အရေးအကြောင်းတွေကို သဘာဝအတိုင်း လျှော့ချဖို့ နည်းလမ်း (၆)ခု..

လူတိုင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်ကြပေမယ့် အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာက ရှောင်လွှဲလို့မရတဲ့ သဘာဝတစ်ခုဖြစ်ပါတယ်။

အသက် ၃၀ထဲဝင်လာရင် အရေပြားတွေ လျော့ရဲပြီး အရေးအကြောင်းတွေ ပေါ်လာတယ်ဆိုပေမယ့် တချို့က အရွယ်မတိုင်ခင် မျက်နှာမှာ အိုမင်းမှု လက္ခဏာတွေ ဖြစ်တဲ့ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

သုတေသနအရ အရွယ်မတိုင်ခင် အိုမင်းမှုလက္ခဏာတွေဟာ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု၊ နေရောင်ထိတွေ့မှုတို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်လာပြီဆိုရင် မိန်းကလေးတိုင်း စိတ်ညစ်ကြရပါတယ်။ ဒီအရေးအကြောင်းတွေကို နည်းသွားအောင် ထိရောက်စွာ လုပ်ဆောင်ပေးနိုင်မယ့် သဘာဝနည်းလမ်းလေးတွေရှိပါတယ်။

ငွေကုန်ကြေးကျလည်း မရှိဘဲ ကိုယ့်အိမ်မှာကိုယ် ပြုလုပ်နိုင်တာကြောင့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ သံပုရာပေါင်းတင်နည်းကိုသုံးပါ

လိုအပ်တာကတော့ လတ်ဆတ်တဲ့သံပုရာသီး (၁)လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂-၃ဇွန်း၊ ဝါဂွမ်းတို့လိုအပ်ပါတယ်။ ပြုလုပ်နည်းကတော့ ပျားရည်ထဲကို သံပုရာရည်ညှစ်ထည့်ပါ။ သင့်မှာ အထိခိုက်မခံတဲ့ အသားအရေရှိရင် ပျားရည်နဲ့သံပုရာရည်ထဲကို ရေနည်းနည်းထည့်ဖို့ အကြံပြုပါတယ်။
ဘယ်လိုသုံးမလဲ?

ပျားရည်နဲ့ သံပုရာရည်အရောကို မျက်နှာပေါ်မှာ လိမ်းပါ။ အရည်က လေနဲ့ခြောက်သွားတဲ့အထိ မိနစ်အနည်းငယ်စောင့်ဆိုင်းပြီးမှ ရေဖြင့်မျက်နှာသစ်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးပါ။ ရလဒ်ကတော့ အရေးအကြောင်းတွေ ပေါ်လာတာ နှေးစေပြီး ဗီတာမင်စီနဲ့ ဗီတာမင် အီးကြောင့် အသားအရေကို ကျန်းမာ ချောမွေ့စေမှာပါ။

သံပုရာသီးမှာ တွေ့ရှိရတဲ့ flavonoids ရဲ့ကောင်းကျိုးက အသားအရေကို နုပျိုစေပါတယ်။

၂။ မုန်လာဥနဲ့ ပျားရည်ဖြင့် ပြုလုပ်ထားတဲ့ သဘာဝပေါင်းတင်နည်းကို သုံးပါ

လိုအပ်တာကတော့ မုန်လာဥနီ ၁လုံး၊ ပျားရည် လက်ဖက်စားဇွန်း ၂ဇွန်း တို့ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ မုန်လာဥနီကို ရေဆေး၊ အတုံးလေးတွေတုံးပြီး blender ဖြင့်ကြိတ်ပါ။ ဖျော်ရည်ရလာရင် ပျားရည်ထည့်ပြီး မွှေပါ။

ဘယ်လိုသုံးမလဲ?

မျက်နှာပေါ်မှာ မုန်လာဥနီ+ပျားရည်အရောကို လိမ်းပါ။ မိနစ် ၂၀လောက်နေမှ ရေဖြင့် မျက်နှာသစ်ပါ။ တစ်ပတ်ကို ၂ကြိမ်လောက်သုံးပါ။ ရလဒ်ကတော့ အင်ီအောက်ဆီဒင့် မြင့်မားစွာ ကြွယ်ဝတာကြောင့် အသားအရေကို ကျန်းမာစေပါတယ်။ အရွယ်မတိုင်မီ အိုမင်းခြင်းနှင့် အရေးအကြောင်းသစ်တွေ ပေါ်လာခြင်းကို လျော့ချပေးပါတယ်။

၃။ မျက်နှာသွေးလည်ပတ်မှုကောင်းအောင် မီးဖိုချောင်ထဲမှာရှိတဲ့ ပါဝင်ပစ္စည်းများကိုသုံးပါ

လိုအပ်တာကတော့ ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၁ဇွန်းနဲ့တစ်ဝက်၊ နနွင်းမှုန့် စားပွဲတင်ဇွန်းနဲ့တစ်ဝက်၊ နွားနို့အစိမ်း (လိုသလောက်)တို့ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ပေါင်းစပ်ပြီး ကောင်းစွာမွှေပါ။
ဘယ်လိုသုံးမလဲ?

မိတ်ကပ်ဘရပ်တစ်ခုနဲ့ မျက်နှာပေါ်မှာလိမ်းပါ။ မိနစ် ၃၀လောက်ထားပြီးမှ ရေနွေးနွေးနဲ့ ဆေးပါ။ ရလဒ်ကတော့ အသားအရောင် တောက်ပလာပြီး အရေးအကြောင်းတွေ ချောမွေ့သွားပါလိမ့်မယ်။

၎။ သံလွင်စီ၊ ဗက်စီလင်းနှင့် ဗီတာမင်အီးက သင့်လည်ပင်းနဲ့ ရင်ဘက်ကို ၁၀နှစ်လောက် ငယ်ရွယ်တဲ့ပုံပေါက်စေပါလိမ့်မယ်

လိုအပ်တာကတော့ သံလွင်ဆီ ၁၀မီလီ၊ ဗီတာမင် အီး ၃တောင့်၊ ဗက်ဆလင်း ၃ဂရမ် တို့ဖြစ်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပြီး ကောင်းစွာမွှေပါ။ ခရမ်ဖြစ်သွားအောင် အပူပေးပြီး အအေးခံထားပါ။

ဘယ်လိုသုံးမလဲ?

ထိုခရမ်ကို ညတိုင်း အိပ်ရာမဝင်ခင် လည်ပင်းနဲ့ ရင်ဘတ်တွေကို လိမ်းပေးပါ။ ရလဒ်ကတော့ ၂လအကြာမှာ သင့်လည်ပင်းနဲ့ ရင်ဘတ်ဟာ လတ်ဆတ်၊ ချောမွေ့လာပါလိမ့်မယ်။ အရေပြားကိုလည်း ဆန့်ကျုံ့နိုင်တဲ့ ဂုဏ်သတ္တိပေးပါတယ်။

၅။ Night cream အစား Vaseline (ဗက်ဆီလင်း) သုံးပါ

သင့်မျက်နှာနဲ့ လည်ပင်းကို အိပ်ရာမဝင်ခင် ဗက်ဆီလင်း ပါးပါးလေး လူးပေးပါ။ မနက်ခင်းမှာရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပါ။ နေ့တိုင်းလုပ်ပေးသွားရင် အရေးအကြောင်းတွေ လျော့နည်းစေပါတယ်။ ရလဒ်ကတော့ ဗက်ဆီလင်းက အသားအရေကို အစိုဓါတ်ပေးပြီး အရေးအကြောင်းတွေကို တစ်နေ့နည်းနည်းစီ လျော့ချပေးပါတယ်။

၆။ ချောကလက်အမည်းစားပါ

ချောကလက်အမည်းက အင်တီအောက်ဆီဒင့်ကြောင့် နာမည်ကြီးပါတယ်။ မနက်ခင်းမှာ ချောကလက်အမည်းစားခြင်းက အရေးအကြောင်းအသစ်တွေကို ပေါ်လာခြင်းကို လျော့ချပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် သင့်အသားအရေကို ကျန်းမာ၊ နုပျိုစေပါတယ်။

အရေးအကြောင်းတွေ ဖြစ်မလာဖို့ဆိုရင် မျက်နှာသစ်တဲ့ခါ နည်းစနစ်မှန်ဖို့လိုအပ်ပြီး ညအိပ်ရာဝင်တိုင်း မျက်နှာကို သန့်စင်ပေးဖို့ပါပဲ။ ခန္ဓာကိုယ် ရေဓါတ်လုံလောက်ရင် အရေပြားဟာ ကျန်းမာပြီး တင်းရင်းစိုပြေစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေနှစ်လီတာသောက်ပေးပါ။ စိတ်ဖိစီးမှုမရှိအောင် နေထိုင်ပါ။ အာဟာရမျှတစွာစားသုံးပါ။