ပါးပြီးကျွတ်နေတဲ့ဆံပင်များတစ်ပတ်အတွင်းသန်းစွမ်းလာစေသည့်ကြက်ဥနဲ့ပေါင်းတင်နည်း

ဆံပင်ပါးတာနဲ့ဆံပင်ကျွတ်တဲ့ပြဿနာတွေကိုတစ်ပတ်အတွင်းဖြေရှင်းနိုင်ဖို့ကြက်ဥနဲ့ပေါင်းတင်နည်း၃သွယ်ဆံပင်ပါးနေလို့ဆံပင်တွေခဏခဏကျွတ်နေလို့စိတ်ညစ်နေလားဒါဆိုရင်တော့သဘာဝနည်းလမ်းလေး၃သွယ်ကိုမျှဝေပေးမယ်နော်

ကြက်ဥကဆံပင်အတွက်ဘာတွေကောင်းတယ်ဆိုတာအရင်ပြောပြပေးမယ်နော်ဆံပင်ပြန်လည်ရှင်သန်စေဖို့နဲ့ဆံနွယ်တွေကိုတောက်ပြောင်စေတဲ့ ပရိုတင်းနဲ့ဗီတာမင်ဓါတ်တွေအများအပြားပါဝင်ပါတယ်ဒါ့ကြောင့်ဆံပင်ကျွတ်တာကို

အထိရောက်ဆုံးကုသပေးနိုင်ပါတယ်ဒါ့အပြင်အိုင်အိုဒင်း၊ ဖော့စဖော့ရပ်၊ဆီလီနီယမ်သံဓါတ်တွေပါဝင်လို့ ကျွတ်သွားတဲ့ ဆံပင်တွေကို ပြန်လည်ရှင်သန်စေပါတယ်UV ဒဏ်ကနေကာကွယ်ပေးတဲ့ ဗီတာမင် Eကြွယ်ဝစွာပါဝင်လို့

ဆံသားပျက်ဆီးခြင်းကိုကာကွယ်ပေးမှာပါဆံပင်ရဲ့အမြစ်လေးတွေကိုအားဖြည့်ပေးတဲ့ဗီတာမင် B7ပါဝင်ပြီးဆံကေသာကိုသန်စွမ်းစေပါတယ်ဦးရေပြားယားယံတာဆံသားခြောက်သွေ့တာတွေကိုလည်းသက်သာစေပါတယ်

ပြုလုပ်နည်း ၃မျိုးကို ဆက်ပြီးမျှဝေပေးမယ်နော်။၁။ကြက်ဥနဲ့သံလွင်ဆီဆံပင်ကျွတ်တာကိုထိန်းချုပ်နိုင်ဖို့ ကြက်ဥနဲ့သံလွင်ဆီ ကိုသုံးပေးပါကြက်ဥ(၁)လုံးနဲ့သံလွင်ဆီလက်ဖက်ရည်ဇွန်း၁ဇွန်းကိုရောပြီးသေချာမွှေပေးပါ
အရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါပြီးရင်ဦးရေပြားပေါ်လိမ်းပေးပြီးမိနစ်၂၀ကနေနာရီဝက်ထိထားပါပြီးရင်ခေါင်းလျှော်ရည်နဲ့လျှော်ချပါ၂။ကြက်ဥအနှစ်နဲ့သံပုရာရည်ဆံပင်ကျွတ်တာကိုသက်သာစေပြီးဆံသားတွေကို

ပြန်လည်ထူလာစေဖို့ကြက်ဥအနှစ်၂လုံးနဲ့သံပုရည်ရည်လက်ဖက်ရည်ဇွန်း ၂ဇွန်းကိုသေချာမွှေပါအရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါပြီးရင်ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပါအဲဒီနောက်မိနစ်၃၀လောက်ထားပြီးခေါင်းလျှော်ရည်နဲ့

လျှော်ချပါတစ်ပတ်ကို၃ကြိမ်လုပ်ပေးပါ၃။ကြက်ဥအနှစ်၊သံလွင်ဆီနဲ့ပျားရည်ဆံသးပျက်ဆီးခြင်းကို ပြန်လည်ရှင်သန်စေပြီး ဆံသားခြောက်သွေ့တာတွေကိုသက်သာစေဖို့အတွက်ကြက်ဥအနှစ်၂လုံး၊သံလွင်ဆီစားပွဲတင်ဇွန်း၃ဇွန်း၊ပျားရည်

စားပွဲတင်ဇွန်း၃ဇွန်းကိုသေချာမွှေပါအရင်းဆုံးကြက်ဥကိုနာနာခလောက်ပေးရမှာပါအဲဒီနောက်ဦးရေပြားနဲ့ဆံပင်အမြစ်ကနေအဖြားထိလိမ်းပေးပြီးမိနစ်၃၀လောက်ထားပါပြီးရင်ရေခပ်နွေးနွေးခေါင်းလျှော်ရည်နဲ့လျှော်ချပေးပါတစ်ပတ်ကို၃ကြိမ်ဖြစ်ပြီး၁လတိတိဆိုရင်ဆံသားတွေတောက်ပြောင်သန်စွမ်းလာမှာပါ