မျက်နှာပေါ်က မလိုချင်တဲ့ အမွှေးအမျှင်တွေကို သဘာဝအတိုင်း ဖယ်ရှားနိုင်တဲ့ နည်းလမ်း ၈မျိုး

ယောက်ျားလေးတွေအတွက် မျက်နှာပေါ်မှာ ပေါက်တဲ့ အမွှေးအမျှင်တွေက ယောက်ျားပီသတယ် ခန့်တယ်လို့ ဆိုကြပေမဲ့ အမျိုးသမီးတွေမှာပေါက်တယ်ဆိုရင်တော့ လှောင်ပြောင်ခံရမှာ အသေအချာပါပဲ။

ဒါ့အပြင် မိမိမျက်နှာပေါ်က အလှကိုဖုံးကွယ်စေတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း လျော့နည်းစေပါတယ်။ ဒီအမွှေးအမျှင်တွေက ရိတ်တယ်ဆိုရင်လည်း ပိုပြီး ထွက်တာကြောင့် ဘယ်လိုဖယ်ရှားရမလဲ ဖြေရှင်းရခက်နေသူတွေအတွက် သဘာဝနည်းလမ်း ၈မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပဲတီစိမ်း + နှင်းဆီရေ

ကြိတ်ထားတဲ့ ပဲတီစိမ်း ၂ဇွန်း
နှင်းဆီရေ ၁-၂ ဇွန်း
သံပုရာရည် ၁ဇွန်း
ပန်းကန်တစ်လုံးထဲကို အဆိုပါ ပါဝင်ပစ္စည်း ၃မျိုးကို ထည့်ပြီး သမအောင်ရောမွှေပေးပါ။

ပြီးလျှင် သင်အမွှေးအမျှငဖယ်ရှားချင်တဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ ၂၀-၂၅ မိနစ်လောက်ကြာပြီး လုံးဝခြောက်သွေ့သွားတဲ့အခါမှာ သင့်လက်ချောင်းလေးဖတ်ပွတ်တိုက်ပြီး သန့်စင်ပေးလိုက်ပါ။

တစ်ပတ်ကို ၃-၄ကြိမ်အထိပြုလုပ်နိုင်ပြီး အစီမ်းရောင်ရှိတဲ့ ပဲတီစိမ်းက Exfoliating ဂုဏ်သတ္တိများစွာရှိပြီး နှင်းဆီရေဟာ ဆံသားကြီးထွားမှုနှုန်းကို တားစီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဘယ်အသားအရေမဆို အသုံးပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုးမရှိပါဘူး။

၂။ ကြက်သွန်နီ+ပင်စိမ်း

အလတ်စားကြက်သွန်နီ ၂လုံး
ပင်စိမ်းရွက် ၁၀-၁၂ရွက်
ပထမဦးစွာ ကြက်သွန်နီကို အခွံနွှာတဲ့အခါ ထွက်ပေါ်လာတဲ့ အမှေးပါးအလွှာလေးကို ယူပါ။

ပြီးလျှင် ပင်စိမ်းရွက်ကို ချေပေးပါ။ ပါဝင်ပစ္စည်းနှစ်ခုကို ရောနှောပြီး သင်ဖယ်ရှားချင်တဲ့အမွှေးအမျှင်နေရာတစ်ဝှိုက်ပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။

၂၀-၂၅ မိနစ်လောက်ကြာတဲ့အခါမှ ဖယ်ရှားပြီး ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ၁-၂ လကြာတဲ့အခါ သိသိသာသာပြောင်းလဲမှုရှိပြီး တစ်ပတ်ကို ၃-၄ကြိမ်ထိ ပြုလုပ်နိုင်ပါတယ်။ ဘယ်အသားအရေမျိုးမဆို အသုံးပြုနိုင်ပါတယ်။

၃။ လာဗင်ဒါဆီ+လက်ဖက်ဆီ
လာဗင်ဒါဆီ လက်ဖက်ဇွန်း ၁ဇွန်း
လက်ဖက်ဆီ ၄-၆ ပေါက်

ပန်းကန်ထဲကို လက်ဖက်ဆီနဲ့ လာဗင်ဒါဆီကို ရောမွှေပေးပါ။ ဝါဂွမ်းစ ဖြင့်အဆိုပါ အဆီကို စွတ်ပြီး သင်အမွှေးအမျှင်ဖယ်ရှားချင်တဲ့နေရာတစ်ဝှိုက်ပေါ်ကို သုတ်လိမ်းပေးပါ။ ၃လအတွင်း သင်မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးနိုင်ပြီး တစ်နေ့ကို ၂-၃ကြိမ်အထိအသုံးပြုနိုင်ပါတယ်။

လာဗင်ဒါဆီနဲ့ လက်ဖက်ဆီဟာ ဆံပင်ကို ဖယ်ရှားဖို့အတွက် Anti- androgenic ဂုဏ်သတ္တိများစွာရှိပါတယ်။ အဆီပြန်၊ ဝက်ခြံရှိနေတဲ့ အသားအရေအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။

၄။ ပျားရည်+သကြား

ပျားရည် ၁ဇွန်း
သကြား ၂ဇွန်း
ရေ ၁ဇွန်း
ပန်းကန်တစ်လုံးထဲသို့ သကြားထည့်၊ ပျားရည်နဲ့ ရေထည့်ပြီး သကြားအရည်ပျော်တဲ့အထိ သမအောင်မွှေပေးပါ။ ပြီးလျှင် ၃၀ စက္ကန့်လောက် မိုက်ခရိုဝေ့ထဲမှာ ခဏထည့်ထားပေးလိုက်ပါ။ ပြီးလျှင် သင်မလိုချင်တဲ့ အမွှေးအမျှင်တွေရှိတဲ့နေရာတစ်ဝှိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။

အချိန်အနည်းငယ်ကြာသွားတဲ့အခါ အဝတ်စတစ်ခုကို ရေအေးစွတ်ပြီး အဆိုပါနေရာကို သန့်စင်ပေးလိုက်ပါ။ ဆံပင်ကို ဖယ်ရှားပေးသော exfoliates အရေပြားဆဲလ်ကို သေစေတဲ့ ဂုဏ်သတ္တိမျာစွာပါဝင်ပြီး ဘယ်အသားအရေမဆိုအသုံးပြုနိုင်ပါတယ်။

၅။ အုတ်ဂျုံ+ငှက်ပျောသီး

အုတ်ဂျုံ ၂ဇွန်း
ငှက်ပျောသီး ၁လုံး
ငှက်ပျောသီးကို ချေပြီး အုတ်ဂျုံနဲ့ ရောသမမွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို မလိုချင်တဲ့ အမွှေးအမျှင်ပေါက်တဲ့နေရာ ပတ်ပတ်လည်လည်ကို သုတ်လိမ်းပေးလိုက်ပါ။ ၁၅-၂၀ မိနစ်လောက်ကြာတဲ့အခါကြမှ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။ တစ်ပတ်ကို ၁-၂ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။ အုတ်ဂျုံက အသားအရေအတွက် ကောင်းမွန်တာကြောင့် ဘယ်အသားအရေမျိုးမဆို အသုံးပြုနိုင်ပါတယ်။

၆။ ဂျယ်လတင်း + နို့

ဂျယ်လတင်းမှုန့် ၁ဇွန်း
နွားနို့စစ်စစ် ၃ဇွန်း
သံပုရာရည် ၁-၂စက်

အဆိုပါ ပါဝင်ပစ္စည်းသုံးမျိုးကို ရောနှောကာ မိုက်ခရုဝေ့ထဲမှာ မိနစ်အနည်းငယ်ကြာအောင်ထားပြီး အအေးခံလိုက်ပါ။ အမွှေးအမျှင်တွေရှိတဲ့နေရာတစ်ဝှိုက်ကို သင့်လက်ချောင်းလေးဖြင့် သုတ်လိမ်းပေးပြီး ၅မိနစ်ခန့်လောက်ထားပေးလိုက်ပါ။ အဆိုပါ အရောအနှောဟာ ကော်လိုအရမ်းကပ်စေးတာကြောင့် သင်မလိုအပ်တဲ့

အမွှေးအမျှင်တွေကို ချွတ်ထွက်စေပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်သေနဲ့ အမဲစက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အထိခိုက်မခံတဲ့ အသားအရေနဲ့ ဝက်ခြံရှိတဲ့သူတွေမှလွဲပြီး ဘယ်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။

၇။ ကြက်ဥ+ပြောင်ဖူးကော်မှုန့်

ကြက်ဥ ၁လုံး
ပြောင်းဖူးကော်မှုန့် ဇွန်း ၁ ဝက်
သကြား ၁ဇွန်း
ပထမဦးစွာ ပန်းကန်တစ်လုံးထဲကို ကြက်ဥအကာ၊ သကြား နဲ့ ပြောင်းဖူးကော်မှုန့်တို့ကို ထည့်ပြီး ရောမွှေပေးပါ။

ပြီးလျှင် အမွှေးရှိတဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပြီး မိနစ် ၂၀-၂၅ မိနစ်လောက် ထားပြီး အခြောက်ခံပေးပါ။ ခြောက်သွားတဲ့အခါမှ ခွာပေးလိုက်ပါ။ တစ်ပတ်ကို ၂-၃ကြိမ်အထိအသုံးပြု နိုင်ပါတယ်။ ဝက်ခြံရှိတဲ့နေရာနဲ့ အထိခိုက်မခံတဲ့နေရာမှလွယ်ပြီး ဘယ်အသားအရေမဆို အသုံးပြုနိုင်ပါတယ်။

၈။ သင်္ဘောသီး+နနွင်း

သင်္ဘောသီးမှည့်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
သင်္ဘောသီးမှည့်ကို အနည်းငယ်ပိုင်းဖြတ်ပြီး နနွင်းမှုန်နဲ့ အတူ ကြေအောင်ချေပေးပါ။ ပြီးလျှင် သင်မလိုချင်တဲ့ အမွှေးပေါက်တဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။

ပထဦးစွာ ညင်ညင်သာသာသုတ်လိမ်းပေးပြီး ပြီးလျှင် နှိပ်လိမ်းပေးပါ။ ၁၅-၂၀မိနစ်လောက်ကြာတဲ့အခါ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ တစ်ပတ်ကို ၂ကြိမ်အထိအသုံးပြုနိုင်ပြီး ဘယ်အသားအရေမဆို အသုံးပြုပေးနိုင်ပါတယ်။