ခရမ်းချဉ်သီးတစ်လုံးတည်းနဲ့ မျက်နှာပေါ်ကအမည်းစက်ဝက်ခြံအဆီပြန်တာတွေပျောက်တဲ့နည်းခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီးကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။
ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင်လုပ်လို့ရပါတယ်
(၁) မျက်နှာအဆီပြန်တာကိုလျှော့ချပေးမယ့်နည်းမျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်ကို မျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။
ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင်မျက်နှာအဆီပြန်တာကိုသက်သာသွားစေပါလိမ့်မယ်(၂) ချွေးပေါက်ကျယ်တွေကိုပျောက်ကင်းစေမယ့်နည်းခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး
မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါအဲ့လိုပွတ်တိုက်ပေးတာကချွေးပေါက်တွေထဲမှာပိတ်နေတအညစ်အကြေးတွေကို သန့်စင်စေပြီး တိုနာလိမ်းပေးသလိုဖြစ်စေတာကြောင့် ချွေးပေါက်ကျယ်တာတွေကို ပျောက်ကင်းစေပါတယ်
၁၅မိနစ်လောက်ပွတ်တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရမှာပါ(၃) အသားအရေပိုကြည်ပြီး၊ပိုဖြူလာစေမယ့်နည်းခရမ်းချဉ်သီးတစ်လုံးနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ
သုံးရက်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး၊ ပိုလည်းကြည်လင်လာပါလိမ့်မယ်။
(၄) အမည်းစက်ပျောက်စေမယ့်နည်းခရမ်းချဉ်သီးတစ်လုံးကို သံပရိုရည်နည်းနည်းရောပြီး အမည်းစက်နဲ့အမာရွတ်တွေရှိတဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ
၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့မျက်နှာပြန်သစ်လိုက်ပါ။ နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ၊ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်။writtenpp