ခြေဖဝါးကနေ အဆိပ်အတောက်နဲ့ အပူထုတ်ပေးနိုင်တဲ့ နည်းလမ်းအချို့

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်သလို ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေလဲ ပါကောင်းပါနိုင်ပါတယ်။

အချိန်တိုအတွင်းမှ သိသာမှုမရှိပေမဲ့ ရေရှည်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်အစားအသောက်တွေ စားပြီးတိုင်း ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားလို့ရမဲ့ နည်းလမ်းလေး လမ်းညွှန်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ ခြေထောက်ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အများကြီးဆက်နွယ်မှုရှိပါတယ်။ ဒါ့ကြောင့် ခြေထောက်မှ ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အစိတ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို တိုမြှင့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။
၁။ ဆား

ခြေထောက်ကနေ ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အဆိပ်တွေဖယ်ရှားဖို့အတွက် ဆားက ထိရောက်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ပင်လယ်ဆားနဲ့ Epsom ဆား အချိုးတူ၊ မုန့်ဖုတ်ဆိုဒါ ၂ခွက်၊ သံပုရာဆီ၊ ယူကလစ်ဆီ၊ ပူစီနံဆီ၊ လာဗင်ဒါဆီ စတဲ့ ဆီတစ်ခုဖြစ်ဖြစ်တစ်မျိုးမျိုးကို တစ်ပေါက် ၂ပေါက်လောက် ပေါင်းထည့်လိုက်ပါ။

ပြီးလျှင် အဆိုပါ အရောအနှောကိြုေ ခထောက် စိမ်ရုံလောက်ခန့်မှန်းပြီး ရေထည့်ပါ။ ပြီးလျှင် အဆိုပါအိုး ဆူလာတဲ့အထိတည်ပြီး မွှေပေးပါ။ အဲ့ဒီနောက် အဆိုပါရေကို နွေးနွေးလေးဖြစ်အောင်အအေးခံပြီး သင့်ရဲ့ ခြေထောက်စုံကို ထိုရည်ထဲမှာ မိနစ် ၃၀လောက် စိမ်ထားပေးပါ။

ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေ ယားယံခြင်းကို ပျောက်ကင်းဆေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကိုပါ ဖြည့်စမ်းပေးနိုင်ပါတယ်။

၂။ ရွှံ့

Epsom ဆားနဲ့ Bentonite ရွှံ့ ကို ဆတူရောက်စပ်ပြီး သံပုရာဆီ၊ ယူကလစ်ဆီ၊ ပူစီနံဆီ၊ လာဗင်ဒါဆီ စတဲ့ ဆီတစ်ခုဖြစ်ဖြစ် တစ်မျိုးမျိုးကို တစ်ပေါက် နှစ်ပေါက်လောက်ထည့်ပေးပါ။ အားလုံးကိုရောမွှေပြီး အဆိုပါအရောအနှောထဲကို ရေနွေးထည့်ပြီး မွှေပေးပါ။

ခပ်နွေးနွေးအနေအထားကို ရောက်တဲ့အခါ သင့်ရဲ့ ခြေထောက်ကို မိနစ် ၂၀လောက် ထိုရည်ထဲမှာ စိမ်ထားပေးပါ။ အချိန်တိုအတွင်း သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ခြေဖဝါးကနေတဆင့် စုပ်ယူသွားမှာဖြစ်ပါတယ်။
၃။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၂ခွက်နဲ့ ဂျင်းအခြောက်မှုန့်ကို ရောစပ်ပြီး ထိုထဲကို ရေနွေးထည့်ပြီး မွှေပေးပါ။ အသင့်ဖြစ်တဲ့အခါ သင့်ခြေထောက်ကို အဆိုပါရေထဲမှာ မိနစ် ၃၀ လောက်စိမ်ထားပေးလိုက်ပါ။ အဆိပ်အတောက်ကိုဖယ်ရှားပေးတဲ့အပြင် ယားယံခြင်း၊ ဓာတ်မတည်ခြင်း နဲ့ စိတ်ဖိစီမှုကိုပါလျော့ချပေးနိုင်ပါတယ်။

၎။ နာနတ်ရွက်နဲ့ ဆား

ညဘက်အိပ်ခါနီးအချိန် ပြုလုပ်ပေးပါက ခန္ဓာကိုယ်က အပူတွေထွက်ပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေတဲ့အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းဆေးစေပါတယ်။

နာနတ်ရွက်ကိုဘေးက ဆူးတွေဖယ်ထုတ်ပြီး လိမ့်လိုက်ပါ။ ပြီးရင် အနည်းငယ်ထုချေပြီ ဆားလူးပြီး ခြေဖဝါးနှစ်ဖက်ကို ၅မိနစ်/ ၁၀မိနစ်လာက် ပွတ်တိုက်ပေးပါ။ ပြီးမှ သင့်ခြေထောက်ကိုရေဖြင့် သန့်စင်ပေးလိုက်ပါ။