ရေနွေးလား၊ ရေခဲရေလား? သင့်ခန္ဓာကိုယ်မှာ ဖြစ်ပျက်သွားတဲ့အရာတွေကို ကြည့်ပြီး ရွေးချယ်မှုပြုလုပ်ပါ

လူကြီးတစ်ယောက်ခန္ဓာကိုယ်ဟာ ရေ ၅၀%မှ ၆၀%ပါဝင်ပါတယ်။ ဒီအရည်က ကျွန်တော်တို့ကျန်းမာရေးအတွက် အလွန်အရေးကြီးပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်ဖို့အတွက် အရေးပါပါတယ်။

ရေအေး သို့ ရေနွေးမှာ ဘယ်အရာက ပိုကောင်းလဲ? ဘယ်လိုသောက်သင့်လဲ? ကျွန်တော်တို့အများစုက အထူးသဖြင့် ပူနေတဲ့ ရာသီဥတုအတွင်း ရေခဲထည့်ထားတဲ့ ရေအေးအေး တစ်ဖန်ခွက်ကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။ အရသာပိုကောင်းပြီး ပိုပြီးလန်းဆန်းစေတာကြောင့်ပါ။

တကယ်တော့ ရေနွေး သို့ အခန်းအပူချိန်မှာထားထားတဲ့ရေက ကျွန်တော်တို့ကျန်းမာရေးကို အကျိုးကျေးဇူးတွေ အများကြီးပို ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ရေနွေးနဲ့ ရေအေးအေးသောက်ခြင်းရဲ့ အကောင်း/အဆိုးကို စုစည်းဖော်ပြပေးချင်ပါတယ်။

ရေအေးအေး(ရေခဲရေ)

ရေအေးဟာ 45 ဒီဂရီဖာရင်ဟိုက်မှ 75 ဒီဂရီဖာရင်ဟိုက်ခန့် ဖြစ်ပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီမှာ လန်းဆန်းမှုကို ခံစားရစေဖို့ ရေခဲထည့်ပြီး ရေအေးတစ်ဖန်ခွက်ကို သောက်သုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် လူတွေက သူတို့ရေအေးသောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးအများပြား ခံစားရကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

၁။ အစာခြေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်

ရေအေးအေး သောက်လိုက်တဲ့အခါ သင့်ရဲ့အစာခြေစွမ်းရည်ကို တားဆီးထားတဲ့ သင့်သွေးကြောက ကျုံ့သွားပါတယ်။ ဒါက ဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အစာခြေစနစ် ကမောက်ကမဖြစ်ခြင်းကို ဦးတည်ပါလိမ့်မယ်။

၂။ စွမ်းအင်ကို ဆုတ်ယုတ်စေပါတယ်

သင့်ခန္ဓာကိုယ်က ပျမ်းမျှအပူချိန်ကို ရောက်စေဖို့အတွက် ရေခဲရေကို နွေးဖို့ စွမ်းအင်အပိုသုံးရပါတယ်။ နေ့စဉ်လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် မလုပ်နိုင်ခြင်း၊ မောပန်းခြင်းကို သင်ခံစားရချင်မှာ မဟုတ်ရင် သင်ရေခဲရေမသောက်သင့်ပါဘူး။

၃။ နှလုံးခုန်နှုန်းကို နှေးကွေးစေပါတယ်

ရေအေးအေးသောက်ခြင်းက သင့်နှလုံးခုန်နှုန်းကို ကျဆင်းမှုဖြစ်စေနိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လည်ပင်းနောက်ဘက်ပိုင်းမှာရှိသော vagus nerve ကိုထိခိုက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရဲ့temperature နိမ့်ကျမှုက နှလုံးခုန်နှုန်းကို နိမ့်ကျဖို့ vagus nerve အတွက် လှုံ့ဆော်မှုတစ်ခုအဖြစ် ပြုမှုပါတယ်။

၎။ သင့်ခန္ဓာကိုယ်ထဲမှာ အချွဲတွေဖန်တီးပေးပါတယ်

ရေခဲရေ သောက်ခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ အချွဲတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်ကို ဆိုးရွားသွားစေခြင်းနှင့် နှာရည်ယိုခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။

ရေနွေး

ရေနွေးဟာ 80 ဒီဂရီဖာရင်ဟိုက်မှ 106 ဒီဂရီဖာရင်ဟိုက် ဖြစ်ပါတယ်။ ဒီ temperatureမှာ ကော်ဖီဖြစ်စေ လက်ဖက်ရည်ဖြစ်စေ သောက်ဖို့ ပိုပြီးနှစ်သက်တာကြောင့် ပုံမှန်အားဖြင့် ဒီတိုင်း သောက်လေ့သောက်ထမရှိပါဘူး။ သို့သော် ရေနွေးသောက်ခြင်းက များစွာသော အကျိုးကျေးဇူးတွေ ရှိပါတယ်။

၁။ သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေပါတယ်

အထူးသဖြင့် နံနက်ခင်းမှာ ရေနွေးနွေးသောက်ခြင်းက မြောက်မြားစွာသော ရောဂါတွေကို အထောက်အကူပြုနိုင်တဲ့ သင့်ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ရှင်းလင်းဖို့ ကူညီပေးပါလိမ့်မယ်။ ပိုမိုအားကောင်းတဲ့ သက်ရောက်မှုတွေအတွက် ရေနွေးနွေးထဲကို သံပုရာတစ်ခြမ်းထည့်သောက်ပါ။ ဗီတာမင်စီက သင့်ခန္ဓာကိုယ်အဆိပ်အတောက်တွေကို သန့်စင်စေပြီး ဆဲလ်တွေကို ပြန်လည်ရှင်သန်စေပါလိမ့်မယ်။

၂။ နာကျင်မှုကို တိုက်ဖျက်ပေးပါတယ်

ရေနွေးက ခေါင်းကိုက်ခြင်းနှင့် ဓမ္မတာလာခြင်းကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုကို သက်သာစေတယ်လို့ သက်သေပြလျက်ရှိပါတယ်။ သွေးလည်ပတ်မှုစနစ်ကို တိုးပွားစေပြီး သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ကြွက်တတ်တယ်လို့ ခံစားရလျှင် ကျဉ်းကျုံ့သွားတဲ့ ကြွက်သားကို ပြေလျော့စေတာကြောင့် ရေနွေးကိုသောက်သင့်ပါတယ်။

၃။ စိတ်ဖိစီးမှုအဆင့်ကို လျော့နည်းစေပါတယ်

စိတ်ဖိစီးမှုကို ပပျောက်အရည်ပျော်စေနိုင်တာက ရေပူနဲ့ချိုးတာ မဟုတ်ပါဘူး။ သင်စိတ်ဖိစီးမှုခံစားရတဲ့အခါ ရေနွေးတစ်ဖန်ခွက်ကို သောက်သုံးပါ။ ဒါက ပုံမှန်လည်ပတ်နေတဲ့ ဗဟိုအာရုံကြောစနစ်ကို ကူညီပေးပါလိမ့်မယ်။ Cortisol က စိတ်ဖိစီးမှု ဟော်မုန်းတစ်ခုဖြစ်ပြီး ရေဓါတ်ခန်းခြောက်ခြင်းက ၎င်းရဲ့အဆင့်ကို တိုးပွားစေပါတယ်။ ရေဓါတ်ပြည့်ဝအောင် နေထိုင်ခြင်းက စိတ်ဖိစီးမှုကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။

၎။ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ဘယ်ရေသောက်သောက် ကိုယ်အလေးချိန်လျော့ကျဖို့ ကူညီပေးနိုင်ပေမယ့် ရေနွေးသောက်သုံးလျှင် သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်က အပြည့်အဝ activated ဖြစ်လာပါလိမ့်မယ်။ ရေနွေးက ခန္ဓာကိုယ်ရဲ့အပူချိန်ကို တိုးစေပြီး သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေကို လာင်ကျွမ်းစေပါတယ်။

၅။ သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်

ရေအေးက သွေးပြန်ကြောတွေပိတ်တယ်ဆိုတာ သိကြမှာပါ။ ရေနွေးက သွေးလွတ်လပ်စွာ စီးဆင်းမှုကို ကူညီပေးပါတယ်။ ကျန်းမာတဲ့ သွေးစီးဆင်းမှုက သွေးတိုးနှင့် နှလုံးသွေးကြောဆိုင်ရာေ၇ာဂါများအန္တရာယ်မှ လျော့ကျစေပါတယ်။

၆။ အစာခြေစနစ်ကို ကူညီပေးပါတယ်

အူသိမ်အူလှုပ်ရှားမှု မရှိတာ၊ အနည်းငယ်သာရှိတာက ကျွန်တော်တို့တွေ အိမ်သာသွားတဲ့အခါ ပြဿနာတွေကို ကြုံတွေ့ရပါတယ်။ ယေဘ