ဘာလေ့ကျင့်ခန်းမှ မလုပ်ဘဲ ဗိုက်အဆီကျစေနိုင်တဲ့ ရိုးရှင်းသော နည်းလမ်းများ

အလုပ်များလို့ လေ့ကျင့်ခန်းမလုပ်နိုင်သူတွေ၊ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့ သူတွေအတွက် ဗိုက်အဆီကျစေမယ့် ထိရောက်သောနည်းလမ်းလေးများ ရှိပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက်ဖြစ်ဖို့အတွက် ယခုဖော်ပြပေးမယ့်နည်းလမ်းများကို လိုက်နာဖို့က လိုအပ်ပါတယ်။

၁။ ကိုယ်ဟန်အနေအထားကို ကောင်းမွန်စွာ လေ့ကျင့်ပါ
ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ သင့်ရဲ့ကျောကို ဖြောင့်ဖြောင့်ထားခြင်းက အမြင်အာရုံမှာ ပေါင်အနည်းငယ်လျှော့ချဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ကို အရှေ့ကို ကိုင်းထားတဲ့အခါ ဗိုက်ပူတာကို ပေါ်လွင်စေပါတယ်။ ဖြောင့်ဖြောင့် မတ်တပ်ရပ်ခြင်းက သင့်ရဲ့ဝမ်းဗိုက်ကို ချပ်စေပါတယ်။

၂။ ရေဓါတ်ရအောင် ရေသောက်ပါ
တစ်နေ့ကို အနည်းဆုံး ရေ(၈) ဖန်ခွက် လုံလောက်အောင် သောက်ခြင်းက ကီလိုအပိုအနည်းငယ်ကို ဖယ်ရှားပေးပြီး ကျွန်တော်တို့ခန္ဓာကိုယ်မှ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးပါတယ်။ ရေတစ်ဖန်ခွက်ကို အစာမစားခင်သောက်ရမှာဖြစ်ပြီး စားပြီးရင်မသောက်ဖို့ အကြံပြုထားပါတယ်။

၃။ မှန်ကန်စွာ စားပါ
မှန်ကန်စွာစားခြင်းက အစားရှောင်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်အစားအသောက်တွေထဲမှာ အသီးများနှင့် ဟင်းသီးဟင်းရွက်များ အများကြီး ထည့်သွင်းဖို့ ဆိုလိုတာပါ။

၎။ လမ်းလျှောက်သွားပါ
မိနစ် ၃၀ လမ်းလျှောက်တာက သင့်ရဲ့ဇီဝဖြစ်စဉို မြှင့်တင်ပေးယုံသာ မဟုတ်ဘဲ သင့်ခါးကိုပါ ပါးလျစေဖို့ ကူညီပေးပါတယ်။ ပန်းခြံထဲမှာ သင့်ခွေးလေးနှင့်အတူ ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ သင့်လက်တွဲဖော်နှင့်အတူ အေးအေးဆေးဆေး လမ်းလျှောက်တာတို့ ပြုလုပ်နိုင်ပါတယ်။ လမ်းတလျှောက်မှာ စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို သင်ရှာဖွေတွေ့ရှိပါလိမ့်မယ်။

၅။ ပီကေ၀ါးခြင်း ရပ်တန့်ပါ
ပီကေ၀ါးခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ လေပိုတွေကိုဖန်တီးတာကြောင့် ဖောင်းပွစေနိုင်ပါတယ်။ ဒါကသင့်သွားအတွက်လည်း ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး။ သင့်ခံတွင်းအနံ့ မွှေးစေဖို့ဆိုရင် ပူစီနံကို ရွေးချယ်ပါ။

၆။ စိတ်ဖိစီးမှုကို တိုက်ထုတ်ပါ
သင့်ရဲ့ဗိုက်အဆီတွေကို ကျစေဖို့ဆို စိုးရိမ်ပူပန်မှုတွေကို ရပ်တန့်ပါ။ သင့်ကို ပိုဆိုးစေပါလိမ့်မယ်။ ဘာ့ကြောင့်လဲ? စိတ်ဖိစီးမှုက ခါးပေါ်ကအဆီပိုကို သိုလှောင်တဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ cortisol ရဲ့ထုတ်လုပ်ခြင်းကို တိုးစေတာကြောင့် ဖြစ်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုများအပါအ၀င် စိတ်ဖြေလျော့ဖို့ တရားထိုင်ခြင်း ပြုလုပ်ပေးပါ။ အလုံလောက်အိပ်စက်ဖို့ ကြိုးစားပါ။ သင် gym သွားစရာမလိုပဲ အဆီပိုတွေကို လျော့ချနိုင်ပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ဖို့နှင့် မှန်ကန်စွာ လိုက်နာဆောင်ရွက်ဖို့ဘဲ လိုပါတယ်။