ခြောက်သွေ့တဲ့အသားအရေအတွက် သကြား Body Scrubs

အရေပြားခြောက်သွေ့ခြင်းက အဖြစ်အများဆုံး အသားအရေပြဿနာတစ်ခုဖြစ်ပါတယ်။ သင့်အသားအရေဟာ အာဟာရကောင်းကောင်းမရတဲ့အခါ အရေးအကြောင်းတွေ၊ ရောင်ရမ်းခြင်းတွေ၊ အသားအရေတင်းပြီး ပတ်ကြားအတ်တာတွေ၊ အလွားလိုက်ကွာကျတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုအဓိကဖြစ်စေတဲ့အကြောင်းကတော့ ရေဓါတ်ထိန်းသိမ်းမှု မရှိလို့ပါပဲ။ ဒီလို အသားအရေခြောက်သွေ့မှုပြဿနာကို ကြုံရတဲ့အခါ ရေများများသောက်တာ၊ skincare လုပ်တာ၊ သဘာဝအတိုင်း ကုသတာတွေ ပြုလုပ်ပေးရပါမယ်။

သဘာဝသကြားကိုသုံးပြီး အသားအရေခြောက်သွေ့မှုကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
သကြားအညိုနှင့် Baby Oil Body Scrub

လိုအပ်တာကတော့ သကြားအညို ၁ဇွန်း၊ hydrating baby oil ၂ဇွန်း ဖြစ်ပါတယ်။ သကြားအညိုနှင့် baby oil ကို ခပ်ပျစ်ပျစ်ရတဲ့အထိ မွှေပေးပါ။

သင့်ခန္ဓာကိုယ်တစ်လျှောက်လုံး လိမ်းပေးပါ။ အထူးသဖြင့် တံတောင်ဆစ်၊ ဒူးနှင့် ခြေဖနောင့်တွေကဲ့သို့ အကြမ်းဆုံးဧရိယာတွေပေါ်မှာ လိမ်းပေးပါ။ Scrub လိမ်းပြီးရင် စက်ဝိုင်းပုံလှုပ်ရှားမှုအတိုင်း နှိပ်နယ်ပေးပါ။

အနည်းဆုံး ၅မိနစ်လောက် နှိပ်ပြီးမှ ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။ အရေပြားဆဲလ်သေတွေ တည်ဆောက်မှုကို ပပျောက်စေဖို့ ဒါကို အနည်းဆုံး ၁၅ရက်တစ်ကြိမ်လောက်ပြုလုပ်ပေးပါ။