ကျောကုန်း က ဝက်ခြံ တွေကို ဖယ်ရှားပေးမယ့် နည်း (၂) နည်း
ဒိန်ချဉ်
ကြက်သွန်ဖြူ
Unicodeဖြင့်ဖတ်ရန်
ကျောကုန်းမှာ ဝက် ခြံ ပေါက်တာဟာ ယောကျာ်းလေးအတွက် သိပ်ကိစ္စမရှိပေမဲ့ မိန်းကလေးအချို့အတွက် အခက်အခဲရှိတတ်ပါတယ်။ ဥပမာ- ကျောပြင်ပခုံးသားဖော်ပြီး ဝတ်ရတဲ့အကျႌမျိုးဆို အဆင်မပြေတော့ပါဘူး။ ကျောကုန်းဝက်ခြံတွေ အရမ်းဆိုးနေတယ်ဆိုရင် ဆေးသောက်တာမျိုး၊ လေဆာနဲ့ကုသတာမျိုး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အိမ်တွင်းသုံးနည်းလေးတွေလည်း ရှိပါတယ်။
ဒိန်ချဉ်
ရေမချိုးမီ ဒိန်ချဉ်နဲ့ ကျောကုန်းကို နှိပ်နယ်ပေးပါ။ ဒိန်ချဉ်မှာပါတဲ့ lactic အက်ဆစ်က ဆဲလ်အသေတွေကို ဖယ်ရှားတာ၊ အဆီပိုတွေကို ဖယ်ထုတ်တာမျိုးတွေ လုပ်ပေးပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ ဆေးစွမ်းထက်ပုံကတော့ အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ဝက်ခြံကို ကုသရာမှာတော့ ကောင်းကောင်းထိရောက်ပါတယ်။ ကြက်သွန်ဖြူဖတ်နဲ့ ဝက်ခြံဖြစ်ပွားတဲ့နေရာတွေကို ကပ်ပေးရမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားလည်း စားပေးသင့်ပါတယ်။ ပိုးတွေပါ သေစေချင်တယ်ဆိုရင်တော့ ဖြစ်ပွားရာနေရာကို ပွတ်ပေးပါ။