Water

သူတို့ဟာ ခြောက်သွေ့တဲ့အသားအရေအတွက်လည်း thermal water sprayတွေကို အသုံးပြုလေ့ရှိပါတယ်။ကယ်လဆီယမ်၊ကော့ပါး၊အိုင်းရွန်း၊ဆိုဒီယမ်၊ဆီလီနီယမ်အစရှိတဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ thermal waterဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။

4.Less is better

ဘူးသေးတွေကိုပဲ ရွေးဝယ်ပါ။အချိန်ကြာလာတာနဲ့အမျှ ထုတ်ကုန်ရဲ့အကျိုးသက်ရောက်မှုဟာ အားနည်းလာပြီး အစတုန်းကလို အစွမ်းထက်နိုင်တော့မှာမဟုတ်လို့ပါ။

5.Correct Posture

ပုံမှာပြထားတဲ့အတိုင်း သင့်ရဲ့ဦးခေါင်းကိုညွတ်ကိုင်းခြင်းဟာ သင့်ရဲ့သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အောက်ဆီဂျင်အားဖြင့် သင့်အသားအရေကို စိုပြေတောက်ပစေမှာပါ။တကယ်လို့ သင်ဟာ ယောဂကို ပုံမှန်ကျင့်ပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေပြေလျော့ပေးမယ့်အပြင် သင့်အသားအရေအတွက်သာမက သင့်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုမှာပါ။

6.Appropriate bedclothes

အရေးကြောင်းတွေဟာ အိပ်နေစဉ်အတွင်းမှာဖြစ်နိုင်ပြီး သင့်ရဲ့အသားအရေကျန်းမာဖို့ဆိုတာ သင်အိပ်စက်တဲ့အိပ်ရာခင်း၊ခေါင်းအုံးစွပ်နဲ့လည်းဆိုင်ပါတယ်။ပိုးသားခေါင်းအုံးစွပ်တွေမှာကျ အခေါက်အတွန့်မရှိလို့ သင့်ရဲ့နူးညံ့တဲ့အသားအရေအနေနဲ့ ချောမွတ်နေတဲ့မျက်နှာပြင်မှာ စိတ်ကြိုက်ရွေ့လျားနေနိုင်ပါတယ်။

7.Total Care is more effective

အသားအရေအတွက် တစ်မျိုးတည်းပေါင်းသုံးတာမျိုးထက် မျက်နှာအစိတ်အပိုင်းအသီးသီးအတွက် ဆိုင်ရာဆိုင်ရာသုံးပေးခြင်းအားဖြင့် ပိုပြီးထိရောက်မှုရှိပါတယ်။

8.Coconut Care

အုန်းရည်ကတော့ အသားအရေကို မှော်ဆန်စေမယ့်နည်းဆိုတာ အလှအပပညာရှင်အားလုံးသိကြပါတယ်။တကယ်လို့ သင်ဟာ အုန်းရည်ကိုမှန်မှန်သောက်ပေးမယ်ဆိုရင် သင့်အသားအရေအခြေအနေ နှစ်ပတ်အကြာခန့်မှာ သိသာစွာပြောင်းလဲလာမှာပါ။