(ဝက်ခြံကင်းစင်ပြီး)အသားအရေကြည်လင်ဖြူဝင်းစေဖို့ဆန်ဆေးရည်ကိုအသုံးပြုနည်း

အမည်းစက်နဲ့ဝက်ခြံကင်းစင်ပြီးအသားအရေကြည်လင်ဖြူဝင်းစေဖို့ဆန်ကိုအသုံးပြုနည်းမြန်မာလူမျိုးတို့ကဆန်ကိုအဓိကစားသုံးကြတာဆိုတော့ဆန်ကအိမ်တိုင်းမှာအလွယ်တကူရရှိနိုင်တာမို့ဆန်ကိုအလှအပအတွက်ဘယ်လိုအသုံးပြုရမလဲ

ဆိုတာမျှဝေပေးပါမယ်မျက်နှာအလှအပအတွက် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေအစားသဘာဝနည်းလမ်းလေးတွေကိုအသုံးပြုလိုက်ကြရအောင်ပါဆန်ဟာကျွန်မတို့ကိုအဟာရပြည့်ဝစေရုံသာမကအသားအရေကြည်လင်စိုပြေပြီးဖြူဝင်းစေဖို့အသုံးပြုနိုင်ပါတယ်

အသားအရေပေါ်ကအမည်းစက်တွေအဆီတွေကိုသန့်စင်ပေးပြီးဝက်ခြံကြောင့်ဖြစ်တဲ့အနာရွတ်တွေအသားအရေမညီတာတွေကိုဖြေရှင်းပေးနိုင်ပါတယ်ပါဝင်ပစ္စည်းဆန်၁ခွက်နို့ခွက်တစ်ဝက်နို့အကျက်ပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ရပါတယ်

နော်ပြုလုပ်နည်းဆန်ကိုညလုံးပေါက်ရေစိမ်ထားပြီးမနက်မိုးလင်းရင်အမှုန့်ဖြစ်အောင်ထောင်းသို့ကြိတ်လိုက်ပါပြီးရင်နွားနို့ထည့်လိုက်ပြီးသေချာမွှေပေးပါအရင်ဆုံးမျက်နှာကိုစင်အောင်သစ်ပြီးအခုလုပ်ထားတဲ့ဆန်မှုန့်နဲ့နွားနို့အရောကိုမျက်နှာနဲ့လည်ပင်း ပေါ်လိမ်းပေးပါ

၂မိနစ်လောက်ညှင်သာစွာပွတ်ပြီးလိမ်းပေးရမှာပါနော်ဆန်မှုန့်ကိုပါပါအောင်လိမ်းပေးပါပြီးရင်၁၅မိနစ်လောက်ထားပါအဲဒီနောက်ရေအေးအေးလေးနဲ့ဆေးချပြီးMoisturizerလိမ်းပေးထားပါတစ်ပတ်ကို၃ကြိမ်လောက်လုပ်ပေးပါ

ညအိပ်ယာမဝင်ခင်အခုလိုမျိုးလုပ်ပေးရင်ပိုပြီးအကျိုးထူးပါတယ်။၂ပတ်လောက်ဆိုရင် အသားအရေသိသိသာသာ ကောင်းမွန်လာတာတွေ့ရမှာပါနော်အသားအရေကို ချေမွတ် နူးညံ့လာမှာဖြစ်ပါတယ်နော်