ဒူးနဲ့တံတောင်ဆစ်ပေါ်ကအမည်းကွက်တွေကိုတစ်ပတ်အတွင်းဖြူဖွေးလာစေမည့်နည်းလမ်းတံတောင်ဆစ်နောက်ကအမည်းကွက်အညိုကွက်တွေကြောင့်အကျီင်္လက်တိုဝတ်ရာမှာကြောက်နေသူတွေဒူးမည်းနေလို့စကပ်တိုဘောင်းဘီတိုဝတ်ရမှာစိတ်ညစ်နေတဲ့ပျိုမေတို့အတွက်နည်းလမ်းကောင်းကိုဖော်ပြပေးချင်ပါတယ်။
အချိန်ကုန်ငွေကုန်သက်သာပြီးဒူးမည်း၊တံတောင်မည်းနေတာတွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝနည်းလမ်းတွေရှိပါတယ်အဲ့ဒါကတွေကတော့( ၁ )အုန်းဆီအုန်းဆီဟာဒီလိုအမည်းကွက်တွေကိုဖယ်ရှားပေးနိုင်တဲ့သဘာဝ နည်းလမ်းပါသူ့မှာဆိုရင်ဗီတာမင်အီးပါတဲ့အတွက်အရေပြားကိုပိုတောက်ပစေသလို ၊
ခြောက်သွေ့တာနဲ့ရေဓါတ်ခမ်းခြောက်တာတွေကိုသက်သာစေပါတယ်ပျက်စီးနေတဲ့အသားအရေကိုလည်းပြန်ကုစားပေးနိုင်ပါတယ်ရေချိုးပြီးတိုင်းမှာမည်းနေတဲ့ဒူးဆစ်တံတောင်ဆစ်နေရာကိုအုန်းဆီလိမ်းပြီးတစ်မိနစ် နှစ်မိနစ်လောက်ညင်သာစွာနှိပ်နယ်ပေးပါပိုထိရောက်တဲ့နည်းကတော့အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့
သံပရိုရည်ဇွန်းဝက်ကိုရောပြီးမည်းနေတဲ့နေရာပေါ်ကိုလိမ်းပေးပါ( ၁၅ ) မိနစ်လောက်ကြာအောင်ထားပြီးရင် တစ်ရှူးနဲ့သုတ်ပစ်လိုက်ပါနေ့စဉ်လုပ်ပေးခြင်းအားဖြင့်မည်းနေတာတွေသက်သာပျောက်ကင်းသွားမှာပါ။( ၂ )သံပရိုသံပရိုရည်ကိုမည်းနေတဲ့နေရာအပေါ်လိမ်းပေးပြီးမိနစ်( ၂၀ )ကြာအောင်ထားပါ။
ပြီးရင်တော့ရေနွေးလေးနဲ့ ရေဆေးချပါ။ရေစင်အောင်သုတ်ပေးပြီးရင်တော့Lotionလိမ်းပေးပါ။( ၃ )ဒိန်ချဉ်ဒိန်ချဉ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့အဖြူရောင်ရှာလကာရည်ကိုရောပြီးလိမ်းပေးပါပြီးရင်တော့ရေနွေးနဲ့ဆေးချပါ ။ ရေခြောက်အောင် သုတ်ေ ပးပြီးရင်တော့ Lotion ဒါမှမဟုတ် moisturizer လိမ်းပေးပါ
နေ့စဉ်လုပ်ေ ပးရင်တော့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါ။( ၄ ) သကြားသကြားနဲ့သံလွင်ဆီ လိုပါတယ်။ပြီးရင်တော့ ရောပြီးပျစ်နေအောင်မွှေပါ။ပြီးရင်ေ တာ့ လိမ်းပေးပါ။လိမ်းတဲ့နေရာမှာလည်း လက်ချောင်းကိုသုံးပြီးစက်ဝိုင်းပုံစံမျိုးလှည့်ပြီးလိမ်းပေးရမှာပါ။ငါးမိနစ်လောက်ကြာရင်တော့ရေနွေးနွေးနဲ့ ဆေးချပါ။
( ၅ )မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့တစ်ဇွန်းကိုရောပါ။ပျစ်နေအောင်မွှေပြီးရင်တော့လိမ်းပေးပါ။နှစ်မိနစ်သုံးမိနစ်လောက်ကြာရင်တော့ရေဆေးချပါ။ဒီနည်းကိုလည်းနေ့စဉ်လုပ်ပေးရင်တော့တစ်လအတွင်းမှာပဲအမည်းကွက်တွေသိသိသာသာသက်သာစေမှာပါ။
(၆ )ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ကိုလိမ်းပေးရမှာပါ။မိနစ်(၂၀)လောက်ခြောက်အောင်ထားပြီးရင်တော့ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ဒီနည်းကိုတော့လည်းတစ်နေ့မှာတစ်ကြိမ်(သို့)နှစ်ကြိမ်လုပ်ပေးရုံနဲ့ တစ်လအတွင်းသိသိသာသာအကျိုးထူးစေမှာပါ။ခရက်တစ်ပါ