ရွှေဖရုံသီးက အလှအပနဲ့ ကျန်းမာရေးအတွက် ဘာ့ကြောင့်အကျိုးရှိတာလဲ?

ရွှေဖရုံသီးမှာ အရေပြားဆဲလ်သေတွေကို ဖျက်ဆီးပေးပြီး အသားအရေကို ကျန်းမာစွာတောက်ပစေတဲ့ ( glycolic acid နှင့် lactic acid) ကဲ့သို့ alpha-hydroxy acids ပါရှိပါတယ်။ ရွှေဖရုံသီးမှာ ဝက်ခြံကိုလုံးဝတားဆီးပေးတဲ့ ဇင့်နှင့် အရေးအကြောင်းတွေကို တိုက်ဖျက်ပေးတဲ့ ဗီတာမင်အေ၊ beta-carotene တို့လည်း ပါရှိပါတယ်။ ရွှေဖရုံသီးမှာ ပါဝင်တဲ့ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကို တိုးတတ်ကောင်းမွန်စေပြီး ဗီတာမင်ဘီက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ပိုတတ်စီယမ်က ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။

၁။ အဆီပြန်တဲ့အသားအရေအတွက်

ပရိုတိန်းက အရေပြားချွေးပေါက်ပိတ်ဆို့နိုင်တဲ့ အဆိပ်အတောက်များနှင့် အခြားညစ်ညမ်းစေတဲ့အရာတွေကို ဖယ်ရှားပေးပါတယ်။ အဆီပြန်တဲ့အသားအရေအမျိုးအစား ကုသမှုများအတွက် ပန်းသီး cider ရှာလကာရည် ထမင်းစားဇွန်းနဲ့ 1/4 နှင့် ရွေဖရုံသီး ထမင်းစားဇွန်း 1ဇွန်းကို ရောမွှေပါ။ ခပ်ပျစ်ပျစ်အနေအထားရလျှင် စိုနေတဲ့အသားအရေပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်- မိနစ် ၂၀လောက် ခြောက်သွေ့သွားတဲ့အထိထားပါ။ sensitive ဖြစ်တဲ့အသားအရေဆိုလျှင် ၁၀ မိနစ်လောက်ပဲ ထားပါ။ ပြီးမှ ရေနွေးနွေးဖြင့် ဆေးကြောပြီး ရေအေးနှင့် သန့်စင်ပေးပါ။ အသားအရေကို အစိုဓါတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးပါ။

၂။ anti-aging သက်ရောက်မှု ရှိပါတယ်

ရွှေဖရုံသီးကို ပုံမှန်နဲ့ အလယ်အလတ်စားသုံးမှုက အရွယ်မတိုင်ခင် အိုမင်းမှု( အရေးအကြောင်းများနဲ့ တင်းတိပ်မှဲ့ခြောက်များ) ကို တားဆီးကာကွယ်ဖို့ အလွန်ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရွေဖရုံသီးမှာ အင်တီအောက်ဆီဒင့်တွေ ၊ဗီတာမင်စီတွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။

၃။ ဝက်ခြံကိုကုသပေးပါတယ်

ဝက်ခြံပေါက်တာာ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဓိကအကြောင်းရင်းတစ်ခုက အရေပြားမှာ အဆီ၊ အရေပြားဆဲလ်သေနှင့် အလှကုန်များနှင့်အတူ ချွေးပေါက်ပိတ်ဆို့တာကြောင့် ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်က ချွေးပေါက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ရွှေဖရုံသီးကို စားသုံးရင် ကျန်းမာတဲ့အပြင် ပေါင်းတင် mask တစ်ခုအဖြစ်လည်း အရေပြားကို လိမ်းပေးနိုင်ပါတယ်။

၎။ နှုတ်ခမ်းအတွက်လည်း အသုံးဝင်ပါတယ်

ရွှေဖရုံသီးက နှုတ်ခမ်းတွေအတွက် သဘာဝအကောင်းဆုံး balsams တစ်ခုဖြစ်ပြီး နှုတ်ခမ်းထိန်းသိမ်းရေးမှာ အလွန်ထိရောက်မှု ရှိပါတယ်။

၅။ ဆံပင်သန်စွမ်းမှုကို မြင့်တင်ပေးပါတယ်

ရွှေဖရု့သီးမှာ ပိုတတ်စီယမ်နှင့် ဇင့် အပါအဝင် minerals အရင်းအမြစ် ကြွယ်ဝပါတယ်။ ပိုတတ်စီယမ်က ဆံပင်ကျန်းမာရေးနှင့် ဆံပင်ပြန်လည်ဖြစ်ထွန်းမှုကို ထိန်းသိမ်း ကူညီပေးပါတယ်။ ဇင့်က ကော်လာဂျင်ထိန်းသိမ်းမှုကို ကူညီပေးတာကြောင့် ဆံကေသာကျန်းမာရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်။ ရွှေဖရုံသီးမှာ သွေးလည်ပတ်မှုကို တိုးတတ်စေခြင်းဖြင့် ဆံကေသာသန်စွမ်းမှုကို လှုံ့ဆော်ပေးတဲ့ အရေးပါသော ဗီတာမင်ဗီ၊ ဖော်လိတ် တို့လည်း ပါဝင်ပါတယ်။

၆။ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးပါတယ်

ရွှေဖရုံသီးကို ပုံမှန်စားသုံးခြင်း၊ ဦးရေပြားကို mask တစ်ခုအဖြစ်လိမ်းပေးခြင်းက ဆံပင်ဖြူခြင်းကို တားဆီးပေးပါတယ်။ ဒီအကျိုးကျေးဇူးက ရွှေဖရုံသီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်ကြောင့် ဖြစ်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်

ရွှေဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်များကြောင့် ဆံကေသာနှင့် ဦးရေကို ရေဓါတ်ရရှိစေပြီး သွေးလည်ပတ်မှု စနစ်ကို တိုးတတ်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီဒင့်က ဆံပင်ကျွတ်တဲ့ ပြဿနာများကို လျှော့ချပေးပါတယ်။
မှတ်ချက်- ရွှေဖရုံသီးကို အလှအပအတွက် အသုံးမပြုခင်မှာ ရွှေဖရုံသီးနှင့် ဓါတ်တည့်မှု ရှိမရှိ ဆန်းစစ်ပါ။