ဂျိုးတက်ပြီး ချွတ်မရတဲ့ သွားဂျိုးတွေကို အလွယ်တကူဖြေရှင်းနိုင်မဲ့ သဘာဝနည်းလမ်းအချို့

လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးနေရာတွေမှာ သွားကလဲ အဓိကစွဲဆောင်နိုင်တဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်တို့က ကွမ်း၊ ဆေးလိပ်၊ ကော်ဖီ တွေနေ့စဉ်နဲအမျှ နေ့တိုင်းလိုလို စားသုံးနေတဲ့အခါမှာ

ကျွန်တော်တို့ရဲ့ သွားတွေက ဂျိုးတက်ပြီးဝါကြံ့ကြံ့နဲ့ ချွတ်ဖို့ ခက်ခဲတဲ့အထိဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပုလဲလုံးလေးတွေလို ဖြူဖွေးလှပတဲ့ သွားတွေကို ပိုင်ဆိုင်စေဖို့အတွက် သဘာဝနည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို သဘာဝသွားတိုက်ဆေးတစ်မျိုးလို အသုံးပြုနိုင်တဲ့အပြင် အခြားနေရာတွေမှာလည်း အရမ်းကို အသုံးဝင်တဲ့ ဆေးတစ်လတ်လည်းဖြစ်ပါတယ်။ ဆားတစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်းကို ရောနှောပြီး စိုစွတ်တဲ့ သွားတိုက်တံပေါ်မှာ တင်ပြီး သွားတိုက်သလို အသုံးပြုနိုင်ပါတယ်။

ရက်အနည်းငယ်အတွင်း ဝါးနေတဲ့သွားတွေ၊ ကွမ်းဂျိုး၊ ဆေးလိပ်ဂျိုး၊ ကော်ဖီဂျိုးတွေကို လွယ်ကူစွာဖယ်ရှားပေးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်နဲ့ ဂလစ်ဆရင်း

ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ သွားတိုက်ဆေးထက်ပိုပြီး အစွမ်းထက်တဲ့ ဆေးတစ်လတ်ဖြစ်ပါတယ်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့ – မုန်ဖုတ်ဆိုဒါ ဇွန်းတစ်ဝက်၊ ရှားစောင်းလက်ပတ် ၁ဇွန်း၊ ဟင်းသီးဟင်းရွက်မှထုတ်လုပ်တဲ့ ဂလစ်ဆရင်း ၄ဇွန်း အားလုံးကို ရောနှောပြီး သွားတိုက်တံဖြင့် သွားတိုက်သလို ပွတ်တိုက်ပေးပါ။

သွားများကို ခိုင်ခံ့စေတဲ့အပြင် သွားဂျိုးတွေကိုလည်း အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။

၃။ လိမ္မော်ခွံ

လိမ္မော်သီးစားပြီးတဲ့အခါတိုင်း လိမ္မော်ခွံကို မလွှင့်ပစ်လိုက်ပါနဲ့။ လိမ္မော်ခွံက သင့်သွားကို သန့်စင်ပေးဖို့ အဓိက ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။ လိမ္မော်ခွံဖြင့် သင့်သွားများကို ပွတ်တိုက်ပေးပါ။

သွားမှာစွန်းထင်နေတဲ့ ဂျိုးတွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာအောင် ပွတ်တိုက်ပြီးမှ ရေဖြင့် ပလုတ်ကျင်းပေးလိုက်ပါ။

၄။ နှမ်းစေ့

နှမ်းစေ့ လက်တစ်ဆုပ်စာကို သင့်ပါးစပ်ထဲ ထည့်ပြီး ဘယ်ညာ သွားအစုံဖြင့် ညှက်တဲ့အထိဝါးပေးပြီး ထွေးထုတ်လိုက်ပါ။ ပြီးလျှင် ခြောက်သွေ့တဲ့ သွားပွတ်တံကို အသုံးပြုပြီး သင့်သွားကြားထဲမှာ ကျန်နေတဲ့ စာကြွင်းစားကျင်တွေကို ရှင်းထုတ်ပေးလိုက်ပါ။ သွားကြားထဲမှာရှိတဲ့ အစွန်းအထင်းတွေကို အလွယ်တကူသန့်စင်စေပါတယ်။

၅။ ဗီတာမင် စီ

ဗီတာမင် C ပါဝင်တဲ့ သစ်သီးများဖြင့် သင့်သွားများကို သန့်စင်ပေးနိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့ အသီအနှံတွေကို ကြိတ်ပြီး သင့်သွားများပေါ်ကို သုတ်လိမ်းပေးထားလိုက်ပါ။ ၅-၆ မိနစ်လောက်ကြာမှ ရေဖြင့် သန့်စင်ပေးလိုက်ပါ။

သွားမှ အစွန်းအထင်းတွေအပြင် ခံတွင်းနံ့ ရှင်းခြင်းနဲ့ ဘက်တီးရီးယားပိုးမွှားများကို သန့်စင်ပေးခြင်း တို့ကို ကူညီပေးနိုင်ပါတယ်။

၆။ ရှာလကာရည်

သွားများ သန့်စင်ပြီး ဖြူဝင်းစေဖို့အတွက် ၁၀၀ရာခိုင်နှုန်းထိရောက်တဲ့ သဘာဝနည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ရှာလကာရည် ၂ဇွန်း၊ ဆား ၁ဇွန်း၊ ရေ ၄အောင်စ ကို ရောနှောပြီး သွားတိုက်ဆေးသဖွယ်အသုံးပြုနိုင်ပါတယ်။

ရက်အနည်းငယ်အတွင်း သင့်သွားများ ဖြူဝင်းလာပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါပဲ။ ပြုလုပ်ရလွယ်ကူပြီး ဘေးထွက်ဆိုးကျိုးတွေ မရှိတာကြောင့် ဂျိုးတက်ပြီး ဝါနေတဲ့ သွားပိုင်ရှင်များစမ်းကြည့်လိုက်နော်။