သင့်ရဲ့ကျန်းမာရေးပေါ်မှာ သက်ရောက်စေတဲ့ အဲယားကွန်းရဲ့ဆိုးကျိုး (၆)ခု

ယနေ့ခေတ်မှာ အဲယားကွန်းတပ်ဆင်ခြင်းကို ရုံးခန်းတွေ၊ ကားတွေနဲ့ အပူချိန်နည်းနည်းများတဲ့နိုင်ငံက လူနေအိမ်တွေမှာ တွေ့နိုင်ပါတယ်။ အဲယားကွန်းကကောင်းကျိုးရှိသလို မကောင်းတဲ့ အကျိုးဆက်များလည်း ရှိပါတယ်။ အဲယားကွန်းအလွန်အကျွံ အသုံးပြုခြင်းက ပုံမှန်လည်ချောင်းနာခြင်းနှင့် အအေးမိခြင်းကဲ့သို့သောပြဿနာများကို ဖြစ်စေပြီး သင့်ရဲ့ကျန်းမာပျော်ရွင်မှုကို ထိခိုက်စေနိုင်ပါတယ်။ နွေရာသီမှာ လေအေးပေးစက်က သင့်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်ပေမယ့် အလွန်အကျွံအသုံးမပြုဖို့တော့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအပေါ် အဲယားကွန်းရဲ့ ဆိုးကျိုး သက်ရောက်မှုကို မျှဝေပေးလိုက်ပါတယ်။

၁။ အသက်ရှုလမ်းကြောင်း ပြဿနာများ

temperature မှာ ဘယ်ပြောင်းလဲမှုမဆို ပြင်းထန်ရင် သင့်ရဲ့အသက်ရှုလမ်းကြောင်းစနစ်ကို ပျက်စီးဆုံးရှုံးမှု ရှိတယ်ဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် စူပါမားကတ်တွေ၊ ရုံးခန်းတွေရဲ့ အအေးအပူချိန်ကနေ နွေးတဲ့အပူချိန်ကို ပြောင်းလဲခြင်းက တချို့ပြဿနာများကို ဖြစ်ပွားနိုင်ပါတယ်။
အဘယ့်ကြောင့်ဆိုသော် လေရဲ့လည်ပတ်မှုက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုကို ပိုမိုခုခံနိုင်စွမ်းမရှိတာကြောင့်လည်းဖြစ်ပါတယ်။ ဒါက လည်ချောင်းရောဂါပိုးကူးစက်မှု သို့မဟုတ် pharyngitis ကဲ့သို့သော ပြဿနာများကို ဖြစ်ပွားစေနိုင်ပါတယ်။
တကယ်တော့ လေအေးပေးစက် environmentsမှာ ပိုပြီးအချိန်ဖြုန်းတဲ့သူတွေဟာ လည်ချောင်းနဲ့ နှာခေါင်းရောဂါလက္ခဏာ ဖွံ့ဖြိုးခြင်းရဲ့ ကြီးမားသော အန္တရာယ်ရှိပါတယ်။

၂။ ဗိုင်းရပ်စ်ကူးစက်မှု

လေအေးပေးစက်ရဲ့ ဆိုးကျိုးတစ်ခုက ကိုယ်ခံစွမ်းအားစနစ်ကို အားလျော့စေပြီး ဗိုင်းရပ်စ် ကူးစက်မှု ပြန့်ပွားစေပါတယ်။ လေအေးပေးစက်တွေဟာ အခန်းတွင်းက လေကိုပဲ ပြန်သန့် စင်ရင်း အေးအောင်လုပ်ပြီး အခန်းထဲကိုပဲ ပြန်ထုတ်လွှင့်ပေးတာကြောင့် ဘက်တီးရီးယား ပိုးမွှားတွေဟာ လေထုထဲကနေတဆင့် အခန်းထဲကလူ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ကူးစက်နိုင် ပါတယ်။ သဘာဝအပူချိန်အတိုင်းမဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ အပူချိန်မှာ ကြာရှည်နေတဲ့အခါ သာမန်ပြင်အပ အပူချိန်ကို အရင်ကလောက် ခံနိုင်ရည်မရှိတာမျိုး ဖြစ်လာပါတယ်။ လွန်ကဲတဲ့အအေးဓါတ်ကြောင့် အသားအရေခြောက်သွေ့တာ၊ ခန္ဓာကိုယ် ကြွက်သားတောင့်တင်းတာမျိုးတွေ ဖြစ်လာပါတယ်။

၃။ ရေဓါတ်ခန်းခြောက်ခြင်း

လေအေးပေးစက်အခန်းထဲမှာ နာရီပေါင်းများစွာ ကြာရှည်နေတဲ့သူတွေဟာ သိသိသာသာ ရေဓါတ်ခန်းခြောက်လေ့ရှိပါတယ်။ အဲယားကွန်းက အစိုဓါတ်တွေအများကြီးကို စုပ်ယူပြီး လူက မကြာခဏ ရေအလုံအလောက် မသောက်တဲ့အခါ ရေဓါတ်ခန်းခြောက်မှုတွေ ဖြစ်လာပါတယ်။ temperature ကပိုပြီးအေးတာကြောင့် ခန္ဓာကိုယ်က ပူတယ်လို့မခံစားရတဲ့အခါ ရေလည်း မသောက်ဖြစ်တော့တာကြောင့် ဖြစ်နိုင်ပါတယ်။

၎။ ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ခြင်းက အဲယားကွန်းရဲ့ ဘေးထွက်ဆိုးကျိုးအများစုထဲက တစ်ခုဖြစ်ပါတယ်။ အဲယားကွန်းလေကို အလွန်အကျွံခံတဲ့အခါ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓါတ်ဆုံးရှုံးခြင်းကလည်း ခေါင်းကိုက်ခြင်းရဲ့ အခွင့်အလမ်းကို တိုးပွားစေပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းက တခြားကျန်းမာရေးပြဿနာများအတွက် အစပျိုးဖြစ်တာကြောင့် လစ်လျူမရှု့ထားသင့်ပါဘူး။

၅။ မျက်စိခြောက်သွေ့ခြင်း

အဲယားကွန်းက မျက်စိနာကျင်ခြင်းနှင့် ယားယံခြင်းကို ဦးတည်ပြောင်းလဲစေတဲ့ မျက်လုံးခြောက်သွေ့မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုပြဿနာရှိသူတွေမှာတောင် ပိုပြီးဆိုးရွားစေပါတယ်။ ဒါ့ကြောင့် သင်မှာ မျက်လုံးခြောက်သွေ့မှု ခံစားနေရလျှင် လေအေးပေးစ်ပတ်ဝန်းကျင်မှာ မနေတာ အကောင်းဆုံးပါပဲ။

၆။ အပူခံနိုင်စွမ်းကို လျော့ကျစေပါတယ်

လေအေးပေးစက်အခန်းထဲမှာ အချိန်များစွာ ကြာရှည်နေလျှင် အပူကို သည်းမခံနိုင်တော့ပါဘူး။ အထူးသဖြင့် နွေရာသီကာလအတွင်းမှာ အဓိကဖြစ်ပါတယ်။ လေအေးပေးစက်အခန်းထဲမှာ အမြဲလိုလိုနေသူတွေက နည်းနည်းလေးပူလာတာနဲ့ အရင်ကလောက် သည်းခံနိုင်စွမ်းမရှိတော့ပါဘူး။ နွေရာသီမှာ အဲကွန်းခန်းထဲကနေ အပြင်ကို ထွက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ stressed ဖြစ်နိုင်တယ်ဆိုတာ သတိရပါ။ ဒီအပူချိန်ရုတ်တရက်ပြောင်းလဲမှုက သင့်ကျန်းမာရေးပေါ်မှာ ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
အကျဉ်းချုပ်အနေနဲ့ လေအေးပေးစက် အဲယားကွန်းတွေက သင့်ရဲ့ကျန်းမာရေးပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတချို့ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အလွန်အကျွံအသုံးမပြုဖို့ အရေးကြီးပါတယ်။