တစ်ပတ်အတွင်း ဆံပင် ၁ လက်မကနေ ၂ လက်မထိ ပိုရှည်လာစေမယ့် သဘာဝနည်းလမ်း

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေကြပြီလား။ ပျိုမေတို့ရေ။ ဆံပင်အရှည်မြန်အောင် ဆံပင်ထိန်းသိမ်းရတာလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ တစ်ပတ်အတွင်း သိသိသာသာ ဆံပင်ရှည်လာစေဖို့ သဘာဝအတိုင်း ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

ရှန်ပူမှာပါတဲ့ ကလိုရင်းက ဆံသားခြောက်သွေ့စေပါတယ်။ ဒါကြောင့်ဆံပင်အရှည်မြန်ချင်ရင် နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။

၂။ ရေများများသောက်ပေးပါ

ရေသောက်ပေးတာက ဆံကေသာအတွက်တင်မကဘဲ လက်သည်းခြေသည်း၊ အရေပြားနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ ဦးရေပြားသွေးစီးဆင်းမှုကောင်းဖို့ နှိပ်နယ်ပေးပါ

ဦးရေပြားကို ပုံမှန်နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံသားကို တောက်ပကာ အရှည်ပိုမြန်စေပါတယ်။

၎။ ဗီတာမင်ဘီ၊ သဘောင်္သီးနဲ့ ငှက်ပျောသီးစားပေးပါ

ဘီတာမင်ဓာတ် မှန်မှန်ကန်ကန်စားသုံးပေးတာကလည်း သင့်ဆံသားအတွက် အထောက်အကူဖြစ်ပါတယ်။

၅။ ခေါင်းလျှော်တဲ့အချိန် ရေပူနဲ့ မလျှော်ပါနဲ့

ရေပူနဲ့ ခေါင်းလျော်တာက ဆံသားပျက်စီးစေပါတယ်။ တကယ်လို့ ရေအနွေးသုံးချင်ရင်တော့ ရှန်ပူမသုံးခင် သုံးနိုင်ပါတယ်။ ရှန်ပူဆေးချဖို့ကိုတော့ ရေအေးသုံးပေးရပါမယ်။

ဒီနည်းလမ်းတွေကတော့ သဘာဝနည်းနဲ့ ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။