Unicodeဖြင့်ဖတ်ရန်
သင်သတိ မထားမိတဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် သံလွင်ဆီရဲ့ ကောင်းကျိုး ၁၀မျိုး
သံလွင်ဆီဟာ Macronutrients ဓာတ်အုပ်စုများစွာပါဝင်ပြီး ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်ကြွယ်ဝတဲ့ ထုတ်ကုန်တစ်မျိုးပဲဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဖက်စုံအသုံးဝင်ပြီး အလွယ်တကူရရှိနိုင်တဲ့ပစ္စည်းဖြစ်တာကြောင့် သင့်အိမ်မှာမဖြစ်မနေဆောင်ထားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။
၁။ အူအနာကိုငြိမ်းစေဖို့အတွက်
သံလွင်ဆီဟာ ကင်ဆာမဖြစ်နိုင်အောင်ကာကွယ်ပေးတဲ့ဆဲလ်တွေကို မပျက်စီအောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင်သံလွင်ဆီဟာ အူမကြီးမှာရှိတဲ့ Patency ကိုတိုးတက်ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။
၂။ အရေပြား၊ ဆံပင်၊ လက်သည်းနဲ့ အရိုးအတွက်
သံလွင်ဆီဟာ အရေပြား၊ လက်သည်းနဲ့ ဆံပင်အတွက် အထောက်အကူဖြစ်စေတဲ့ အဟာရဓာတ်တွေ၊ နူးညံ့ပျော့ပျောင်းအောင်စွမ်းဆောင်နိုင်တဲ့ဂုဏ်သတ္တိတွေ၊ အရေပြားခြောက်သွေ့မှုကိုလျော့ပါးစေရန်စွမ်းဆောင်ပေးနိုင်တဲ့ ဓာတ်တွေ များစွာပါဝင်ပါတယ်။ အလွယ်တကူ အရေပြားနဲ့ ဆံပင်တို့ကို သုတ်လိမ်းပေးရုံနဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။ အသားအရေးအတွင်းပိုင်းကို စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် ပိုပြီး ထိရောက်မှုရှိစေပါတယ်။
၃။ အသည်းသန့်စင်ဖို့အတွက်
အသည်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အရေးကြီးတဲ့အပိုင်းတွေကို လုပ်ဆောင်ရတဲ့ Function တစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းကို သန့်စင်ဖို့အတွက်အသည်းက လုပ်ဆောင်ပေးရပြီး ၎င်းကိုသန့်စင်ဖို့အတွက်ဆိုရင်တော့ လူကိုယ်တိုင်းပြုလုပ်ပေးမှ ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကိုသန့်စင်ဖို့အတွက် သံလွင်ဆီ ၂ဇွန်းကို သံပုရာရည်ဖန်ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံဖြင့်ရောစပ်ပြီး သောက်သုံးပေးပါ။
၄။ ကိုယ်အလေးချိန်ကျဖို့အတွက်
သံလွင်ဆီဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် ကြီးမားတဲ့ ဖက်တီးအက်ဆစ် ဓာတ်တွေပါဝင်ပြီး ထောပတ်အစား သံလွင်ဆီကို အစားထိုးအသုံးပြုရင် ပိုပြီး သင့်အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။
၅။ ကိုယ်ခံစွမ်းအားစနစ်တိုးတက်စေရန်အတွက်
ဖက်တီးအက်ဆစ်ဓာတ်တွေအပြင် သံလွင်ဆီမှာ ကိုယ်ခံစွမ်းအားစနစ်ကိုတိုးမြှင့်ပေးနိုင်တဲ့ အစိတ်အပိုင်းတွေအများကြီးပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်နဲ့ autoimmune ရောဂါတွေကို ကုသရာတွင်လည်း သံလွင်ဆီက အသုံးဝင်ပါတယ်။
၆။ နှလုံးကို ကာကွယ်ပေးဖို့အတွက်
ခန္ဓာကိုယ်မှာ LDL ( The bad Kind) နဲ့ HDL ( The good kind) ဆိုပြီး ကိုလက်စထရော နှစ်မျိုးရှိပါတယ်။ နှလုံးကို ကာကွယ်ဖို့အတွက် ကောင်းမွန်တဲ့ HDl ကို တိုးမြှင့်နိုင်ရန် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့များစားသောက်တဲ့အခါသံလွင်ဆီဖြင့် ရောနှောစားသုံးပေးပါ။
၇။ ရောင်ရမ်းမှုကို လျော့ချရန်အတွက်
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုအတွက် သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သံလွင်ဆီကို လက်ဖရည်ဇွန်း ၃.၄ ( ၅၀ မီလီ လီတာ) လောက် သောက်သုံးပေးပါက ရောင်ရမ်းမှုကို ၁၀% ပျောက်ကင်းနိုင်တယ်လို့သိရပါတယ်။ ဒီနည်းလမ်းက သဘာဝကုထုံးတစ်ခုဖြစ်ပြီး သင့်အတွက် ဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။
၈။ သွေးသကြားဓာတ်အဆင့် ထိန်းချုပ်ပေးဖို့အတွက်
သံလွင်ဆီဟာ ကိုလက်စထရောအဆင့်နဲ့ သွေးဂလူးကို့ အဆင့်ကို သိသိသာသာလျော့နည်းစေပါတယ်။ ဒါ့ကြောင့် ဆီးချိုးရောဂါနဲ့ နှလုံးသွေးကြောစနစ်အတွက် သံလွင်ဆီက အလွန်အသုံးဝင်ပါတယ်။
၉။ ဦးနှောက်ကို ကာကွယ်ဖို့အတွက်
သံလွင်ဆီဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ကို တိုးမြှင့်ပေးနိုင်ပြီး စိတ်ကျရောဂါ အန္တရာယ်မှာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သံလွင်ဆီကို စားသုံးခြင်းဟာ သင့်ဦးနှောက်ကို ကာကွယ်ရာ ရောက်သလို ဉာဏ်ရည်ကိုလည်း မြှင့်မားလာစေမှာဖြစ်ပါတယ်။
၁၀။ ရင်သားအရွယ်အစား လှပစေဖို့အတွက်
သံလွင်ဆီဟာ ရင်သားအရွယ်အစားကို ကြီးမားစေပြီး အသားအရေကို နူညံ့မှုရှိစေရန် အထောက်အကူဖြစ်စေပါတယ်။ သံလွင်ဆီလိမ်းပြီး ရင်သားကို ၁၀-၁၅ မိနစ်လောက် နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ရင်သားကိုလည်းရက်ပိုင်း ၃၀အတွင်း ကြီးထွားနှုန်းကိုမြှင့်တင်ပေးနိုင်ပါတယ်။