တစ္ပါတ္အတြင္း ဝါညစ္ေနတဲ့သြားမ်ားကို ျဖဴစင္ေအာင္ တိုက္ခြ်တ္နိုင္တဲ့ နည္းလမ္း ၂ သြယ္

မ်က္နွာေလး ဘယ္ေလာက္လွလွ၊ ဘယ္ေလာက္ေခ်ာေခ်ာ သြားမလွဘူးဆိုရင္ အလွပ်က္ရတာပါပဲ။ အထူးသျဖင့္ သြားေတြဝါညစ္ေနတာမ်ိဳးက အလွပ်က္ဆံုး အေၾကာင္းအရာပါပဲ။

ေဆးလိပ္အရက္ေသာက္ျခင္း၊ ေကာ္ဖီ၊ လက္ဖက္ရည္ေသာက္သံုးမႈမ်ားျပားျခင္း၊ ကြမ္းစားျခင္းေတြဟာ သြားကို ဝါေစပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ ဝါထိန္ေနတဲ့သြားမ်ားကို ျဖဴေအာင္ လုပ္ဖို႔ေတာ့ လိုပါတယ္။ သြားေဆးခန္းမွာ treatment ယူဖို႔အတြက္လည္း ေဆးခန္းအလိုက္ စရိတ္စက ၾကီးမားတာေၾကာင္ ့မိမိအိမ္မွာတင္ အခ်ိန္တိုအတြင္း သြားမ်ားျပန္လည္ျဖဴစင္ေအာင္ ျပဳလုပ္နိုင္မယ့္ နည္းလမ္းကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ Baking Soda ျဖင့္ သြားတိုက္ပါ။

စူပါးမားကတ္၊ ေစ်းတို႔မွာ အလြယ္တကူ ဝယ္ယူလို႔ရတဲ့ Baking Soda ကို ဒီတစ္ခါမွာ သြားျဖဴေစဖို႔အတြက္ အသံုးျပဳပါမယ္။ Baking Soda ဟာ သြားမ်ားကို ျဖဴဝင္းေစတဲ့အစြမ္းရွိတဲ့အျပင္ သြားမွာကပ္ျငိေနတဲ့ သြားေခ်းမ်ားကိုပါ ကြာေစနိုင္ပါတယ္။ Baking Soda လက္ဖက္ရည္ ၁ဇြန္းကို ေရ လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ျဖင္ ့ေရာေမႊျပီး ရလာေသာအနွစ္ျဖင့္ သြားတိုက္တံေပၚတင္ျပီး ပံုမွန္သြားတိုက္သကဲ့သို႔ တိုက္ေပးပါ။ တစ္ပါတ္လွ်င္ ၃ၾကိမ္ခန္႔ အနည္းဆံုး လုပ္ေဆာင္ေပးျခင္းျဖင့္ သင့္သြားမ်ား ျဖဴဝင္းလာမွာပါ။

၂။ ပန္းသီးရွာလကာရည္သံုးပါ။

ပန္းသီးရွာလကာရည္ကလည္း သြားမ်ားကို ျဖဴဝင္းေစနိင္စြမး္ရွိျပီး ဘတ္တီးရီးယားမ်ားကိုလည္း ေသေစနိုင္စြမ္းရွိပါတယ္။ ပန္းသီးရွာလကာရည္ အနည္းငယ္ကို ေရေရာျပီး ပလုပ္က်င္းတဲ့ သေဘာမ်ိဳး ျပဳလုပ္ေပးရမွာပါ။ ေသခ်ာ ပလုပ္က်င္းျပီးျပီဆိုလ််င္ေတာ့ ေရသီးသန္႔ျဖင့္ ေျပာင္စင္ေအာင္ ထပ္မံ ပလုပ္က်င္းေပးဖို႔ မေမ့ပါနဲ႔။ ဒီနည္းလမ္းဟာ အမွန္တကယ္ ထိေရာက္မႈရွိသလို အသံုးလြန္လွ်င္လည္း သြားမ်ားကို တိုက္စားနိုင္တာမို႔ ကန္႔သတ္ျပီး အသံုးျပဳဖို႔ေတာ့ လိုပါလိ့မ္မယ္။

Unicodeဖြင့်ဖတ်ရန်

မျက်နှာလေး ဘယ်လောက်လှလှ၊ ဘယ်လောက်ချောချော သွားမလှဘူးဆိုရင် အလှပျက်ရတာပါပဲ။ အထူးသဖြင့် သွားတွေဝါညစ်နေတာမျိုးက အလှပျက်ဆုံး အကြောင်းအရာပါပဲ။

ဆေးလိပ်အရက်သောက်ခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးမှုများပြားခြင်း၊ ကွမ်းစားခြင်းတွေဟာ သွားကို ဝါစေပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ ဝါထိန်နေတဲ့သွားများကို ဖြူအောင် လုပ်ဖို့တော့ လိုပါတယ်။ သွားဆေးခန်းမှာ treatment ယူဖို့အတွက်လည်း ဆေးခန်းအလိုက် စရိတ်စက ကြီးမားတာကြောင့်မိမိအိမ်မှာတင် အချိန်တိုအတွင်း သွားများပြန်လည်ဖြူစင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Baking Soda ဖြင့် သွားတိုက်ပါ။

စူပါးမားကတ်၊ ဈေးတို့မှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ Baking Soda ကို ဒီတစ်ခါမှာ သွားဖြူစေဖို့အတွက် အသုံးပြုပါမယ်။ Baking Soda ဟာ သွားများကို ဖြူဝင်းစေတဲ့အစွမ်းရှိတဲ့အပြင် သွားမှာကပ်ငြိနေတဲ့ သွားချေးများကိုပါ ကွာစေနိုင်ပါတယ်။ Baking Soda လက်ဖက်ရည် ၁ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဖြင့်ရောမွှေပြီး ရလာသောအနှစ်ဖြင့် သွားတိုက်တံပေါ်တင်ပြီး ပုံမှန်သွားတိုက်သကဲ့သို့ တိုက်ပေးပါ။ တစ်ပါတ်လျှင် ၃ကြိမ်ခန့် အနည်းဆုံး လုပ်ဆောင်ပေးခြင်းဖြင့် သင့်သွားများ ဖြူဝင်းလာမှာပါ။

၂။ ပန်းသီးရှာလကာရည်သုံးပါ။

ပန်းသီးရှာလကာရည်ကလည်း သွားများကို ဖြူဝင်းစေနိင်စွမ်းရှိပြီး ဘတ်တီးရီးယားများကိုလည်း သေစေနိုင်စွမ်းရှိပါတယ်။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေရောပြီး ပလုပ်ကျင်းတဲ့ သဘောမျိုး ပြုလုပ်ပေးရမှာပါ။ သေချာ ပလုပ်ကျင်းပြီးပြီဆိုလျျင်တော့ ရေသီးသန့်ဖြင့် ပြောင်စင်အောင် ထပ်မံ ပလုပ်ကျင်းပေးဖို့ မမေ့ပါနဲ့။ ဒီနည်းလမ်းဟာ အမှန်တကယ် ထိရောက်မှုရှိသလို အသုံးလွန်လျှင်လည်း သွားများကို တိုက်စားနိုင်တာမို့ ကန့်သတ်ပြီး အသုံးပြုဖို့တော့ လိုပါလိ့မ်မယ်။