သင်ထင်မှတ်မထားတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းကို ပညာသားပါပါ အသုံးပြုနည်းများ
ပျိုမေတို့ရေ…အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေး Padsတွေကို ဓမ္မတာလာစဉ်အတွင်းမှာသာ အသုံးပြုနိုင်တာ မဟုတ်ပါဘူးနော်။ ထင်မှတ်မထားတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုနေရာတွေမှာပါ အသုံးပြုနိုင်ပါသေးတယ်။
၁။ ချွေးအစွန်းအထင်း
လူအများစုဟာ ပူပြင်းတဲ့နွေရာသီမှာ ဒီပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ပုံမှန်သုံးနေကျ padsလေးတွေက ချိုင်းအောက်မှာ၊ ရင်သားအောက်မှာထွက်တဲ့ ချွေးအစွန်းအထင်းတွေကို တားဆီးကူညီပေးပါလိမ့်မယ်။ ဒီကျန်းမာရေးလစဉ်သုံးပစ္စည်းတွေက အလွန်ပါးလွှာပြီး အစိုဓါတ်ကို ကောင်းကောင်းစုပ်ယူပေးတာကြောင့် ချွေးအလွန်အကျွံထွက်ခြင်းပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
၂။ ဖိနပ်
ဟိုတယ်တွေမှာတည်းတဲ့အခါ သူတို့ပေးတဲ့ စလစ်ပါဖိနပ်လေးတွေက တခါတရံမှာ သန့်ရှင်းမှုမရှိတာ ဒါမှမဟုတ် သူများစီးပြီးသားကြီး စီးရမှာ အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ လစဉ်သုံး pads တစ်စုံရှိရင် အလွယ်တကူဖြေရှင်းနိုင်ပါတယ်။
၃။ တစ်ခါသုံး insoles
အမျိုးသမီး pads တွေကို အားကစားဖိနပ်တွေအတွက် insoles အဖြစ်အစားထိုးသုံးနိုင်ပါတယ်။ မျက်နှာပြင်မှာ ကပ်ခွာပါတာကြောင့် ဖိနပ်အတွင်းမှာ လုံလုံခြုံခြုံနဲ့ ကွက်တိဖြစ်နေပါလိမ့်မယ်။ ခြေထောက်တွေကို သက်တောင့်သက်သာဖြစ်စေပြီး အစိုဓါတ်ကို အပြည့်အဝစုပ်ယူပေးပါတယ်။
၎။ သွေးထွက်တဲ့အခါ
ချော်လဲ၊ ထိခိုက်မိလို့ ဒူးဆစ်၊ တံတောင်ဆစ်မှာ ခြစ်ရာဖြစ်တဲ့အခါ သင့်လျော်တဲ့ နည်းလမ်း မရရှိနိုင်လျှင် padsတွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ အစိုဓါတ်ကို ကောင်းကောင်းစုပ်ယူပေးတာကြောင့် သူတို့ကို ပတ်တီးတစ်ခုအဖြစ် အသုံးပြုနိုင်ပြီး သွေးထွက်တာကို မြန်မြန်ရပ်တန့်စေပါလိမ့်မယ်။
၅။ မိတ်ကပ် သို့ လက်သည်းဆိုးဆေး ဖျက်တဲ့အခါ
မိတ်ကပ် သို့ လက်သည်းဆိုးဆေးဖျက်ဖို့ ဂွမ်းမရှိတဲ့အခါ လစဉ်သုံး pads တွေကို ရွေးချယ်နိုငပါတယ်။ ထိုထုတ်ကုန်ရဲ့ ပျော့ပြောင်းတဲ့ မျက်နှာပြင်က မျက်နှာအသားရေကို မထိခိုက်စေဘဲ မိတ်ကပ်တွေကို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။
၆။ အသားမာမတတ်စေဖို့
ဖိနပ်အတွင်းရဲ့ဖနောင့်နေရာမှာ ပါးလွှာတဲ့ pad အပိုင်းသေးသေးလေးကို ကပ်ထားပါ။ ချွေးနဲ့ ဖိနပ်ချော်တာတွေကို မဖြစ်စေသလို ခြေထောက် ပွန်းခြင်းလည်း မဖြစ်စေပါဘူး။ ဒီနည်းလမ်းက သင့်ရဲ့နူးညံ့တဲ့ အသားအရေပေါ်မှာ အသားမာမတတ်အောင် ကာကွယ်ပေးပါလိမ့်မယ်။
၇။ အိုင်းရှဲဒိုးလိမ်းတဲ့အခါ
နေ့စဉ်သုံး pads တွေက အိုင်းရှဲဒိုးလိမ်းတဲ့အခါမှာလည်း အသုံးဝင်ပါသေးတယ်။ အိုင်းရှဲဒိုး အမှုန်တွေ ပါးပေါ်မကျအောင် pads ကို တစ်ဝက်ညှပ်ပြီး မျက်လုံးအောက်မှာ ကပ်ထားပေးပါ။ မျက်တောင်ကော့တဲ့အခါမှာလည်း တခြားနေရာတွေ မပေအောင် အသုံးပြုလို့ရသေးတယ်နော်။