Hair Dryer ကြောင့်ဆံပင်ပျက်စီးမှုကို ဘယ်လိုကာကွယ်မလဲ?

ပုံမှန်ဆံပင်ထိန်းသိမ်းရေးလုပ်ရတဲ့ မိန်းကလေးတွေ အတွက်တော့ Hair Dryer ကမရှိမဖြစ်ပါပဲနော်။ Hair Dyer ကပျိုမေတို့ရဲ့BFF လို့တောင် တင်စားလို့ရပါတယ်။

ပျိုမေတို့ရေ.. Hair dryer ပုံမှန်သုံးနေရင်း ဆံပင်က ခြောက်သွေ့၊ ကျွတ်ဆတ်လာတာကို သတိပြုမိရင် ဒီဆောင်းပါးက ပျိုမေတို့အတွက် ဖြစ်မှာပါနော်။

နည်းစနစ်မှန်မှန်နဲ့ ဆံပင်အခြောက်ခံခြင်းက ပျိုမေတို့ရဲ့ ဆံပင်ပျက်စီးမှုကို ကယ်တင်ပေးနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကြံပြုချက်လေးတွေကို လိုက်နာရင် ပျိုမေတို့ရဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ ဘယ်လောက်ပဲ ခဏခဏ အခြောက်ခံပါစေ၊

ဆံသားပျက်စီးမှုကို မဖြစ်စေပါဘူးနော်။ ဆံပင်အခြောက်ခံစက်ကြောင့် ဆံပင်ပျက်စီးမှုကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ ပြောပြပေးမယ်နော်။

အကောင်းဆုံးကတော့ ဆံပင်လေမှုတ်စက်ကို ဆံပင် ၅၀%ခြောက်နေတဲ့အချိန်မှသာ သုံးသင့်ပါတယ်။ ခေါင်းလျှော်ပြီးရင် အရင်ဆုံး မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင် ၁၅မိနစ်လောက် ညင်သာစွာ သုတ်ပေးပါ။

ဆံပင်က ရေတစ်စက်စက်မကျတော့ဘူးဆိုရင် ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံလို့ရပါပြီ။ စိုနေတဲ့ဆံပင်ကို ဆံပင်လေမှုတ်စက်နဲ့မှုတ်ရင် frizzy ဖြစ်လေ့ရှိပြီး ဆံပင်ကြွတ်ဆတ်လေ့ရှိပါတယ်။

ဆံပင်လေမှုတ်စက် အသုံးပြုနည်း

၁။ ဆံပင်ပျက်စီးတာ၊ ဆံပင်ကျွတ်တာကို လျှော့ချဖို့ ဆီရမ် သို့မဟုတ် detangling စပရေးကို သုံးနိုင်ပါတယ်။

၂။ ဆံပင်လေမှုတ်စက်က အစိုဓါတ်ကို ဆုံးရှုံးနိုင်တာကြောင့် သင့်ဆံပင်ရဲ့ အစိုဓါတ် level ကိုမြှင့်တင်ဖို့ ထောပတ်သီး၊ ကြက်ဥ၊ ငှက်ပျောသီး၊ ပျားရည်ကဲ့သို့သော သဘာဝကထုတ်ယူထားတဲ့ moisturising conditioner ကိုအသုံးပြုပါ။

၃။ အပူနဲ့ သင့်ဆံပင် အလွှာကြား အကာအကွယ်ဖြစ်စေဖို့ အပူကာကွယ်စပရေး အသုံးပြုပါ။ အလှအပကျွမ်းကျင်သူတိုင်းက heat protection စပရေးအသုံးပြုခြင်းရဲ့ အရေးပါမှုကို အလေးပေးပါလိမ့်မယ်။

၎။ ဆံပင်ကျန်းမာရေးအတွက် ပျိုမေတို့ရဲ့ ဆံပင်လေမှုတ်စက်အပူချိန်ကို medium ပဲထားသုံးပါ။ ဆံပင်အခြောက်ခံနေတုန်း အချိန်မရရင်တော့ အပူချိန်မဟုတ်ပဲ အမြန်နှုန်း setting ကိုသာ တိုးပါ။

၅။ ဆံပင်ကို မြန်မြန်ခြောက်အောင်ပြုလုပ်နည်းကတော့ ဆံပင်ကို ဘီးနဲ့ တစ်လွှာချင်းဖြီးပြီး လေမှုတ်စက်နဲ့ အခြောက်ခံပါ။ ဆံပင်တစ်လွှာစီ အခြောက်ခံတဲ့အခါ အချိန်ကြာမြင့်စွာ မသုံးဖို့ သတိရပါ။ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆံပင်လေမှုတ်စက်ကို သင့်ဆံပင်နဲ့ အနည်းဆုံး ၈လက်မလောက်ခွာပြီး ကိုင်သင့်တယ်လို့ ဆိုပါတယ်။

၆။ သင့်ဆံပင်က အပြည့်အဝခြောက်သွားပြီဆိုရင်တော့ အပူချိန်ကို လျှော့ချဖို့ ဒရိုင်ယာကို cool (လေအေး) ခလုတ်ပြောင်းပြီး သုံးပါ။ ဒီနည်းလမ်းက လေမှုတ်ထားတဲ့ သင့်ဆံပင်ကို ကြာရှည်ခံယုံသာမက ဆံပင်ကို တောက်ပြောင်သွားပါလိမ့်မယ်။

၇။ ဒရိုင်ယာသုံးတာကြောင့် ဆံပင်ပျက်စီးမှုကို လျော့ချဖို့ အကောင်းဆုံးနည်းလမ်းက ရက်ခြားပြီး သုံးဖို့ ဖြစ်ပါတယ်။ ဒရိုင်ယာကို နေ့စဉ်နေ့တိုင်းသုံးတာ ရှောင်ပါ။ ဒရိုင်ယာမသုံးတဲ့နေ့မှာ non-heated rollers နှင့် no-heat curling နည်းစနစ်ကို သုံးဖို့ စဉ်းစားပါ။

ဒီအကြံပြုချက်လေးတွေကို လိုက်နာပါက ဒရိုင်ယာနဲ့ အခြောက်ခံခြင်းကြောင့် ပျိုမေတို့ရဲ့ ဆံပင်ပျက်စီးမှုကို လျော့နည်းစေမှာ အမှန်ပါပဲ။