အနံ့အသက်မကောင်းတဲ့ဆံပင်ကြောင့်စိတ်ညစ်နေရသူတွေအတွက်

အနံ့အသက်မကောင်းတဲ့ဆံပင်ကြောင့်စိတ်ညစ်နေရသူတွေအတွက်ဆံကေသာအနံ့အသက်ကောင်းအောင်ကူညီပေးနိုင်မယ့်သဘာဝနည်းလမ်းတစ်ချို့ကိုအကြံပြုပေးချင်ပါတယ်

ဦးရေပြားမှာဆီထွက်တာ၊ဗောက်ထတာနဲ့ခေါင်းချွေးထွက်တာ၊လေထုညစ်ညမ်းမှု၊မှိုနဲ့ဗက်တီရီးယားကူးစက်မှုတွေကြောင့်အနံ့အသက်မကောင်းရတာပါ။ဒါဟာတစ်ကိုယ်ရည်

သန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်နိုင်သလိုတစ်ခါတစ်လေမှာဟော်မုန်းဓါတ်မညီမျှတာဒါမှမဟုတ်ပတ်ဝန်းကျင်ကတခုခုနဲ့ဓါတ်မတည့်တာတွေကြောင့်ခုလိုအနံ့နံရတာပါ

(၁)ကြက်သွန်ဖြူဆီကြက်သွန်ဖြူဟာအနံ့စူးရှပါတယ်။ဒါပေမယ့်ဒါကိုဦးရေပြားမနံအောင်အသုံးပြုလို့ရပါတယ်မှိုနဲ့ဗက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းလည်းသူ့မှာရှိပါတယ်

ကြက်သွန်ဖြူ(၃)(၄)မွှာကိုအုန်းဆီလက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်နဲ့ရောပြီးဆူအောင်တည်ပါ။ရလာတဲ့အရည်ကိုတော့ဂွမ်းစနဲ့တို့ပြီးဦးရေပြားကိုလူးပေးပါလူးနေရင်းဦးရေပြားကို

နှိပ်နယ်တာမျိုးလုပ်ပေးပါအဲ့ဒီလိုလုပ်ပြီးမိနစ်(၂၀)လောက်ကြာရင်တော့ရှန်ပူနဲ့ခေါင်းလျှော်ပစ်လိုက်ပါ(၂)ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ဟာဦးရေပြားဆီထွက်တာနဲ့

ဗောက်တွေကိုနိုင်ပါတယ်ဒါ့အပြင်အစိုဓါတ်နဲ့ဆံပင်ကိုကျန်းမာကြံ့ခိုင်စေပါတယ်ရှားစောင်းလက်ပတ်ကိုထက်ခြမ်းခြမ်းလိုက်ပြီးရလာတဲ့အဆီပျစ်ကိုအသုံးပြုရမှာပါ။ပုံမှန်လျှော်

နေကျရှန်ပူနဲ့ခေါင်းလျှော်ပြီးရင်အဲ့ဒီအဆီပျစ်ကိုဆံပင်နဲ့ဦးရေပြားကိုလိမ်းပေးရမှာပါ(၁၅)မိနစ်လောက်ကြာအောင်ထားပြီးရင်တော့ခေါင်းကိုပြန်ဆေးချပစ်ရမှာဖြစ်ပါတယ်

(၃)ကြက်သွန်နီကြက်သွန်နီဟာလည်းကြက်သွန်ဖြူလိုပါပဲဗက်တီးရီးယားနဲ့မှိုတွေကိုဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်ဆံပင်ကိုမြန်မြန်ရှည်စေသလိုဆံပင်ကျွတ်ထိပ်ပြောင်တာတွေ

အတွက်လည်းကောင်းပါတယ်ကြက်သွန်နီကိုလှီးပြီးဖျော်စက်ထဲမှာထည့်ဖျော်ပါ။ရလာတဲ့အရည်ကိုခေါင်းမှာလူးပေးရမှာဖြစ်ပါတယ်။နာရီဝက်လောက်ကြာအောင်ထားပြီးရင်တော့

ရှန်ပူနဲ့ခေါင်းလျှော်ပစ်ရမှာဖြစ်ပါတယ်။(၄)ခရမ်းချဉ်သီးဗီတာမင်နဲ့သံဓါတ်တွေပါဝင်တဲ့ ခရမ်းချဉ်သီးဟာလည်းဦးရေပြားရဲ့အက်စစ်ဓါတ်Levelကိုမြှင့်ပေးနိုင်တာကြောင့်

ဗက်တီးရီးယားနဲ့မှိုကိုနှိမ်နင်းပေးနိုင်ပါတယ်။ဆံပင်ကိုသန့်ရှင်းတောက်ပစေနိုင်တဲ့အစွမ်းရှိပါတယ်။ဖျော်စက်ထဲမှာခရမ်းချဉ်သီးတွေကိုထည့်ဖျော်ပြီးရလာတဲ့အရည်နဲ့ခေါင်းကိုလူးပေး

ရမှာဖြစ်ပါတယ်။ငါးမိနစ်လောက်ကြာအောင်ထားပြီးရင်တော့ ခေါင်းပြန်လျှော်ပစ်ရမှာဖြစ်ပါတယ်။(၅)သံပရိုသီးသံပရိုသီးကိုအရည်ညှစ်ပြီးရေလက်ဖက်ရည်ပန်းကန်လုံးနှစ်

လုံးနဲ့ရောရမှာဖြစ်ပါတယ်ခေါင်းကိုရှန်ပူနဲ့လျှော်ပြီးသံပရိုအရည်ကိုဦးရေပြားပေါ်လောင်းချပေးလိုက်ပါ။ငါးမိနစ်လောက်ကြာရင်တော့ခေါင်းကိုဆေးချပေးရမှာဖြစ်ပါတယ်

(၆)စမုန်ဖြူစမုန်ဖြူဟာအနံ့အသက်အတွက်ကောင်းတဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ဆံပင်အနံ့နံတာတွေကိုသက်သာစေပါတယ်။အခုနောက်ပိုင်းမှာတောခေါင်းလျှော်

ရည်တွေမှာစမုန်ဖြူကို ထည့်သွင်းအသုံးပြုလာတာကိုတွေ့ရပါတယ်။စမုန်ဖြူလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးနဲ့ရေနှစ်လီတာကို(၁၅)မိနစ်လောက် ဆူပွတ်အောင်ကျိုပါ။တခုခုထဲ

မှာအဖုံးဖုံးပြီးကျိုရမှာဖြစ်ပါတယ်။ပြီးရင်တော့အအေးခံပြီးရလာတဲ့အရည်ကိုခေါင်းလျှော်ရာမှာအသုံးပြုရမှာဖြစ်ပါတယ်ခရစ်တစ်