ငါးကြီးဆီ (Fish Oil) နေ့စဉ်စားသုံးခြင်းကြောင့် သင့်ခန္ဓာကိုယ်အတွက် ဘာတွေကောင်းမွန်လာသလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ လူဦးရေး ၃ပုံ ၁ပုံ သေဆုံးမှုမှာ နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ ငါးကြီးဆီဟာ သင့်နှလုံးကို စောင့်ရှောက်ပေးရန်ကူညီပေးပြီး ၎င်းမှာ Omega-3 နဲ့ Omega-6 ပါဝင်ပြီး အစားထိုးမရတဲ့ ဖက်တီအက်ဆစ်တွေ များစွာပါရှိပါတယ်။

၁။ ရင်သားအရွယ်အစား ကြီးထွားခြင်း

သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ ငါးကြီးဆီမှာပါဝင်တဲ့ Polyunsaturated အဆီဟာ ရင်သားအရွယ်အစားကို တိုးမြှင့်ပေးနိုင်တယ်လို့ဆိုပါတယ်။ သံလွင်ဆီ၊ ပဲ၊ တိုးဟူး၊ ပင်လယ်ရေညှိ ဒါမှမဟုတ် အသည်းဆီ တို့ကို စားသုံးခြင်းဟာ သင့်ရင်းသားကြီးထွားမှုနှုန်းကို ဖွံ့ဖြိုးစေတဲ့ သဘာဝနည်းလမ်းတွေပဲဖြစ်ပါတယ်။

၂။ နှလုံးရောဂါအန္တရာယ် ကျဆင်းစေခြင်း

ငါးကြီးဆီဟာ ခန္ဓာကိုယ်ထဲက ကောင်းမွန်တဲ့ကိုလက်စထရောအဆင့်ကို ထိန်းညှိပေးပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါအန္တရာယ်ကို လျော့ချပေးနိုင်တဲ့ Fatty Omega 3 နဲ့ omega 6 အက်ဆစ်ဓာတ်တွေပါဝင်တာကြောင့်နှလုံးရောဂါနဲ့ အမောဖောက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ စဉ်းစားတွေးခေါ်မှုမြန်ဆန်ပြီး ပြုပြင်လွယ်ခြင်း

ငါးကြီးဆီတွင်ပါဝင်တဲ့ Omega 3 မှာ DHA သို့မဟုတ် Docosahexaenoic အက်ဆစ်ဓာတ်ပါရှိနေပြီး ဆဲလ်အမြှေးပါးများမပျက်ဆီးအောင် ထိန်းသိန်းစောင့်ရှောင်ခြင်းနဲ့ အာရုံကြောဆဲလ်တွေ ဆက်သွယ်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ များစွာသောလေ့လာမှုတွေအရငါးကြီးဆီဟာ ဦးနှောက် function တွေကို လှုံ့ဆော်မှု၊ တုံ့ပြန်မှုအချိန်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ပြီး ဦးနှောက်ဖြင့်အသုံးပြုဖြေရှင်းရတဲ့ လုပ်ငန်းဆောင်တာများကို အလွယ်တကူဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အသိစွမ်းရည်ကိုမြှင့်တင်ပေးနိုင်ပြီး ဦးနှောက်ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။

၎။ ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်ခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ Omega 3 ဟာ prostaglandins ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ထိုကဲ့သို့လှုံ့ဆော်ပေးမှုကြောင့် ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းလာပြီး ရောဂါကူးစက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။

၅။ သက်လုံကောင်းမွန်ခြင်း

ကမ္ဘာ့အမြန်ဆုံးစက်ဘီးစီးနင်းနိုင်သူရဲ့ လျှိ့ဝှက်ချက်ကို Michael Hutchinson က စာအုပ်ဖြစ်ရေးသားဖော်ပြထားပါတယ်။ သူဟာ စက်ဘီးကို အမြန်ဆုံးစီးနင်းနိုင်ပြီး သက်လုံကောင်းမွန်တာဘာကြောင့်လဲဆိုတော့ ငါးကြီးဆီမှာပါဝင်တဲ့ Fatty အက်ဆစ်နဲ့ Omega 3 ကြောင့်လို့ဆိုထားပါတယ်။ Fatty အက်ဆစ်နဲ့ Omega 3 ဟာ တာရှည်လေ့ကျင့်ခန်းလုပ်သူတွေအတွက် သက်လုံကောင်းမွန်တဲ့ ဆေးစွမ်းတစ်မျိုးပဲဖြစ်ပါတယ်။

၆။ အဆစ်များ ရောင်ရမ်းခြင်း၊ ခိုင်ခံ့မှုမရှိခြင်း

ပြီးခဲ့တဲ့ ရာစုနှစ်အလယ်လောက်က ပင်လယ်နဲ့အနီးဆုံးမှာနေထိုင်တဲ့သူတွေမှာ ဒီလိုအဆစ်မြစ်ရောင်ရမ်းနာကျင်ခြင်း၊ ခိုင်ခံ့မှုမရှိခြင်း ဆိုတာ ရှားပါးပါတယ်။ သူတို့ဟာ Omega 3 နဲ့ အဆီဓာတ်ကြွယ်ဝတဲ့ ငါးများကို စားသုံးပေးကြလို့ပဲဖြစ်ပါတယ်။ အဆစ်တွေကောင်းမွန်စေဖို့အတွက် Omega 3 အဆီအက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာများစားပေးခြင်း သို့မဟုတ် ငါးကြီးဆီသောက်ပေးခြင်းတို့ကိုပြုလုပ်ပေးသင့်ပါတယ်။

၇။ ပင်ပန်းတဲ့အခါ စွမ်းအင်ကို လျင်မြန်စွာဖြည့်တင်းပေးနိုင်ခြင်း

လေ့လာမှုတွေအရ Omega 3 ဟာ ပင်ပန်းတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း စတဲ့ ဝေဒနာတွေကို လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး၊ အလုပ်ကြမ်းလုပ်မိတဲ့အခါမျိုးမှာဖြစ်ပေါ်တတ်တဲ့ ကြွက်သားများ နာကျင်ခြင်းကို ပျောက်ကင်းစေပြီး အာရုံကြောဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၈။ စိတ်ဖိစီးမှုကိုကာကွယ်ပေးခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ Polyunsaturated အက်ဆစ်ဟာ ကောင်းသောစိတ်ခံစားမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းနဲ့ Serotonin ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သုတေသနတွေရဲ့ လေ့လာမှုအရ ငါးကြီးဆီဟာ Schizophrenia နဲ့ အခြားစိတ်ရောဂါဖြစ်ပေါ်မှုတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရရှိတယ်လို့ ဆိုပါတယ်။

၉။ အမြင်အာရုံတိုးတတ်ခြင်း

မျက်လုံးတိမ်ဖြစ်သောသူတွေအတွက် ငါးကြီးဆီကို အသုံးပြုနိုင်ပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်ဟာ အမြင်အာရုံအတွက် မကောင်းမွန်တဲ့ မျက်ကြည်ရည်ကို ဖယ်ရှားပစ်နိုင်ပါတယ်။ သုတေသနတွေရဲ့ စမ်းသပ်မှုတွေအရ Omega 3 ဟာ မျက်စိပြဿနာများအတွက် မျေကာင်းမွန်တဲ့ ကာကွယ်တားဆီးခြင်း မျိုးကို ပြုလုပ်ပေးနိုင်ပါသေးတယ်။

၁၀။ ဆံသားကို ကာကွယ်ပေးခြင်း

ငါးကြီးဆီမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေအစုံပါရှိပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ ဗီတာမင် A နဲ့ D ဟာ ဆံသားပျက်စီးခြင်းကို ကူညီပေးပြီး မကောင်းတဲ့ ကယ်လစီယမ်းနဲ့ ဖော့စဖေရက်များကို စုပ်ယူနိုင်ပါတယ်။

၁၁။ ကျန်းမာသောအသားအရေရရှိခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ Omega 3 ဟာ အသားအရေ ကျုံးခြင်း ဆန့်ခြင်းကို ပြုလုပ်နိုင်ပြီး၊ ကော်လာဂ်ျကို သိုလှောင်ပေးနိုင်တာကြောင် အရေးကြောင်းနဲ့ အိုမင်းခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။

အသက်အရွယ်အလိုက် စိတ်ဖိစီးမှုတွေ ပိုမိုကြုံတွေ့ရတဲ့အခါ အရေပြားခြောက်သွေ့ပြီး ကော်လဂျင်ပမာဏကို ကျဆင်းစေပါတယ်။ Polyunsaturated fatty အက်ဆစ်ဟာ ဝက်ခြံများမဖြစ်ပေါ်အောင် ကူညီပေးနိုင်ပြီး Omega 3 ဟာ အနာကို လျှင်မြန်စွာပျောက်ကင်းစေနိုင်တဲ့ immunomodulatory တွေပါရှိပါတယ်။