မေးစေ့နဲ့ နှာခေါင်းမှာ အဖြစ်များတဲ့ အဖြူစေ့လေးတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

Whitehead ဘာကြောင့်ဖြစ်လာရသလဲ။ Whitehead လို့ခေါ်တဲ့ မျက်နှာပေါ်က အဖြေူစေ့လေးတွေကက ချွေးပေါက်တွေပိတ်တဲ့အခါမှာ ဖြစ်လာတတ်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့ အဆီထုတ်လွှတ်မှုများတာကြောင့် ၊ ဟောမုန်းအပြောင်းအလဲကြောင့် ၊ တားဆေးတွေကြောင့် ၊ ချွေးထွက်များတာကြောင့် ၊ အဆီများတဲ့ အစားအစာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ နှာခေါင်းပေါ် Whitehead တွေ ဖြစ်လာပြီဆိုရင် ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Baking Soda

ပါဝင်ပစ္စည်းများ – Baking Soda (လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း) ၊ ရေ ။

– Baking Soda နဲ့ ရေကို ရောပေးပြီး မျက်နှာပေါ် လိမ်းပေးပါ။
– ဒါမှမဟုတ် whitehead ပေါ်လိမ်းပေးပါ။
– (၁၅-၂၀) မိနစ်လောက်အခြောက်ထားပေးပါ။
– ရေနွေးနွေး နဲ့ မျက်နှာသစ်ပေးပါ။
– တစ်ပတ်ကို (၁-၂)ကြိမ်လုပ်ပေးပါ။

(၂) သွားတိုက်ဆေး
ပါဝင်ပစ္စည်းများ – သွားတိုက်ဆေး ။
– သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းပေါ်တင်ပြီး whitehead ပေါ်ကို လိမ်းပေးပါ။
– နာရီဝက်လောက်အခြောက်ထားပေးပါ။
– ပြီးရင်တော့ မျက်နှာ သစ်ပေးပါ။
– တစ်နေ့ကို (၁-၂)ကြိမ်လောက်လုပ်ပေးပါ။

(၃) ပန်းသီးရှာလကာရည်
ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (အနည်းငယ်) ၊ ဂွမ်း ။
– ပန်းသီးရှာလကာရည် ကို ဂွမ်းနဲ့တို့ပြီး whitehead တွေပေါ်ကိုလိမ်းပေးပါ။

– မိနစ်အနည်းငယ်လောက်ထားပြီး သဘာဝအတိုင်းခြောက်သွားဖို့လိုပါတယ်။
– ရေပြန်ဆေးပေးဖို့မလိုပါဘူး။
– ညဘက်မှာ လိမ်းအိပ်ပေးတာကောင်းပါတယ်။

(၄) ရှားစောင်းလက်ပပ်

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ။
– သဘာဝရှားစောင်းလက်ပပ် အပင်ကနေ အနှစ်ကို ခြစ်ယူပေးပြီး ခြေပေးပါ။
– သံပရိုရည်ရောမွေပေးပါ။
– လိုအပ်တဲ့နေရာကို လိမ်းပေးပြီး (၃-၄)မိနစ်လောက် နှိပ်နယ်ပေးပါ။

– (၁၀)မိနစ်လောက်နှပ်ထားပေးပြီး မျက်နှာကိုရေနဲ့ပဲသစ်ပေးပါ။
– တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။