ဖြူဝင်း တောက်ပတဲ့ အသားအရေကို ရယူဖို့ ဆန်မှုန့်ကို ဘယ်လိုအသုံးပြုမလဲ?

ဆန်မှုန့်နဲ့ ထောပတ်ဟာ မီးဖိုချောင်ထဲမှာ ရရှိနိုင်မယ့် ပစ္စည်းတွေဖြစ်ပါတယ်။ သူတို့က အသားအရေအတွက် အလွန်အစွမ်းထက်ပြီး အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။ ဆန်မှုန့်နှင့် ထောပတ်face pack ကို တောက်ပပြီး လန်းဆန်းတဲ့အသားအရေအတွက် အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်ပါတယ်။

အိမ်မှာဆန်မှုန့်ပြုလုပ်ဖို့အတွက်
ဆန်အဖြူတစ်ခွက်ကို အမှုန့်ဖြစ်သွားတဲ့အထိ grinder ထဲမှာ ၅မိနစ်လောက်ကြိတ်ပါ။

ပန်းကန်လုံးတစ်လုံးထဲမှာ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း သို့မဟုတ် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပါ။
ပန်းကန်လုံးထဲကို ထောပတ်အနည်းငယ်ထည့်ပြီး ဆန်မှုန့်နဲ့ ထောပတ်ကို ခပ်ပျစ်ပျစ်ဖြစ်သွားတဲ့အထိ သမအောင် မွှေပေးပါ။

ခပ်ပါးပါးလိုချင်ရင်တော့ ရေအနည်းငယ်ထပ်ထည့်လို့ရပါတယ်။ ပြီးနောက် ရေခဲသေတ္တာထဲမှာ ငါးမိနစ်လောက် အအေးခံပေးပါ။ ၅မိနစ်လောက်နေရင် သင့်မျက်နှာပေါ်မှာ ညီညီညာညာလေး လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ မျက်နှာကို ညင်သာစွာ နှိပ်နယ်ပေးပါ။ အနည်းဆုံး ၁နာရီခွဲလောက်ထားပေးပြီးမှ ရေအေးနှင့် ဆေးကြောပေးပါ။

ဆန်မှုန့်နှင့် ထောပတ်ပတ်ပေါင်းတင်ဆေးရဲ့ အကျိုးကျေးဇူးတွေကတော့
အရေပြားကို ဖြူဝင်း တောက်ပစေပါတယ်။
အသားအရေဖြူဝင်းစေဖို့အတွက် အကျိုးကျေးဇူးမြင့်မားပါတယ်။ အရေပြား tanning ကိုဖယ်ရှားပေးဖို့ ကူညီတဲ့ အင်တီအောက်ဆီဒင့်ကြွယ်ဝပါတယ်။

ဒါက သင့်အသားအရေကို လင်းလက်စေပါတယ်။ ထောပတ်မှာ ဗီတာမင်စီကြွယ်ဝတာကြော်င့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးပါတယ်။ ဆန်မှုန့် နေလောင်ခြင်းကို သက်သာစေပြီး သဘာဝ anti-inflammatory အဖြစ်ဆောင်ရွက်ပေးပါတယ်။

အစက်အပြောက် ကင်းတဲ့ အသားအရေ ကိုရရှိစေပါတယ်
ဆန်မှုန့်နှင့် ထောပတ်ပေါင်းတင်ဆေးက သင့်အသားအရေပေါ်က အစက်အပြောက်များနှင့် အမာရွက်များကို ပျောက်ကင်းစေပါတယ်။ ဝက်ခြံကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်စေပါတယ်။

ဆန်မှုန့်က အသားအရေ ရောင်ချယ်တွေကို ဖယ်ရှားပေးဖို့ ကူညီတာကြောင့် အမဲစက်များကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ထောပတ်က အရေပြားဆဲလ်သေတွေကို ပျော်ဝင်စေတဲ့ လက်တစ်အက်ဆစ်များ ပါရှိပါတယ်။

သွေးလည်ပတ်မှု စနစ်ကို တိုးတတ်စေပါတယ်
Mask ကို လိမ်းပြီး အသားအရေထဲသို့ စိမ့်ဝင်အောင် နှိပ်နယ်ပေးရင် သွေးလည်ပတ်မှုကို တိုးတတ်စေပါတယ်။ သွေးလည်ပတ်မှုတိုးတတ်ခြင်းကြောင့် ပေါင်းတင်ဆေးက စိတ်ဖိစီးမှုရလဒ်ဖြစ်တဲ့ မျက်စိတစ်ဝိုက်မှာ မျက်ကွင်းညိုတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အရေပြားရဲ့ အသွေးအရောင်ကို တိုးမြှင့်ပေးပါတယ်
ဒီပေါင်းတင်ဆေးက သင့်အသားအရေကို ချောမွေ့စေသလို လင်းလက်တောက်ပစေပါတယ်။ ထောပတ်ပတ်မှာပါဝင်တဲ့ ကယ်စီယမ်က အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပြီး အစိုဓါတ်ရရှိစေပါတယ်။

Anti-ageing ပေါင်းတင်ဆေးလည်းဖြစ်ပါတယ်
ဆန်မှုန့်နဲ့ထောပတ်က အသားအရေကို တင်းရင်းစေတာကြောင့် အရေးအကြောင်းတွေ၊ အသားအရေ လျော့ရဲတာတွေ မဖြစ်စေပါဘူး။ ထောပတ်က အသားအရေကို တင်းရင်းစေပြီး ဆန်မှုန့်က အရွယ်မတိုင်ခင် အသားအရေအိုမင်းမှုကို နှေးကွေးစေပါတယ်။

ဆန်မှုန့်နှင့်ထောပတ်ပေါင်းတင်ဆေးကို ပိုကောင်းတဲ့ ရလဒ်ရရှိစေဖို့ တစ်ပတ်ကို တစ်ကြိမ် အပတ်တိုင်း အသုံးပြုပေးပါ။ ပုံမှန်အသုံးပြုသွားရင် ၎င်းက သင့်အသားပေါ်မှာ ကြာရှည် သက်ရောက်မှုရှိပြီး လတ်ဆတ်တောက်ပစေပါလိမ့်မယ်။