ညိုမည်းနေတဲ့ နှုတ်ခမ်းလေးကို ပြန်ပြီးပန်းရောင်သမ်းလာအောင် လုပ်ပေးမယ့် နည်းလမ်း (၃)မျိုး

အခုနောက်ပိုင်းမှာ နှုတ်ခမ်းနီတွေက တံဆိပ်မျိုးစုံ၊ ပုံစံမျိုးစုံ၊ အရောင်အသွေးမျိုးစုံနဲ့ ထွက်လာတော့ ရွေးချယ်စရာတွေကလည်းများလာတယ်။ နှုတ်ခမ်းနီလှလှလေးဆိုးလိုက်ရင် နှုတ်ခမ်းလှလှလေးကို ချက်ချင်းရနိုင်တယ်။ ဒါပေမယ့် နှုတ်ခမ်းနီအမြဲဆိုးပေမယ့် နှုတ်ခမ်းကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ အဲ့ဒီတော့ ကြာလာတဲ့အခါ နှုတ်ခမ်းညိုမည်းတာတွေဖြစ်လာပြီး နဂိုနှုတ်ခမ်းသားအရောင်ပြန်မရတော့ပါဘူး။ ဒီတော့ ညိုမည်းနေတဲ့ နှုတ်ခမ်းလေးကို ပန်းရောင်လေးပြန်ဖြစ်လာအောင် ဒီသဘာဝနည်းလေးတွေနဲ့ ပြန်ပြုပြင်လိုက်ရအောင်။

(၁) သလဲသီးအစေ့

သလဲသီးအစေ့တွေကို blender နဲ့ကြိတ်ခြေပြီး နွားနို့အနည်းငယ်နဲ့ရောကာ နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းကာ ၅မိနစ်လောက် ဖွဖွလေးပွတ်တိုက်ပေးပါ။ ပြီးရင် ရေနွေးဆွတ်ထားတဲ့ အဝတ်နဲ့ သုတ်ပေးပြီး vaseline ဒါမှမဟုတ် အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးလိုက်ပါ။ ဒီနည်းလေးကို ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးရင် ညိုနေတဲ့ နှုတ်ခမ်းလေးက တဖြည်းဖြည်းပန်းရောင်သန်းလာပါလိမ့်မယ်။

(၂) နှင်းဆီပွင့်ဖတ်

နှင်းဆီပန်းရဲ့ ပွင့်ဖတ်လေးတွေကို နွားနို့ထဲမှာစိမ်ပြီး တစ်ညထားလိုက်ပါ။ မနက်ရောက်ရင် နွားနို့ထဲ စိမ်ထားတဲ့ နှင်းဆီပွင့်ဖတ်တွေကို နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ်လောက် အုပ်ထားပေးလိုက်ပြီး ရေနွေးစိမ်ထားတဲ့ အဝတ်နဲ့ပွတ်သုတ်ပေးပြီး နှုတ်ခမ်းနီအဆီလေး ဆိုးပေးလိုက်ပါ။ နှင်းဆီပွင့်ဖတ်နဲ့ နွားနို့က နှုတ်ခမ်းအတွက် လိုအပ်တဲ့ အာဟာရတွေကိုပြန်ဖြည့်ပေးပြီး ညိုမည်းနေတာတွေကို ပျောက်ကင်းစေပါတယ်။

(၃) သံပရိုသီး၊ပျားရည်

ပျားရည်တစ်ဇွန်းထဲကို သံပရိုရည်အနည်းငယ် ညှစ်ထည့်ပြီး နှုတ်ခမ်းပေါမှာလိမ်းကာ ၁၅မိနစ်လောက် ထားပေးပါ။ ပြီးရင် ရေနွေးစိမ်ထားတဲ့ အဝတ်လေးနဲ့ သုတ်ပေးပြီး vaseline လေး လိမ်းပေးလိုက်ပါ။ နေ့စစဉ်ပုံမှန် လုပ်ပေးသွားရင် နှုတ်ခမ်းလေးတွေ ပန်းရောင်ပြန်ဖြစ်လာပါလိမ့်မယ်။