မျက်နှာပေါ်မှာ ကာလအတော်ကြာ ကပ်တွယ်နေတဲ့ ဝက်ခြံနဲ့ အမည်းစက်ကို ချွတ်ပေးမဲ့ တစ်ခုတည်းသောအရာ

ငှက်ပျောသီးမှာ အသားအရေအတွက် အလွန်ကောင်းမွန်တဲ့ ဗီတာမင် A, B, E နဲ့ ပိုတက်စီယမ် များပါဝင်ပါတယ်။ ဒါ့ကြောင့် အိုမင်းမှုကို အကာအကွယ်ပေးနိုင်ပြီး အရေးကြောင်းတွေကို ပပျောက်စေနိုင်ပါတယ်။

ဒါ့အပြင် အရေပြားကို ချောမွေ့စေပြီးပန်းရောင်အသားအရေကို ပိုင်ဆိုင်မှုရရှိစေမှာဖြစ်ပါတယ်။ အုတ်ဂျုံ၊ ပျားရည်၊ သံပုရာရည်နဲ့ ငှက်ပျောသီးတို့ကို ပေါင်းစပ်ပြီး အရေပြားမှာရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဆိုပါ အရောနှောဟာ ဝက်ခြံနဲ့ အမာရွတ်တွေ၊ အမည်းစက်တွေကိုလည်း အဓိကဖယ်ရှားပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ

၁ – မှည့်သောငှက်ပျောသီး ၁လုံး
၂ – အုတ်ဂျုံ ၁ဇွန်း<
၃ – လတ်ဆတ်တဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎ – ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅ – နွားနို့ ၂ဇွန်း

ငှက်ပျောသီးကို ပါးပါးလှီးပြီး ကြေအောင်ချေပေးပါ။ ပြီးလျှင် နွားနို့ကလွဲပြီး ကျန်တဲ့အရာအားလုံးကို ငှက်ပျောသီးချေထားတဲ့ ပန်ကန်ထဲကို ထည့်မွှေပေးပါ။ နောက်ဆုံးကျမှ နွားနို့ကို ထည့်ပြီး သမအောင် တစ်ဖန်ပြန်မွှေပေးပါ။

အသုံးပြုပုံ

ပထမဦးစွာ သင့်မျက်နှာပေါ်က ချွေးပေါက်တွေ ပွင့်စေဖို့အတွက် မျက်နှာကို ရေနွေးလေးဖြင့် အရင်ဆေးကြောသန့်စင်ပေးပါ။ ပြီးလျှင် အဆိုပါအရောအနှောကို သင့်မျက်နှာတစ်ခုလုံးပေါ်သို့ ညင်ညင်သာသာသုတ်လိမ်းပြီး အသားထဲ စိမ့်ဝင်အောင်နှိပ်နယ်ပေးပါ။ ၃မိနစ်လောက် နှိပ်နယ် သုတ်လိမ်းပေးပြီး မိနစ် ၂၀လောက် ခဏထားထားပေးပါ။ သတ်မှတ်ထားတဲ့အချိန်စေ့သွားတဲ့အခါ အဝတ်စကို ရေနွေးစွတ်ပြီး သင့်မျက်နှာကို သုတ်သင်ပေးပါ။ ပြီးလျှင် Toner တစ်ခုခုကို လိမ်းပေးထားနိုင်ပါတယ်။ ညဘက်အိပ်ရာမဝင်ခင် တစ်ပတ်ကို ၂ကြိမ်အထိပြုလုပ်ပေးနိုင်ပြီး ထိုကဲ့သို့ ပေါင်းတင်ခြင်းကြောင့် ၂ပတ်ကြာတဲ့အခါ ထူးခြားတဲ့ ရလဒ်မျိုးကို သင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ငှက်ပျောခွံရဲ့ အသုံးဝင်ပုံ

ငှက်ပျောခွံဟာ ဝက်ခြံကိုပျောက်ဖို့အတွက် အလွယ်တကူအသုံးပြုနိုင်တဲ့အပြင် သွားတွေကို ဖြူဝင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံဟာ ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပြီး ဝက်ခြံတွေကို ချေဖျက်ပေးနိုင်တဲ့ အောက်စီဂျင်ဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ ညဘက်အိပ်ရာမဝင်ခင် ငှက်ပျောခွံဖြင့် မျက်နှာကို ၃-၅ မိနစ်လောက် ပွတ်သပ်ပြီး ရေဖြင့် ဆေးကျောသန့်စင်ပေးပါ။ ၁ပတ်အကြာမှာ ထူးခြားမှုရရှိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် ငှက်ပျောခွံဟာ သွားများ ဖြူစင်စေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ညဘက် အိပ်ရာကို မသွားခင်မှာ ငှက်ပျောခွံဖြင့် သွားများကို ၅မိနစ်လောက် အချိန်ပေးပြီး ပွတ်တိုက်ပေးပါ။ ပြီးလျှင် ရေဖြင့် ပလုတ်ကျင်းသန့်စင်ပေးပါက ဝါးမှာ စွန်းထင်နေတဲ့ဂျိုးတွေနဲ့ သွားဝါခြင်းများကို လုံးဝပျောက်ကင်းစေပြီး ဖြူဝင်းလာစေပါတယ်။ ဒါ့ကြောင့် ပုလဲလုံးလေးလိုတောက်ပတဲ့ သွားလေးတွေကို လိုချင်ရင်တော့ ညစဉ်ညတိုင်း ငှက်ပျော်ခွံနဲ့ သွားကို ပွတ်တိုက်ပေးဖို့ လိုအပ်တယ်နော်။