တင်းတိတ်မှဲ့ခြောက်အမာရွတ်ဟောင်းများကိုယူပစ်သလိုမျိုးပျောက်ကင်းစေသည့်နည်းလမ်းများ

အသားဖြူချင်သူများအတွက်သဘာဝနည်းလမ်းကောင်းများအသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှအပတခုဖြစ်ပါတယ်အသားဖြူစေတဲ့အလှကုန်တွေပေါသလိုသဘာဝဖြစ်အသားဖြူနည်းတွေလဲ

ရှိပါတယ်အသားဖြူချင်သူတွေအတွက်သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်သဘာဝအသားဖြူပစ္စည်းတွေနဲ့အသားဖြူအောင်လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်ကရိကထလဲမများ ဈေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့

အများသူငါလက်လှမ်းမှီသုံးလို့ရတာကိုဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်လိမ္မော်ခွံနဲ့အသားဖြူနည်းလိမ္မော်သီးအခွံကို နေပူထဲလှမ်းပေးပါ။ လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာ ကြိတ်ပီးပေါင်ဒါလို အမှုန့်ဖြစ်သွားအောင်လုပ်ပါပြီးမှနို့အစိမ်းနဲ့

ရောပြီး ပျစ်ခဲအောင်ဖျော်ပါအဲဒီအရည်ကိုအရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါလိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက်ကို ကြိတ်ပီးအရည်ညှစ်ချပါအဲဒီအရည်ထဲကိုသံပုရာရည် ၁စက်/၂စက်ထည့်ပြီး မျက်နှာကိုလိမ်းပေးပါမိနစ်၂၀လောက်အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါတနေ့ကို ၂ကြိမ် လုပ်ပေးပါ

၁၅ရက်ကနေရက်၂၀အတွင်းသိသာထင်ရှားလာပါလိမ့်မယ်အမဲကွက်နဲ့အစက်အပြောက်တွေပျောက်ဆေးအာလူးအစိမ်းတလုံးကိုယူပြီးပါးပါးလှီးပါလှီးထားတဲ့အစိတ်လေးတွေကို မျက်နှာပေါ်ကပ်ပေးပါမျက်နှာပေါ်ကမှဲ့ခြောက်တွေတခြား

အမဲကွက်တွေကိုပျောက်စေပါတယ်နေပူလောင်အသားအရေအတွက်နေပူလောင်ခံထားရတဲ့အတွက် နနွင်းမှုန့်နဲ့သံပုရာရည်ရောပြီးလိမ်းပေးပါ။ နေပူလောင်ခံရတဲ့အသားအရေအတွက် အရမ်းကောင်းပါတယ်အိမ်တွင်းဖြစ်အသားဖြူLotion
သခွားသီးအရည် (စားပွဲတင်ဇွန်း )၁ဇွန်းထဲကိုသံပုရာရည်၁စက်၂စက် ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီအရည်ကို မျက်နှာနဲ့ လည်ပင်းကိုလိမ်းပေးပါနာရီဝက်လေက်အခြောက်ခံပြီးသွားရင် မပူမအေးရေနွေးလေးနဲ့ ဆေးကြော

သန့်စင်ပေးပါအိမ်တွင်းဖြစ် Facial Maskပျားရည်၁ဇွန်း (စားပွဲတင်ဇွန်း) သဘော်သီးအရည်၁ဇွန်း (စားပွဲတင်ဇွန်း) တို့ရောပြီး လိမ်းပေးပါ ၁၅ မိနစ်ခန့်စောင့်ပြီးမှ ရေနဲ့ပြန်ဆေးကြောပေးပါပျိုမေ မောင်မယ်များအားလုံး ဖြူဝင်းလှပသော အသားအရေများ ပိုင်ဆိုင်နိုင်ကြပါစေ